Monday, January 19, 2015



ကချေသည် ဘဝ
************

ငါ့အတွေးထဲမှာ၊
ငါ့..ဘ၀ဆိုတာ..

ငါ့အတွေးထဲမှာ၊
ငါ့..ရည်ရွယ်ချက်ဆိုတာ..

ငါ့အတွေးထဲမှာ၊
ငါ..မြတ်နိုးရတဲ့သူဆိုတာ..

ငါ့အတွေးထဲမှာ၊
ငါ..ရင်ဆိုင်ကျော်ဖြတ်ဖို့ဆိုတာ..

သြော်..ဒီလိုနဲ့..
ငါ့ရဲ့ လက်တွေ့ ဘ၀အတွက်..
လက်တွေ့ ကြိုးစားနေရင်း...
ရှာဖွေရင်း..
ရုန်းကန်းရင်း..
ရင်ဆိုင်ကျော်ဖြတ်နေရင်း....
ငါ့..ဘ၀ရည်ရွယ်ချက် လမ်းကို လျှောက်ရင်းနဲ့..

ငါဆိုတာ..မိုး
ငါ့ဘ၀ရဲ့..
ကချေသည် တစ်ယောက်ပါလား..။

ကိုမျိုး.  မိုးညှင်း



လက်တွေ့ရဲ့ ဘဝ
^^^^^^^^^^^^^^

ဘ၀မှာ ..
တစ်ခါတစ်လေ..
သင့်ရဲ့ ရည်ရွယ်ချက်တစ်ချို့ ကို..
အားလုံးမဟုတ်ပေမယ့်..
ပြောင်းလဲသင့်က၊ ပြောင်းလဲရပါမယ်..။
ပြုပြင်သင့်က ပြုပြင်ရပါမယ်..။

တစ်ခါတစ်ရံမှာတော့..
သင့်ဘ၀အတွက် ရည်ရွယ်ထားတဲ့အရာ၊
မလိုအပ်တော့တဲ့ အရာတွေတစ်ချို့ အား..
ဖယ်ရှားသင့်က ဖယ်ရှားရပါလိမ့်မယ်...။
စွန့်ပြစ်သင့်က စွန့်ပြစ်ရပါမယ်..။

ဘာ့ကြောင့်ဆိုတော့..
သင့်ဘ၀တစ်လျှောက်လုံးအတွက်..
လိုက်လျော ညီထွေမှု ရှိပြီး၊
အသုံးချသွားနိုင်အောင်လို့ပါ။

ကိုမျိုး..







"အချိန်" ဟူသော သမားတော်ကြီးကို ယုံယုံကြည်ကြည် အားကိုးပါ။ သည်းခံစိတ်မွေးပါ။
မျှော်လင့်ချက်ထားပါ။ မျှော်လင့်တဲ့အတိုင်း ဖြစ်လာအောင် "လက်တွေ့" အလုပ်လည်းလုပ်ပါ။
ထိုသို့ လုပ်ပါလျက် ချက်ချင်း ဖြစ်မလာ၍ စိတ်မပျက်ပါနှင့်။ ရံဖန်ရံခါ တစ်ချို့ ကိစ္စများသည်
အခု ရေတွင်းတူး၊ အခု ရေကြည်သာက်၍ မရပါ။ အချိန်အခါကို စောင့်ရပါသည်။
အချို့ ကိစ္စများသည် အချိန်မတန်လျှင် ဖြစ်မလာတတ်ဘူး ဆိုသည်ကို လက်ခံထားပါ။
အချို့သော ၀မ်းနည်း ပူဆွေး မှုများကို "အချိန်" ဆိုသည့် သမားတော်ကြီးကသာ
ကုစားပေးနိုင်ပါသည်။ ဆန္ဒ မစောမိပါစေနှင့်..။

မေတ္တာဖြင့်...

