"အချိန်" ဟူသော သမားတော်ကြီးကို ယုံယုံကြည်ကြည် အားကိုးပါ။ သည်းခံစိတ်မွေးပါ။
မျှော်လင့်ချက်ထားပါ။ မျှော်လင့်တဲ့အတိုင်း ဖြစ်လာအောင် "လက်တွေ့" အလုပ်လည်းလုပ်ပါ။
ထိုသို့ လုပ်ပါလျက် ချက်ချင်း ဖြစ်မလာ၍ စိတ်မပျက်ပါနှင့်။ ရံဖန်ရံခါ တစ်ချို့ ကိစ္စများသည်
အခု ရေတွင်းတူး၊ အခု ရေကြည်သာက်၍ မရပါ။ အချိန်အခါကို စောင့်ရပါသည်။
အချို့ ကိစ္စများသည် အချိန်မတန်လျှင် ဖြစ်မလာတတ်ဘူး ဆိုသည်ကို လက်ခံထားပါ။
အချို့သော ၀မ်းနည်း ပူဆွေး မှုများကို "အချိန်" ဆိုသည့် သမားတော်ကြီးကသာ
ကုစားပေးနိုင်ပါသည်။ ဆန္ဒ မစောမိပါစေနှင့်..။
မေတ္တာဖြင့်...
ကိုမျိုး

No comments:
Post a Comment