Sunday, July 29, 2012

မြန်မာမလေးများ မြန်မာအမျိုးသမီးလေးများလို လှပစေချင်ပါသည်...

    မြန်မာအမျိုးသမီးလေးများ အထူးသဖြင့် နိုင်ငံခြားမှာ အကြောင်းအမျိုးမျိုးနဲ့ အလုပ် လုပ်ကိုင်နေကြရသော မြန်မာ အမျိုးသမီးလေးများ အထူးသတိထားနေထိုင်ကြစေလိုပါသည်။

        ယခု တစ်လောအတွင်း ရခိုင်ဒေသတွင် ဖြစ်ပျက်ခဲ့သော အကြောင်းအရာများကို အားလုံးကြားသိကြမည် ထင်ပါသည်။ လွန်ခဲ့သည် ၂၀.၇.၂၀၁၂တွင် မလေးရှားမှာ မြန်မာမိန်းခလေး တစ်ဦးအား မုဒိန်းကျင့်ခံခဲ့ရသည်ဟု အင်တာနက် စာမျက်နှာတွင် တွေ့ရှိနေရပါသည်။ သို့အတူ မြန်မာနိုင်ငံအတွင်းတွင်လည်း အလိုမတူပဲ အတင်းသွတ်သွင်းခံရသည်များကို မိမိတို့၏ ပတ်ဝန်းကျင်တွင်တွေ့မြင်နေကြရပါသည်။

            သို့ကြောင့် မြန်မာမိန်းကလေး အမျိုးကောင်းသမီးလေးများအား အထူးပင် ပန်ကြားလိုပါသည်။ မိမိတို့ အမျိုး၊ ဘာသာ၊ သာသနာကို ကာကွယ်စောင့်ရှောက်သည့်အနေဖြင့် မိမိတို့ကိုယ် မိမိအား မိမိနှင့် အမျိုး၊ ဘာသာတူများကိုသာ လက်ဆက်ကြစေလိုပါသည်။ ကမ္ဘာမှာ မြန်မာဆိုတာ မြေပုံ၊ သမိုင်း၊ ရှေးဟောင်းအမွေအနှစ်များစွာ၊ သာရကများစွာနှင့် ယနေ့တိုင်ရှိနေခဲ့ပါသည်။ ထို့ပါသောကြောင့် မိမိတို့

၏ ဘာသာ သာသနာများအား မိမိတို့လက်ထက်ရောက်ခါမှ မထိန်းးသိမ်း၊ မစောင့်ရှောက်ကြလျင်ဖြင့် နောင်နစ်ပေါင်း ၅၀ကျော်ရင်တော့ဖြင့် မြန်မာပြည်၊ မြန်မာ့ ယဉ်ကျေးမှူ၊ ဘာသာ သာသနာဟူသည် ကမ္ဘာ့မြေတွင် ပျောက်ကွယ်သွားရပေတော့မည်မှာ မလွဲဧကန်ပင်တည်း။ မိုးမျှော်တိုက်ကြီးများ၊ဧရာမ အဆောက်အဦးများဆောက်လုပ်ရာတွင် အုတ်တစ်ချပ်၊ သဲတစ်ပွင့်မှသည် စတင်ဆောက်လုပ်ကြရပါသည်။ သို့ကြောင့် "ငါတစ်ယောက်ကြောင့်တော့ ဘာမှမဖြစ်နိုင်ပါဘူး" ဟူသည် စိတ်မျိုးကို လုံးဝမထားကြစေလိုပါသည်။ ဆရာတော်များ မကြာ မကြာဆိုဆုံးမသည်များကိုလည်း နာခံကြစေလိုပါသည်။

