Monday, November 12, 2012
Saturday, November 10, 2012
ဧည့်သည်...
လာတုန်းကလည်း တစ်ယောက်တည်းနော်
လက်တွဲခေါ်ကာ ဖော်မပါဘူး
ဥစ္စာချည်းနှီး တစ်ကိုယ်တည်း။
ပြန်သွားတော့လည်း တစ်ယောက်တည်းနော်
လက်တွဲခေါ်ကာ ဖော်မပါဘူး
လက်တွဲခေါ်ကာ ဖော်မပါဘူး
ဥစ္စာချည်းနှီး တစ်ကိုယ်တည်း။
ပြန်သွားတော့လည်း တစ်ယောက်တည်းနော်
လက်တွဲခေါ်ကာ ဖော်မပါဘူး
ဥစ္စာချည်းနှီး တစ်ကိုယ်တည်း။
လာပြီးတော့နား မသွားသေးခင်
ချိန်လေးတွင်မှ ဝန်းကျင်ယှက်နွယ်
နှောင်ကြိုးသွယ်ခဲ့။
ပြုံးရယ်မဲ့ငို ချစ်မုန်းပိုကြ
မလိုဒေါသ လိုလောဘနှင့်
ဘဝရိပ်မြုံ ကကြိုးစုံခဲ့
ကံကုန်မိုးချုပ် လက်တွဲဖြုတ်ခါ
သုတ်သုတ်ဆောလျင် ခရီးနှင်သည်
ဒို့လျင် ဧည့်သည်ပါတကား။ ။
ငါသည်ပင်မူ
ခေါ်သူမရှိ ရောက်လာမိစဉ်
နှင်သူမရှိ ပြန်ဖို့ရှိ၏။
ငါနေသည့်အိမ် ငါ၏အိမ်ဟု
ငါ့အိမ်မှာထား ငါ့မယားနှင့်
ငါ့လင်သားနှင့် ငါးသားသမီး
ငါ့ပစ္စည်းဟု ယူသည့်စိတ်စွဲ အမှတ်လွဲခဲ့။
အမှန်မှာမူ
ငါလာသောခါ လက်ဗလာတည်း
ပြန်ရပါလျင် လက်ချည်းပင်တည်း
ငါ့တွင် ကိုယ်ပိုင်မရှိပါတကား။
လာသူလာလည်း လာစမ်းပါစေ မဆီးလေနှင့်
သွားသူသွားလည်း သွားစမ်းပါစေ မတားလေနှင့်
တို့တတွေမှာ သဘာဝလျှင် အမိရင်ဝယ်
ထွက်ဝင်ခိုနား ခရီးသွားသည့်
ဧည့်သည်တွေပါတကား…။ ။
(မင်းကွန်းတိပိဋက ဆရာတော်ဘုရားကြီး)
လာပြီးတော့နား မသွားသေးခင်
ချိန်လေးတွင်မှ ဝန်းကျင်ယှက်နွယ်
နှောင်ကြိုးသွယ်ခဲ့။
ပြုံးရယ်မဲ့ငို ချစ်မုန်းပိုကြ
မလိုဒေါသ လိုလောဘနှင့်
ဘဝရိပ်မြုံ ကကြိုးစုံခဲ့
ကံကုန်မိုးချုပ် လက်တွဲဖြုတ်ခါ
သုတ်သုတ်ဆောလျင် ခရီးနှင်သည်
ဒို့လျင် ဧည့်သည်ပါတကား။ ။
ငါသည်ပင်မူ
ခေါ်သူမရှိ ရောက်လာမိစဉ်
နှင်သူမရှိ ပြန်ဖို့ရှိ၏။
ငါနေသည့်အိမ် ငါ၏အိမ်ဟု
ငါ့အိမ်မှာထား ငါ့မယားနှင့်
ငါ့လင်သားနှင့် ငါးသားသမီး
ငါ့ပစ္စည်းဟု ယူသည့်စိတ်စွဲ အမှတ်လွဲခဲ့။
အမှန်မှာမူ
ငါလာသောခါ လက်ဗလာတည်း
ပြန်ရပါလျင် လက်ချည်းပင်တည်း
ငါ့တွင် ကိုယ်ပိုင်မရှိပါတကား။
လာသူလာလည်း လာစမ်းပါစေ မဆီးလေနှင့်
သွားသူသွားလည်း သွားစမ်းပါစေ မတားလေနှင့်
တို့တတွေမှာ သဘာဝလျှင် အမိရင်ဝယ်
ထွက်ဝင်ခိုနား ခရီးသွားသည့်
ဧည့်သည်တွေပါတကား…။ ။
(မင်းကွန်းတိပိဋက ဆရာတော်ဘုရားကြီး)
Saturday, November 3, 2012
လွတ်လပ်မှူ၏နောက်ကွယ်...
