ကိုယ့်အမြင်နှင့် သူ့အဖြစ်
အပြစ်မတင်နဲ့၊ ချီးကျူးပါ။ လူတိုင်း တစ်ခုခု ဖြစ်လိုက်တာနဲ့ အပြစ်တင်ဖို့ပဲ
ရှေ့တန်းတင်တတ်ကြတယ်။ အပြစ်တင်ချင်စိတ်ကို ရှေ့တန်းတင်လွန်းတော့
အမှန်တရား ပျောက်တတ်တယ်။ မကောင်းဘူးလို့ အပြစ်တင်ချင်တာ ရှိရင်
ကောင်းခဲ့တုန်းက တစ်ခုခုကို ပြန်ပြီး စဉ်းစားကြည့်စမ်းပါ။
အပြစ်မတင်ပါနဲ့လို့ ပြောရတာ ခွင့်လွတ်လိုက်ပါလို့တော့ ပြောတာမဟုတ်
ဘူး။ အချို့သော ခွင့်မလွတ်နိုင်စရာ ကောင်းတဲ့အကြောင်းတွေ ရှိကောင်း
ရှိပါလိမ့်မယ်။ ဒါကို ချီးကျူးလိုက်ဖို့လည်း ပြောတာတော့မဟုတ်ဘူး။ သူ့မှာလည်း
သူ့အကြောင်းပြချက်နဲ့သူ ရှိကောင်းရှိမယ်။ နားထောင်ပေးလိုက်ဖို့ ပြောတာ။
နားထောင်ပေးတာနဲ့ ပတ်သက်ပြီး ပြောချင်တာ တစ်ခုက တစ်ဖက်သတ်အမြင်၊
တစ်ဖက်သတ်အပြော ဆိုတာထက် တစ်ဖက်ရဲ့ အမြင်၊ တစ်ဖက်ရဲ့အပြောဆိုတာလည်း
ရှိနိုင်တယ်ဆိုတာ သဘောပေါက်စေချင်တယ်။
ကိုမျိုး...
( လူငယ်နှင့် အတွေးအမြင် မှ)
No comments:
Post a Comment