Sunday, June 29, 2014

မိမိကိုယ်သာ ယှဉ်ပြိုင်ပါ

မိမိကိုယ်သာ ယှဉ်ပြိုင်ပါ
*****************

သူက အသားမည်းလို့..
ယှဉ်ပြိုင်ကာ ရှူံ့ချစရာ မလိုပါဘူး..။

သူက ဘာသာ မတူလို့လည်း
ရန်သူလို့ သဘောထားစရာ မလိုအပ်လှပါဘူး..။

သူက ဆင်းရဲလှတယ် ဆိုပြီး...
အနိုင်ယူ၊ ညဉ်းစဲစရာ အလုပ်သင့်ပါဘူး..။

သူက ရုပ်ရည်ဆိုးလှတယ်ဆိုပြီးတော့..
လက်ညိုးထိုး၊ ကဲ့ရဲ့စရာမလိုပါဘူး..။

အချိန်တိုင်းအတွက် မိမိကိုယ်ကိုယ်သာ..
ယှဉ်ပြိုင်လိုက်စမ်းပါ..။

နေ့တစ်နေ့ပြီးဆုံးသွားတိုင်း...
ပညာ၊ ဥစ္စာ၊ ဘာဝနာ
ဘာတွေစုမိ၊ ဆောင်းမိလာပြီလည်း ဆိုတာ
သတိပြုပါ..။

ဘာကြောင့်လည်း ဆိုတော့...
အချိန် တစ်စက္ကန့် ကုန်သွားလိုက်တိုင်း..
သင့်အသက်တွေ ကြီး..ကြီးလာနေပြီလေ....

သင်လည်း တစ်နေ့မှာ..
မုချမသွေ အိုရ၊ နာရ၊ သေကြရမည်သာတည်း...။ ။

ကိုမျိုး ( မိုးညှင်း )

No comments:

Post a Comment