လူတိုင်းလူတိုင်း
လွတ်လပ်မှုကို သဘောကျကြမှာ ဖြစ်ပါတယ်။ အနှောင်အဖွဲ့မရှိ လွတ်လွတ်လပ်လပ်
နေရတဲ့ ဘဝဟာ ပြောမယ်ဆိုရင်တော့ ကျေနပ်စရာပါပဲ။ ကိုယ်သွားချင်သလိုသွား၊
ကိုယ်လုပ်ချင်သလိုလုပ်၊ ကိုယ်နေချင်သလိုနေ၊ ကိုယ်ပြောချင်သလိုပြော၊
ကိုယ်စားချင်သလိုစား၊ ကိုယ်သောက်ချင်သလိုသောက် စသဖြင့်
ကိုယ့်စိတ်နဲ့ကိုယ့်ကို ဘယ်သူ့အလိုမှ မပါဘဲ ကျင်လည်နေရတဲ့ဘဝ ဘယ်လောက်များ ကောင်းလိုက်မလဲပေါ့။ ဒါက
အနှောင်အဖွဲ့
ဘောင်တွေနဲ့ နေနေရတဲ့သူတွေ အနေနဲ့ တောင့်တတတ်တဲ့ လွတ်လပ်မှုရဲ့
တမ်းချင်းဆိုလည်း မမှားပါဘူး။ လူရဲ့စိတ်ကလည်း မလုပ်နဲ့ဆိုတဲ့ အရာကိုမှ
လုပ်ချင်နေတတ်ကြတာ ဆိုတော့ အနှောင်အဖွဲ့တွေ၊ စည်းမျဉ်းစည်းကမ်းတွေ၊
ဘောင်ကနားတွေနဲ့ ထိန်းချုပ်ထားတဲ့အခါ ဒီအနှောင်အဖွဲ့ အကန့်တွေကနေပြီး
ရုန်းထွက်ကာ လွတ်လွတ်လပ်လပ် နေပစ်ချင်ကြတာ အမှန်ပါပဲ။ ဆိုတော့ကား
လွတ်လပ်မှုကိုတောင့်တပြီး လွတ်လပ်မှုကို ရလာတဲ့အခါ အဲဒီလွတ်လပ်မှုရဲ့
နောက်ကွယ်မှာကျတော့ကော လွတ်လပ်မှုဟာ တကယ်လွတ်လပ်ရဲ့လားဆိုတော့…။
ဟုတ်ပါတယ်။ သူသူကိုယ်ကိုယ် လွတ်လပ်တာတော့ လွတ်လပ်ချင်ကြမှာ အမှန်ပါပဲ။ ဒါပေမယ့် တကယ်လွတ်လပ်တဲ့ အခါမှာတော့ အဲဒီလွတ်လပ်မှုရဲ့နောက်မှာ မလွတ်လပ်တာတွေက ရောက်လာ နေတတ်တယ်ဆိုတာ လွတ်တုန်းခဏမှာတော့ အားလုံးက သတိပြုမိကြမှာ မဟုတ်ပါဘူး။ လွတ်လပ်မှုကို လိုချင်လို့ လွတ်လွတ်လပ်လပ် နေပစ်လိုက်တာရဲ့ နောက်ကွယ်မှာ မလွတ်မလပ်တွေ ဖြစ်လာတဲ့ အခါမှာတော့ လွတ်လပ်မှုဟာ နေရာတကာတိုင်း မကောင်းပါလားဆိုတဲ့ နောင်တလေးတွေ ဖြစ်တတ်တယ်ဆိုတာ လွတ်နေသူတွေ အနေနဲ့ သတိထားမိကြမှာ မဟုတ်ပါဘူး။ လွတ်လပ်တာကောင်းပေမယ့် လွတ်တိုင်းမကောင်းဘူးဆိုတာ ကိုယ့်ကိုယ်ကို မထိန်းနိုင်သူတွေ အနေနဲ့ အထူးသတိပြုရမယ့် အချက်ပဲ ဖြစ်ပါတယ်။
သိတဲ့အတိုင်းပဲ။ လူ့ရဲ့စိတ်ဟာ တစ်ခါတစ်လေ ထိန်းချုပ်နေတဲ့ကြားထဲကကိုပဲ
ကိုယ့်အလိုအတိုင်း မဖြစ်ဘဲ သူဖြစ်ချင်သလို၊ သူတပ်မက်ချင်သလို
ဖြစ်နေတာဆိုတော့ ထိန်းချုပ်မှု မရှိဘဲ လွတ်လွတ်လပ်လပ်သာ
လွတ်ထားလိုက်လို့ကတော့ စိတ်ကဆွဲရာနောက် အကုန်ရောက်ကုန်တော့တာ ဖြစ်ပါတယ်။
စိတ်က ဆွဲပြီဆိုရင်လည်း ကောင်းတဲ့အာရုံ၊ ကောင်းတဲ့အလုပ်တွေမှာတော့
ဆွဲမှာမဟုတ်ပါဘူး။ မကောင်းတဲ့အာရုံ၊ မကောင်းတဲ့ အလုပ်တွေမှာပဲ ဆွဲသွားမှာ
အသေအချာပဲ ဖြစ်ပါတယ်။ စိတ်ကကိုယ့်ကို အဲဒီလို မကောင်းတဲ့အာရုံတွေမှာ
ဆွဲစေသွားရင်တော့ ကိုယ်ကိုယ်တိုင်လည်း အဲဒီမကောင်းတဲ့ အာရုံတွေမှာ
စွဲနေတော့တာ အမှန်ပဲ ဖြစ်ပါတယ်။ လွတ်လွတ်လပ်လပ် လွှတ်ထားတဲ့စိတ်ဟာ
မကောင်းတဲ့အာရုံတွေရှိရာကို
ဆွဲခေါ်သွားတတ်ပြီး အဲဒီလွတ်လပ်တဲ့စိတ်ရဲ့ ခေါ်ရာနောက်ကို ထိန်းချုပ်မှုမရှိဘဲ
လိုက်မိသွားရင်တော့ ကိုယ်လည်းပဲ အဲဒီမကောင်းတဲ့ အာရုံတွေမှာ စွဲနေတော့တာ
ဖြစ်ပါတယ်။ မကောင်းတာတွေမှာ စွဲနေမိရင်တော့ ကြာရင်လွတ်လပ်မှု မရှိတော့ဘဲ
နောက်တော့တဖြည်းဖြည်း လွတ်လွတ်လာတော့တာ ဖြစ်ပါတယ်။ လွတ်လာရင်