          အထူးသဖြင့် မြန်မာ အမျိုးသမီးကောင်းလေးများစွာအား မိခင်နို့ရည်စစ်ကြစေလိုပါသည်။ အဘယ်ကြောင့်ဆိုတော် အနာဂတ် လူမျိုး၊ ဘာသာ၊ သာသနာဟူသည် မြန်မာအမျိုးသမီးလေးများမှပေါက်ဖွားလာသော မြန်မာရင်သွေးငယ်များမှသာ အနာဂတ် လူမျိုး၊ ဘာသာ၊ သာသနာကို လက်ဆင့်ကမ်းအမွေများ ထိန်းသိမ်းနိုင်ကြမည်ပင်။ အုတ်ရောရော၊ ကျောက်ရောရော ဘ၀သို့ရောက်ရှိသွားရင်ဖြင့် မြန်မာဆိုတာ ကမ္ဘာမှာ အစရှာမရနိုင်တော့မည် မဟုတ်ပေ။ အင်တာနက် ခေတ်စားလာခြင်းနဲ့အတူ အနောက်တိုင်း ယဉ်ကျေးမှူများကို အတုယူမမှားသင့်ပေ။ သို့သော် မြန်မာအမျိုးသမီးကောင်းလေးများ ယနေ့ လမ်းမှားကိုလိုက်နေကြသည်ကို ပြုပြင်ကြစေလိုပါသည်။ မြန်မာလူမျိုး မိဘတိုင်းတွင်လည်း တာဝန်ကိုသိစွာ မိမိ၏ ရင်ဝယ်သားသမီးများကို စောင့်ရှောက် ဆိုဆုံးမသင့်ပေသည်။ မြန်မာ စစ်အစိုးရ၏ တာဝန်ပေါ့လျော့မှူများစွာနှင့်အတူ မြန်မာပြည် အင်တာနက်တို့၏ ခေတ်ရေစီးကြောင်းကို တလွဲဆံပင်ကောင်းဖြစ်နေကြရပါပြီ။

                  မြန်မာအမျိုးသမီးကောင်းလေးများ.. အချိန်မှီပါသေးသည်။ ပြင်ဆင်၊ ဆင်ခြင်၊ ထိန်းသိမ်းလို့ ရနိုင်ပါသေးသည်။ မိမိတို့ လူမျိုး၊ ဘာသာ၊ သာသနာကို ကာကွယ်စောင့်ရှောက်ရမည့် သူများမှာ မြန်မာအမျိုးသမီးလေးသာလျင်တာဝန်ရှိလှပေသည်။ အမျိုးသမီးများချည်းသာမဟုတ်၊ မြန်မာအမျိုးသားများတွင်လည်း တာဝန်ရှိကြပေသည်။

              အချုပ်အားဖြင့်ဆိုရသော် မိမိတို့ မြန်မာပြည်၊ ဘာသာ၊ သာသနာ၊ လူမျိုးကို မိမိတို့ထိန်းသိမ်းရပေမည်။ မိမိတို့လူမျိုး၏ တန်ဖိုးကို မိမိတို့ မြင့်တင်ကြရမည်။ မိဘ၊ ဘိုးဘွား၊ ဘီဘင်လက်ထက်မှသည် အနာဂတ် ဘာသာ၊ သာသနာ၊ လူမျိုးဆိုတာ ကျန်ရစ်လေအောင် ယခု မိမိတို့ မြန်မာလူမျိုး၊ အမျိုးကောင်းသား၊ အမျိုးကောင်းသမီးတို့အားလုံး၏ တာဝန်ပင်တည်း။

            မှတ်ချက်။          ။    “ငါတစ်ယောက်၊ ငါ့မိသားစု တစ်ခုလောက်နဲ့တော့ ဘာမှ မဖြစ်ပါဘူး“ ဟူသည့် စိတ်မျိုးမထားကြစေလိုပါသည်။  မိမိတို့အမျိုးကို လေးစားတန်ဖိုးထားတတ်စေရန်အလို့ငှာ ငှင်းစာစဉ်အား ရေးသားလိုက်ရခြင်းဖြစ်ပါသည်။ အခြားဘာသာဝင် အားလုံးကိုဖြင့် လေးစားလျက်ပင်။ သို့ပေမယ့် မိမိတို့ လူမျိုး၊ ဘာသာ၊ သာသနာအရှည်တည်တံ့ရန် တတ်နိုင်သည့် အုတ်တစ်ချပ် သဲတစ်ပွင့်၊ တစ်တောင့်တစ်နေရာမှနေပြီး မြန်မာလူမျိုးများ သိရှိ နားလည်၊ သဘောက်ပေါက်စေရန်        ရေးသားအကြံပြုလိုက်ရပါသည်။

                                                                    ကိုမျိုး ( မိုးညှင်း )

No comments:

Post a Comment