ကိုမျိုး



ကိုယ့်အမြင်နှင့် သူ့အဖြစ်

အပြစ်မတင်နဲ့၊ ချီးကျူးပါ။ လူတိုင်း တစ်ခုခု ဖြစ်လိုက်တာနဲ့ အပြစ်တင်ဖို့ပဲ
ရှေ့တန်းတင်တတ်ကြတယ်။ အပြစ်တင်ချင်စိတ်ကို ရှေ့တန်းတင်လွန်းတော့
အမှန်တရား ပျောက်တတ်တယ်။ မကောင်းဘူးလို့ အပြစ်တင်ချင်တာ ရှိရင်
ကောင်းခဲ့တုန်းက တစ်ခုခုကို ပြန်ပြီး စဉ်းစားကြည့်စမ်းပါ။
အပြစ်မတင်ပါနဲ့လို့ ပြောရတာ ခွင့်လွတ်လိုက်ပါလို့တော့ ပြောတာမဟုတ်
ဘူး။ အချို့သော ခွင့်မလွတ်နိုင်စရာ ကောင်းတဲ့အကြောင်းတွေ ရှိကောင်း
ရှိပါလိမ့်မယ်။ ဒါကို ချီးကျူးလိုက်ဖို့လည်း ပြောတာတော့မဟုတ်ဘူး။ သူ့မှာလည်း
သူ့အကြောင်းပြချက်နဲ့သူ ရှိကောင်းရှိမယ်။ နားထောင်ပေးလိုက်ဖို့ ပြောတာ။
နားထောင်ပေးတာနဲ့ ပတ်သက်ပြီး ပြောချင်တာ တစ်ခုက တစ်ဖက်သတ်အမြင်၊
တစ်ဖက်သတ်အပြော ဆိုတာထက် တစ်ဖက်ရဲ့ အမြင်၊ တစ်ဖက်ရဲ့အပြောဆိုတာလည်း
ရှိနိုင်တယ်ဆိုတာ သဘောပေါက်စေချင်တယ်။

ကိုမျိုး...

( လူငယ်နှင့် အတွေးအမြင် မှ)
 










Sunday, June 29, 2014

ကောင်းတာလုပ်၊ ကောင်းတာဖြစ်




ကောင်းတာလုပ်၊ ကောင်းတာဖြစ်
***********************
သုစိပုဘာ၊ စကားလေးလုံး၊ စွဲသုံးလေ့လာ၊ မလွတ်ရာဘူး။
သမ္မာဝါဒ၊ မြဲမခွနှင့်၊ ကိုမှတစ်ပါး၊ များလှတုံစွာ၊ သတ္တ၀ါအား..
ကြင်နာဝမ်းထဲ၊ ညှင်းဆဲမပြု၊ စက္ခုနားနာ၊ ခြောက်ဖြာ က္ကနြေ္ဒ၊ စောင့်ထွေဆုံးမ.. 

္ဒ္ဒ္ဒဓမ္မေနဖြင့်၊ ရှာထဥစ္စာ၊ ကိုယ်မှာ နိစ္စ၊ သီလရှိမျို့၊ထိုလူတို့ကား၊
ကောင်းဖို့ကောင်းရာ၊ ကောင်းဇာတာနှင့်၊ ကောဇာ ကောဝိန်၊ ဆတ္တိန်ကြင်း၊
န၀င်းနက္ခတ်၊ ပါဒ်ဗီဇနာ၊ ခရာဟူသမျှ၊ ကိန်းအကျတို့၊ ကောင်းကြသည်ချည်း၊
ဖြစ်သတည်းဟု၊ ရှင်နည်းလောကီ၊ မြတ်ဝါဒီတို့၊ ၀သီဥာဏ်စွမ်း၊ ကမ္ဘာတမ်းဖြင့်၊
ကျမ်းဇေိာသတ်၊ မိန့်သတတ်ရှင့်၊ ယုတ်မြတ်များစွာ၊ သတ္တ၀ါအား၊
ကံသာမယွင်း၊ ကောင်းဆိုးခြင်းသည်၊ ကြောင်းရင်းကမ္မသကာတည်း...။

မန်လည်ဆရာတော်ဘုရားကြီး၏ မဃဒေ၀လင်္ကာမှ..

ရိုးသားမှု

ရိုးသားမှု
******
ရိုးသားဖြောင့်မတ် မှန်ကန်မှူတိုင်းအတွက်
ရလာဒ်ကောင်းတွေ...
အချိန်တိုင်းရှိမှာ မဟုတ်ပေမယ့်
သင့်အတွက်တော့...
အမြဲတမ်း စိတ်လုံခြုံမှူ ရှိနေပါလိမ့်မယ်...။

အရှင် တက္ခဥာဏာလင်္ကာရ

အို... မိခင်


 
အို... မိခင်
*******
သင် ဘယ်ပဲရောက်ရောက်..
ဘာပဲ လုပ်လုပ်..

သင့်အတွက် အချိန်တိုင်း၊ ပူပန်တွေးတောရင်း
သင့်အတွက် ကျန်းမာ၊ ချမ်းသာ..
ဘေးရန်ကင်းကွာစေကြောင်းအတွက်..
အချိန်တိုင်း သင့်နဲ့အတူ မေတ္တာစိတ်လေးနဲ့
လွှမ်းမိုးနေမယ်သူဟာ....
သင့်ရဲ့ မိခင်ကလွဲလို့ ဘယ်သူများရှိနေပါဦးမလဲလေ..

ကိုမျိုး (မိုးညှင်း)