ကျွတ်လာတတ်ပြီး ကျွတ်လာရင်တော့ လွှင့်သွားကြတော့တာ ဖြစ်ပါတယ်။ ဒါဟာ
လွတ်လိုရာက မလွတ်ဘဲ လွှင့်သွားတဲ့ သဘောပဲ ဖြစ်ပါတယ်။
ဆိုတော့ကား လွတ်လပ်မှုဟာ ကောင်းပေမယ့် လွတ်လပ်မှုရဲ့ဒဏ်ကို မထိန်းချုပ်နိုင်သေးတဲ့ သူတွေအနေနဲ့ အထိန်းအကွပ်ဆိုတာတော့ ရှိဖို့လိုပါတယ်။ တစ်ခါတစ်လေ ကိုယ်ကိုယ်တိုင်နဲ့ ကိုယ့်ပတ်ဝန်းကျင်ရဲ့ ထိန်းချုပ်မှုတွေ ရှိနေတာတောင် မကောင်းတဲ့အာရုံတွေမှာ မရရအောင် လိုက်လုပ်တတ်တဲ့ သဘောရှိနေတာ ဆိုတော့ ကိုယ်ကလည်းစိတ်ကို လွှတ်ထားမယ်၊ ပတ်ဝန်းကျင်ရဲ့ ထိန်းချုပ်မှုကလည်း မရှိဘူးဆိုရင် ဘယ်လောက်များ လွတ်သွားကြမလဲဆိုတာ တွေးကြည့်ဖို့တောင် လွယ်မယ်မထင်လှပါဘူး။ ဒါကြောင့် တစ်ချို့ ကိုယ်ကိုယ်တိုင်ကလည်း မရင့်ကျက်သေး၊ မိဘဆရာသမား၊ မိတ်ကောင်းဆွေကောင်း စတဲ့ ပတ်ဝန်းကျင်ရဲ့ ထိန်းသိမ်းစောင့်ရှောက်မှုနဲ့ လည်း
ဝေးနေသေးတဲ့ လူငယ်တွေဆိုရင် လွတ်လပ်မှုကို လွတ်လပ်သလို နေပစ်လိုက်ကြတော့
လွတ်လွန်းအားကြီးပြီး လွှင့်ကုန်တဲ့အထိ ဖြစ်ကုန်ကြတော့တာ ဖြစ်ပါတယ်။
အထူးသဖြင့် လွတ်လွတ်လပ်လပ် နေလို့ရတဲ့ နိုင်ငံရပ်ခြား တိုင်းတပါးမှာ
ရောက်နေကြတဲ့ သူတွေဆိုရင် ပိုလိုတောင် ဆိုးနိုင်ပါသေးတယ်။
ဘုန်းဘုန်းတို့ ကိုယ်တိုင်လည်း နိုင်ငံခြား တိုင်းပြည်မှာ ရောက်နေတာဆိုတော့ နိုင်ငံခြားတိုင်းပြည်တွေရဲ့ 
လွတ်လပ်မှုကို ခံစားမိပါတယ်။ အထူးသဖြင့် ရုပ်ပိုင်းဆိုင်ရာ တိုးတက်လှပြီး
ဝတ္ထုကြေးငွေလည်း ရှာလို့ရနေတဲ့ နိုင်ငံတွေဆိုတော့ လွတ်လွတ်လပ်လပ်
နေချင်တယ်ဆိုရင် ကြိုက်သလို နေလို့ရတဲ့ အနေအထားတွေက အများကြီးပါပဲ။
ပိုဆိုးတာက မိဘဆရာသမား စတဲ့ အကြီးအကဲ အထိန်းအကွပ်တွေနဲ့ပါ ဝေးနေတာတွေက
လွတ်လပ်မှုကို ပိုဖြစ်စေတဲ့ သဘောမျိုးလို ဖြစ်နေတဲ့အချက်ပဲ ဖြစ်ပါတယ်။
အဲဒီလို အခြေအနေမျိုးမှာ ကိုယ့်ကိုယ်ကိုပဲ ထိန်းထိန်းသိမ်းသိမ်း နေကြရမှာ
ဖြစ်ပါတယ်။ မထိန်းလို့ကတော့ လွတ်ချင်သလို လွတ်နေကြမှာ အမှန်ပဲဖြစ်ပါတယ်။
ဘုန်းဘုန်းတို့နဲ့သိတဲ့ ဒကာလေး တစ်ချို့ဆိုရင် မြန်မာပြည်မှာတုန်းက အခြေအနေနဲ့ ပြည်ပကိုရောက်သွားပြီးမှ ပြောင်းလဲသွားတဲ့ အခြေအနေတွေ အများကြီးကို ကွာခြားသွားတော့တာ ဖြစ်ပါတယ်။ မြန်မာပြည်မှာတုန်းက မိဘညီအစ်ကို မောင်နှစ်မတွေရဲ့ ထိန်းချုပ်မှုက ရှိနေသေးတော့ တော်ရုံတန်ရုံ မကောင်းတာတွေ လုပ်ချင်တာတောင်မှ မလုပ်ဖြစ်ဘဲ နေခဲ့ရတဲ့ အခြေအနေက ပြည်ပကိုရောက်လာပြီး အထိန်းအကွပ်လည်းဝေး၊ ပေါင်းသင်းတဲ့ အပေါင်းအသင်းတွေကလည်း သောက်သောက်စားစား သမားလေးတွေ ဖြစ်နေလေတော့ အရင်တုန်းက မလုပ်ဖူးတဲ့ အလုပ်တွေအထိ လုပ်ဖြစ်နေတော့တာ ဖြစ်ပါတယ်။ ဒီကလေးတွေဟာ အခုဆိုရင် ကောင်းကောင်းလည်းသောက်တတ်၊ ကောင်းကောင်းလည်း လောင်းကစားလုပ်တတ်၊ ကောင်းကောင်းလည်း အမျိုးသမီး လိုက်စားတတ်နေပြီး ရှာသမျှလည်း မစုမိသလောက်ကို ဖြစ်နေကြတော့တာ ဖြစ်ပါတယ်။ ပိုဆိုးတာက ဒီအလုပ်တွေမှာ စွဲမိရာက အရင်တုန်းက လုပ်ဖြစ်နေတဲ့ ကုသိုလ်ကောင်းမှုလေးတွေတောင်
မလုပ်ဖြစ်ဘဲ နေချင်သလို နေပစ်လိုက်တော့တာ ဖြစ်ပါတယ်။ အသောက်အစား များလာရင်
မေ့လျော့မှုတွေလည်း များလာတတ်ပြီး နောက်ဆုံးရတနာသုံးပါးပါ မေ့လာတော့တာ
ဖြစ်ပါတယ်။
ဟုတ်ပါတယ်။ သူသူကိုယ်ကိုယ် လွတ်လပ်တာတော့ လွတ်လပ်ချင်ကြမှာ အမှန်ပါပဲ။ ဒါပေမယ့် တကယ်လွတ်လပ်တဲ့ အခါမှာတော့ အဲဒီလွတ်လပ်မှုရဲ့နောက်မှာ မလွတ်လပ်တာတွေက ရောက်လာ နေတတ်တယ်ဆိုတာ လွတ်တုန်းခဏမှာတော့ အားလုံးက သတိပြုမိကြမှာ မဟုတ်ပါဘူး။ လွတ်လပ်မှုကို လိုချင်လို့ လွတ်လွတ်လပ်လပ် နေပစ်လိုက်တာရဲ့ နောက်ကွယ်မှာ မလွတ်မလပ်တွေ ဖြစ်လာတဲ့ အခါမှာတော့ လွတ်လပ်မှုဟာ နေရာတကာတိုင်း မကောင်းပါလားဆိုတဲ့ နောင်တလေးတွေ ဖြစ်တတ်တယ်ဆိုတာ လွတ်နေသူတွေ အနေနဲ့ သတိထားမိကြမှာ မဟုတ်ပါဘူး။ လွတ်လပ်တာကောင်းပေမယ့် လွတ်တိုင်းမကောင်းဘူးဆိုတာ ကိုယ့်ကိုယ်ကို မထိန်းနိုင်သူတွေ အနေနဲ့ အထူးသတိပြုရမယ့် အချက်ပဲ ဖြစ်ပါတယ်။
သိတဲ့အတိုင်းပဲ။ လူ့ရဲ့စိတ်ဟာ တစ်ခါတစ်လေ ထိန်းချုပ်နေတဲ့ကြားထဲကကိုပ
ဆိုတော့ကား လွတ်လပ်မှုဟာ ကောင်းပေမယ့် လွတ်လပ်မှုရဲ့ဒဏ်ကို မထိန်းချုပ်နိုင်သေးတဲ့ သူတွေအနေနဲ့ အထိန်းအကွပ်ဆိုတာတော့ ရှိဖို့လိုပါတယ်။ တစ်ခါတစ်လေ ကိုယ်ကိုယ်တိုင်နဲ့ ကိုယ့်ပတ်ဝန်းကျင်ရဲ့ ထိန်းချုပ်မှုတွေ ရှိနေတာတောင် မကောင်းတဲ့အာရုံတွေမှာ မရရအောင် လိုက်လုပ်တတ်တဲ့ သဘောရှိနေတာ ဆိုတော့ ကိုယ်ကလည်းစိတ်ကို လွှတ်ထားမယ်၊ ပတ်ဝန်းကျင်ရဲ့ ထိန်းချုပ်မှုကလည်း မရှိဘူးဆိုရင် ဘယ်လောက်များ လွတ်သွားကြမလဲဆိုတာ တွေးကြည့်ဖို့တောင် လွယ်မယ်မထင်လှပါဘူး။ ဒါကြောင့် တစ်ချို့ ကိုယ်ကိုယ်တိုင်ကလည်း မရင့်ကျက်သေး၊ မိဘဆရာသမား၊ မိတ်ကောင်းဆွေကောင်း စတဲ့ ပတ်ဝန်းကျင်ရဲ့ ထိန်းသိမ်းစောင့်ရှောက်မှုနဲ
ဘုန်းဘုန်းတို့ ကိုယ်တိုင်လည်း နိုင်ငံခြား တိုင်းပြည်မှာ ရောက်နေတာဆိုတော့ နိုင်ငံခြားတိုင်းပြည်တွေရဲ
ဘုန်းဘုန်းတို့နဲ့သိတဲ့ ဒကာလေး တစ်ချို့ဆိုရင် မြန်မာပြည်မှာတုန်းက အခြေအနေနဲ့ ပြည်ပကိုရောက်သွားပြီးမှ ပြောင်းလဲသွားတဲ့ အခြေအနေတွေ အများကြီးကို ကွာခြားသွားတော့တာ ဖြစ်ပါတယ်။ မြန်မာပြည်မှာတုန်းက မိဘညီအစ်ကို မောင်နှစ်မတွေရဲ့ ထိန်းချုပ်မှုက ရှိနေသေးတော့ တော်ရုံတန်ရုံ မကောင်းတာတွေ လုပ်ချင်တာတောင်မှ မလုပ်ဖြစ်ဘဲ နေခဲ့ရတဲ့ အခြေအနေက ပြည်ပကိုရောက်လာပြီး အထိန်းအကွပ်လည်းဝေး၊ ပေါင်းသင်းတဲ့ အပေါင်းအသင်းတွေကလည်း သောက်သောက်စားစား သမားလေးတွေ ဖြစ်နေလေတော့ အရင်တုန်းက မလုပ်ဖူးတဲ့ အလုပ်တွေအထိ လုပ်ဖြစ်နေတော့တာ ဖြစ်ပါတယ်။ ဒီကလေးတွေဟာ အခုဆိုရင် ကောင်းကောင်းလည်းသောက်တတ်၊ ကောင်းကောင်းလည်း လောင်းကစားလုပ်တတ်၊ ကောင်းကောင်းလည်း အမျိုးသမီး လိုက်စားတတ်နေပြီး ရှာသမျှလည်း မစုမိသလောက်ကို ဖြစ်နေကြတော့တာ ဖြစ်ပါတယ်။ ပိုဆိုးတာက ဒီအလုပ်တွေမှာ စွဲမိရာက အရင်တုန်းက လုပ်ဖြစ်နေတဲ့ ကုသိုလ်ကောင်းမှုလေးတွေတောင်
ဒါဟာ လွတ်လပ်မှုကို လိုက်မိရာက အထိန်းအကွပ်မရှိ
လွတ်လပ်မိခြင်းရဲ့ နောက်ကွယ်က ဆိုးကျိုးတစ်စိပ်တစ်ဒေသပဲ ဖြစ်ပါတယ်။
တကယ်တော့ လွတ်လပ်မှုဟာ ကောင်းပေမယ့် ကိုယ့်အကျိုးကို ထိခိုက်တဲ့အထိတော့ မလွတ်လပ်သင့်ပါဘူး။ လွတ်လွတ်လပ်လပ်ရှိတယ်ဆိုပြီး
စိတ်ထင်သလို ဗရမ်းဗတာ လုပ်ပစ်လိုက်တဲ့အထိတော့ မလွတ်လပ်သင့်ပါဘူး။
လွတ်လွတ်လပ်လပ် ပြောတာကို ကြိုက်တဲ့အတွက် ကိုယ့်အတွက်လည်း မကောင်း၊
အများအတွက်လည်း ထိခိုက်မယ့် အပြောအဆိုမျိုးကို ပြောဆိုတဲ့အထိတော့
မလွတ်လပ်သင့်ပါဘူး။ ကိုယ့်စိတ်နဲ့ကိုယ့်ကို ကိုယ်တွေးချင်သလိုတွေးနိုင် ၊
ကိုယ်စဉ်းစားချင်သလို စဉ်းစားနိုင်ပေမယ့် အကုသိုလ်ဖြစ်စေမယ့် အတွေးမျိုး၊
ကိလေသာရာဂတရားကို တိုးပွားစေမယ့်အတွေးမျိုး၊ သူတပါးအကျိုး
ပျက်ဆီးရာပျက်ဆီးကြောင်း ဖြစ်စေမယ့်အတွေးမျိုးကို အချိန်ပြည့်
တွေးနေတဲ့အထိတော့ မလွတ်လပ်သင့်ပါဘူး။ အဲဒီလို လွတ်လပ်တိုင်း လွတ်လွတ်လပ်လပ်
နေထိုင်ပြောဆိုကြံစည် လိုက်မယ်ဆိုရင် အရင်ဆုံး ထိခိုက်မှာက ဘယ်သူလဲဆိုတော့
ကိုယ်ကိုယ်တိုင်ပဲ ဖြစ်နေမှာ ဖြစ်ပါတယ်။
သေချာတွေးကြည့်ရင် လွတ်လွတ်လပ်လပ် ရှိတာကောင်းတယ်၊ အနှောင်အဖွဲ့တွေမရှိတာ ကောင်းတယ်လို့ လက်ခံပြီး ရုပ်ပိုင်းဆိုင်ရာတွေနဲ့ တဒင်္ဂအခိုက်အတန့် လွတ်လပ်မှုကို ရှာဖွေတာဟာ တကယ်မလွတ်လပ်ဘဲ ပိုပြီးတောင် အနှောင်အဖွဲ့ကို ဖြစ်စေတတ်တဲ့ သဘောရှိပါတယ်။ အမှန်တကယ် လွတ်လပ်ချင်တယ် ဆိုရင်တော့ အဲဒီတဒင်္ဂ အနှောင်အဖွဲ့တွေက ရုန်းထွန်နိုင်အောင်၊ လွတ်မြောက်နိုင်အောင် ကြိုးစားခြင်းကသာ အကောင်းဆုံး လွတ်လပ်မှုပဲ ဖြစ်ပါတယ်။ လွတ်လွတ်လပ်လပ် ရှိအောင်ဆိုပြီး ရှာဖွေထားတဲ့ အပျော်အပါးများ၊ အာရုံတရားများ၊ ကိလေသာတရားများဟာ လွတ်လပ်မှု မဖြစ်ဘဲ ပိုလို့တောင် အနှောင်အဖွဲ့ကို ဖြစ်စေတတ်တဲ့အတွက် အဲဒီအနှောင်အတွေကနေ ရုန်းထွန်းနိုင်မှသာ တကယ်လွတ်လပ်မှုကို ဖြစ်စေမှာ ဖြစ်ပါတယ်။ အဓိကကတော့ တကယ်လွတ်လပ်ချင်တယ်ဆိုရင် လွတ်လပ်မှုကို ပိတ်ပင်ထားတဲ့ အနှောင်အဖွဲ့တွေကနေ လွတ်မြောက်အောင် ကြိုးစားကြဖို့ပဲ ဖြစ်ပါတယ်။
ဆိုလိုတာက သတ္တဝါအများ တောင့်တထားတဲ့ လွတ်လပ်မှုများဟာ တကယ်လွတ်လပ်မှု မဟုတ်ဘဲ ပိုလို့တောင် ကျဉ်းကြပ်စေတဲ့ လွတ်လပ်မှုရဲ့ နောက်ကွယ်က မလွတ်မလပ်မှုရဲ့ အနှောင်အဖွဲ့များသာ ဖြစ်တဲ့အတွက် တကယ်လွတ်လပ်စေတဲ့ ရွေးချယ်မှု မဟုတ်ကြောင်း၊ တကယ်လွတ်လပ်မှုဆိုတာ အနှောင်အဖွဲ့မှန်သမျှ၊ ကိလေသာမှန်သမျှ၊ အာရုံမှန်သမျှကနေ ရုန်းထွက်နိုင်ခြင်းသာဖြစ်တဲ့အတွက် အဲဒီအရာများကနေ ရုန်းထွက်ကြရမှာ ဖြစ်ကြောင်း၊ ဒီလိုရုန်းထွက်နိုင်ဖို့အတွ က်
အနှောင်အဖွဲ့ကို ပြတ်တောက်စေနိုင်တဲ့ သီလကို အခြေခံတဲ့ သတိပဋ္ဌာန်
အကျင့်မှန်ကိုသာ ကြိုးစားကျင့်ကြံ အားထုတ်ပြီး မလွတ်လပ်တဲ့အရာတွေကို
လွတ်လပ်အောင် ဖြတ်တောက်ရမှာ ဖြစ်ကြောင်း စသဖြင့် ဆိုလိုတာ ဖြစ်ပါတယ်။
ဒါကြောင့် လွတ်လပ်မှုကို လိုချင်တောင့်တပြီး လွတ်လွတ်လပ်လပ်ရှိအောင် စိတ်လွတ်ကိုယ်လွတ်နဲ့ အာရုံအမျိုးမျိုးနောက်ကို တကောက်ကောက်လိုက်ရင်း လွတ်လပ်မှုကို ရှာနေကြတဲ့ သူတွေအနေနဲ့ မိမိတို့ ရှာနေ၊ လိုက်နေကြတဲ့ လွတ်လပ်မှုများဟာ တကယ်လွတ်လပ်စေတဲ့ လွတ်လပ်မှု မဟုတ်ဘဲ အနှောင်အဖွဲ့ကို ပိုလို့တောင် ဖြစ်စေတဲ့ အရာများသာဖြစ်ကြောင်း သတိပြုဆင်ခြင်ပြီး တကယ်လွတ်လပ်မှုကို ဖြစ်စေနိုင်တာဟာ ကိလေသာအနှောင်အဖွဲ့ အားလုံးကို ဖြတ်တောက်စေနိုင်တဲ့ သတိပဋ္ဌာန် အကျင့်မှန်လမ်းစဉ်သာ ဖြစ်တဲ့အတွက် အမှန်လွတ်မြောက်စေဖို့ သတိပဋ္ဌာန်အကျင့်ကိုသာ ကျင့်လိုက်ကြဖို့ အလေးအနက် တိုက်တွန်းလိုက်ရပါတယ်။
အရှင်ဝိစိတ္တ (မနာပ ဒါယီ)
တကယ်တော့ လွတ်လပ်မှုဟာ ကောင်းပေမယ့် ကိုယ့်အကျိုးကို ထိခိုက်တဲ့အထိတော့ မလွတ်လပ်သင့်ပါဘူး။ လွတ်လွတ်လပ်လပ်ရှိတယ်ဆိုပြီ
သေချာတွေးကြည့်ရင် လွတ်လွတ်လပ်လပ် ရှိတာကောင်းတယ်၊ အနှောင်အဖွဲ့တွေမရှိတာ ကောင်းတယ်လို့ လက်ခံပြီး ရုပ်ပိုင်းဆိုင်ရာတွေနဲ့ တဒင်္ဂအခိုက်အတန့် လွတ်လပ်မှုကို ရှာဖွေတာဟာ တကယ်မလွတ်လပ်ဘဲ ပိုပြီးတောင် အနှောင်အဖွဲ့ကို ဖြစ်စေတတ်တဲ့ သဘောရှိပါတယ်။ အမှန်တကယ် လွတ်လပ်ချင်တယ် ဆိုရင်တော့ အဲဒီတဒင်္ဂ အနှောင်အဖွဲ့တွေက ရုန်းထွန်နိုင်အောင်၊ လွတ်မြောက်နိုင်အောင် ကြိုးစားခြင်းကသာ အကောင်းဆုံး လွတ်လပ်မှုပဲ ဖြစ်ပါတယ်။ လွတ်လွတ်လပ်လပ် ရှိအောင်ဆိုပြီး ရှာဖွေထားတဲ့ အပျော်အပါးများ၊ အာရုံတရားများ၊ ကိလေသာတရားများဟာ လွတ်လပ်မှု မဖြစ်ဘဲ ပိုလို့တောင် အနှောင်အဖွဲ့ကို ဖြစ်စေတတ်တဲ့အတွက် အဲဒီအနှောင်အတွေကနေ ရုန်းထွန်းနိုင်မှသာ တကယ်လွတ်လပ်မှုကို ဖြစ်စေမှာ ဖြစ်ပါတယ်။ အဓိကကတော့ တကယ်လွတ်လပ်ချင်တယ်ဆိုရင် လွတ်လပ်မှုကို ပိတ်ပင်ထားတဲ့ အနှောင်အဖွဲ့တွေကနေ လွတ်မြောက်အောင် ကြိုးစားကြဖို့ပဲ ဖြစ်ပါတယ်။
ဆိုလိုတာက သတ္တဝါအများ တောင့်တထားတဲ့ လွတ်လပ်မှုများဟာ တကယ်လွတ်လပ်မှု မဟုတ်ဘဲ ပိုလို့တောင် ကျဉ်းကြပ်စေတဲ့ လွတ်လပ်မှုရဲ့ နောက်ကွယ်က မလွတ်မလပ်မှုရဲ့ အနှောင်အဖွဲ့များသာ ဖြစ်တဲ့အတွက် တကယ်လွတ်လပ်စေတဲ့ ရွေးချယ်မှု မဟုတ်ကြောင်း၊ တကယ်လွတ်လပ်မှုဆိုတာ အနှောင်အဖွဲ့မှန်သမျှ၊ ကိလေသာမှန်သမျှ၊ အာရုံမှန်သမျှကနေ ရုန်းထွက်နိုင်ခြင်းသာဖြစ်တ
ဒါကြောင့် လွတ်လပ်မှုကို လိုချင်တောင့်တပြီး လွတ်လွတ်လပ်လပ်ရှိအောင် စိတ်လွတ်ကိုယ်လွတ်နဲ့ အာရုံအမျိုးမျိုးနောက်ကို တကောက်ကောက်လိုက်ရင်း လွတ်လပ်မှုကို ရှာနေကြတဲ့ သူတွေအနေနဲ့ မိမိတို့ ရှာနေ၊ လိုက်နေကြတဲ့ လွတ်လပ်မှုများဟာ တကယ်လွတ်လပ်စေတဲ့ လွတ်လပ်မှု မဟုတ်ဘဲ အနှောင်အဖွဲ့ကို ပိုလို့တောင် ဖြစ်စေတဲ့ အရာများသာဖြစ်ကြောင်း သတိပြုဆင်ခြင်ပြီး တကယ်လွတ်လပ်မှုကို ဖြစ်စေနိုင်တာဟာ ကိလေသာအနှောင်အဖွဲ့ အားလုံးကို ဖြတ်တောက်စေနိုင်တဲ့ သတိပဋ္ဌာန် အကျင့်မှန်လမ်းစဉ်သာ ဖြစ်တဲ့အတွက် အမှန်လွတ်မြောက်စေဖို့ သတိပဋ္ဌာန်အကျင့်ကိုသာ ကျင့်လိုက်ကြဖို့ အလေးအနက် တိုက်တွန်းလိုက်ရပါတယ်။
အရှင်ဝိစိတ္တ (မနာပ ဒါယီ)
မဟာဗောဓိမြိုင် ဆရာတော်ကြီး၏ သြ၀ါဒကထာ..
ကျင့်ပုံ
ကျင့်နည်း ဘုရားဟော တရားတွေကလည်း အဆင်သင့်၊ နည်းပေးလမ်းပြလုပ်မယ့်
သံဃာတော်တွေကလည်း အဆင့်သင့်၊ ဒီထက် ပြည့်စုံစရာ မရှိတော့ဘူး။
တို့ထဲက ဒကာ၊ ဒကာမတွေက ဘယ်တော့ ကျင့်ကြံမှာတုန်းဗျာ။
လူ့ဘ၀ရောက်တုန်း၊
သာသနာလည်း ပွင့်တုန်း၊
တရားပြပေးမယ့်သူ ရှိတုန်း၊
ကျန်းမာရေးလည်း ကောင်းတုန်း၊
ဒီတုန်းလေးတုန်းကို တိုင်ထောင်ပြီး အိမ်တစ်ဆောင်လောက် မဆောက်နိုင်ရင် ဘယ်လိုနေပြီး ဘယ်လိုသေကြမှာပါလိမ့်ဗျာ။
မဟာဗောဓိမြိုင် ဆရာတော်ကြီး

ခင်ပွန်းကြီး (၁၀) ပါး..
၁။သမ္မာ သဗ္ဗုဒ္ဓဘုရား
၂။ပစ္စေက ဗုဒ္ဓါ
၃။ရဟန္တာ
၎။အဂ္ဂသာဝက
၅။မိခင်
၆။ဖခင်
၇။အလေးဂရုပြုထိုက်သူ
၈။တရားဟောဆရာ
၉။အတတ်ပညာသင်ပေးသူ
၁၀။ ကျွေးဖူး ပေးဖူးသူ
၂။ပစ္စေက ဗုဒ္ဓါ
၃။ရဟန္တာ
၎။အဂ္ဂသာဝက
၅။မိခင်
၆။ဖခင်
၇။အလေးဂရုပြုထိုက်သူ
၈။တရားဟောဆရာ
၉။အတတ်ပညာသင်ပေးသူ
၁၀။ ကျွေးဖူး ပေးဖူးသူ
ရတနာ သုံးပါးဟူသည်..။
ဤလောက၌ ဘုရား၊တရား၊သံဃာတို့ သည် အရှားပါးဆုံး၊ အဖိုးထိုက်တန်ဆုံး
နှစ်သက်မြတ်နိုးဖွယ်အကောင်း ဆုံး ရတနာများ ဖြစ်ကြ၏။
ထို့ ကြောင့် ဗုဒ္ဓ္ဓ၊ ဓမ္မ၊ သံဃာ တို့ ကို ရတနာမြတ်သုံးပါးဟု ခေါ်၏။
(၁) ဗုဒ္ဓရတနာသည် တရားအလုံးစုံကို အလိုလိုသိမြင်နိုင်သော သဗ္ဗညုတဥာဏ်ပိုင်ရှင် မြတ်စွာဘုရားဖြစ်သည်။ မြတ်စွာဘုရား ပွင့်ထွန်းသောအခါနှင့် ကြုံကြိုက်ရန် အလွန်ခဲယဉ်း၏။
နှစ်သက်မြတ်နိုးဖွယ်အကောင်း
ထို့ ကြောင့် ဗုဒ္ဓ္ဓ၊ ဓမ္မ၊ သံဃာ တို့ ကို ရတနာမြတ်သုံးပါးဟု ခေါ်၏။
(၁) ဗုဒ္ဓရတနာသည် တရားအလုံးစုံကို အလိုလိုသိမြင်နိုင်သော သဗ္ဗညုတဥာဏ်ပိုင်ရှင် မြတ်စွာဘုရားဖြစ်သည်။ မြတ်စွာဘုရား ပွင့်ထွန်းသောအခါနှင့် ကြုံကြိုက်ရန် အလွန်ခဲယဉ်း၏။
ထို့ ကြောင့် ဗုဒ္ဓရတနာ သည် အလွန်ရှားပါးသော ရတနာဖြစ်၏။
လူ့ ပြည်၊ နတ်ပြည်၊ နဂါးပြည်၊ ဂဠုန်ပြည်တို့ ၌ ရှိသော စိန်.ကြောင်.နီလာ. သန္တာ.ဂေါ်မုတ်. ဥဿဖယား. ပတ္တမြား. မြ. ပုလဲ. ရတနာကိုးပါး (န၀ရတ်) တို့ ထက် ဗုဒ္ဓရတနာသည် အလွန်ရှားပါးသော ရတနာဖြစ်၏။ မြတ်စွာဘုရားသည် လူနတ်ဗြဟ္မာတို့ ချမ်းသာကောင်းစားရန် အများဆုံး အကျိုးဆောင်ပေးသော ပုဂ္ဂိုလ်ဖြစ်၏. မြတ်စွာဘုရားကိုဖူးတွေ့ ရသူများသည် ရွှင်လန်းဝမ်းမြောက်ကြရ၏၊ အဖိုးမဖြတ်နိုင်သော ကုသိုလ် ကောင်းမှုကိုရရှိကြ၏။
ထို့ ကြောင့် ဗုဒ္ဓရတနာသည် အမြတ်ဆုံး ရတနာတစ်ပါးဖြစ်သည်။
(၂) ဓမ္မရတနာသည် မဂ်လေးတန်၊ ဖိုလ်လေးတန်၊ နိဗ္ဗန်၊ ပရိယတ္တိဟု ဆိုအပ်သော တရား ၁၀-မျိုး ဖြစ်သည်။ ဤတရားတို့ သည် လောက၌ အမြင့်မြတ်ဆုံးတရားများဖြစ် ကြ၏။
ဓမ္မရတနာကို မြတ်စွာဘုရားသာသာနာတော်အတွင်း၌သာ မြင်တွေ့ နိုင်သည်။ ထို့ ကြောင့်ဓမ္မရတနာသည် အလွန်ရှားပါးသော ရတနာတစ်ပါးဖြစ်၏။
လူ့ ပြည်၊ နတ်ပြည်၊ နဂါးပြည်၊ ဂဠုန်ပြည် တို့ ၌ရှိကြသော ရတနာအားလုံးတို့ ထက် ဓမ္မရတနာက ပို၍အဖိုးတန်၏။ တရားတော်ကို နာကြားရသူသည် နှစ်သက်ဝမ်းမြောက်ရ၏။ ကျင့်ကြံပွားများလျှင် ပို၍နှစ်သက်ဝမ်းမြောက်ရ၏။ နိဗ္ဗန်ချမ်းသာမှာ အကောင်းဆုံးချမ်းသာဖြစ်၍ နိဗ္ဗန်သည် အကောင်းဆုံးနှစ်သက်ဖွယ်တရား ဖြစ်သည်။
ထို့ ကြောင့်ဓမ္မရတနာသည် အမြတ်ဆုံးရတနာတပါးဖြစ်၏။
(၃) သံဃာရတနာသည် အရိယာသံဃာနှင့်သမ္မုတိသံဃာဟူ ၍
၂-မျိုးရှိ၏။ အရိယာပုဂ္ဂိုလ် ၈-မျိုးကို အရိယာ သံဃာဟုခေါ်၏။
ပရမတ္ထသံဃာဟုလည်းခေါ်၏။ သိမ်၌ ကမ္မ၀ါဖတ်၍ ရဟန်းဖြစ်သော ပုဂ္ဂိုလ်တို့ ကို
သမ္မုတိသံဃာဟုခေါ်၏။
သံဃာတော်သည် မြတ်စွာဘုရားသာသနာအတွင်း၌သာ ပေါ်ပေါက်နိုင်၏။
ထို့ ကြောင့်သံဃာရတနာသည် အလွန်ရှားပါးသော ရတနာတစ်ပါးဖြစ်၏။ လူ့ ပြည်၊
နတ်ပြည်၊ နဂါးပြည်၊ ဂဠုန်ပြည်တို့ ၌ ရှိသော ရတနာအားလုံးတို့ ထက် သံဃာရတနာက
ပို၍အဖိုးတန်၏။
သံဃာတော်ကိုရိုသေလေးမြတ်စွာ ဆည်းကပ်ကိုးကွယ်သူတို့ သည် အဖိုးမဖြတ်နိုင် သောကောင်းကျိုးချမ်းသာကို ရရှိကြ၏။
ထို့ ကြောင့်သံဃာရတနာသည် အမြတ်ဆုံး ရတနာတစ်ပါးဖြစ်၏။
လူ့ ပြည်၊ နတ်ပြည်၊ နဂါးပြည်၊ ဂဠုန်ပြည်တို့ ၌ ရှိသော စိန်.ကြောင်.နီလာ. သန္တာ.ဂေါ်မုတ်. ဥဿဖယား. ပတ္တမြား. မြ. ပုလဲ. ရတနာကိုးပါး (န၀ရတ်) တို့ ထက် ဗုဒ္ဓရတနာသည် အလွန်ရှားပါးသော ရတနာဖြစ်၏။ မြတ်စွာဘုရားသည် လူနတ်ဗြဟ္မာတို့ ချမ်းသာကောင်းစားရန် အများဆုံး အကျိုးဆောင်ပေးသော ပုဂ္ဂိုလ်ဖြစ်၏. မြတ်စွာဘုရားကိုဖူးတွေ့ ရသူများသည် ရွှင်လန်းဝမ်းမြောက်ကြရ၏၊ အဖိုးမဖြတ်နိုင်သော ကုသိုလ် ကောင်းမှုကိုရရှိကြ၏။
ထို့ ကြောင့် ဗုဒ္ဓရတနာသည် အမြတ်ဆုံး ရတနာတစ်ပါးဖြစ်သည်။
(၂) ဓမ္မရတနာသည် မဂ်လေးတန်၊ ဖိုလ်လေးတန်၊ နိဗ္ဗန်၊ ပရိယတ္တိဟု ဆိုအပ်သော တရား ၁၀-မျိုး ဖြစ်သည်။ ဤတရားတို့ သည် လောက၌ အမြင့်မြတ်ဆုံးတရားများဖြစ်
ဓမ္မရတနာကို မြတ်စွာဘုရားသာသာနာတော်အတွင
လူ့ ပြည်၊ နတ်ပြည်၊ နဂါးပြည်၊ ဂဠုန်ပြည် တို့ ၌ရှိကြသော ရတနာအားလုံးတို့ ထက် ဓမ္မရတနာက ပို၍အဖိုးတန်၏။ တရားတော်ကို နာကြားရသူသည် နှစ်သက်ဝမ်းမြောက်ရ၏။ ကျင့်ကြံပွားများလျှင် ပို၍နှစ်သက်ဝမ်းမြောက်ရ၏။ နိဗ္ဗန်ချမ်းသာမှာ အကောင်းဆုံးချမ်းသာဖြစ်၍ နိဗ္ဗန်သည် အကောင်းဆုံးနှစ်သက်ဖွယ်တရား
ထို့ ကြောင့်ဓမ္မရတနာသည် အမြတ်ဆုံးရတနာတပါးဖြစ်၏။
(၃) သံဃာရတနာသည် အရိယာသံဃာနှင့်သမ္မုတိသံဃာဟူ
သံဃာတော်သည် မြတ်စွာဘုရားသာသနာအတွင်း၌သာ
သံဃာတော်ကိုရိုသေလေးမြတ်စွာ
ထို့ ကြောင့်သံဃာရတနာသည် အမြတ်ဆုံး ရတနာတစ်ပါးဖြစ်၏။
မှတ်ချက်။ ။ အနှိုင်းမဲ့ စာတိုပေစများ မှ ပြန်လည်မျှဝေ တင်ပြခြင်းသာ။
ဗြဟ္မစိုရ်တရား လေးပါး...
- “တန်းတူတွေ့ရင် မေတ္တာဝင်၊ မ၀င်နိုင်က ပြိုင်တတ်သည်
ပြိုင်မည့်အစား မေတ္တာပွါး၊ စိတ်ထားပြုပြင် ပြောင်းရမည်။
- နိမ့်သူတွေ့ရင် ကရုဏာဝင်၊ မ၀င်နိုင်က နိုင်တတ်သည်
နိုင်မည့်အစား ကရုဏာပွါး၊ စိတ်ထားပြုပြင် ပြောင်းရမည်။
- မြင့်သူတွေ့ရင် မုဒိတာဝင်၊ မ၀င်နိုင်က ရွဲ့တတ်သည်
ရွဲ့မည့်အစား မုဒိတာပွါး၊ စိတ်ထားပြုပြင် ပြောင်းရမည်။
- မိုက်သူတွေ့ရင် ဥပေက္ခာဝင်၊ မ၀င်နိုင်က မဲ့တတ်သည်
မဲ့မည့်အစား ဥပေက္ခာပွါး၊ စိတ်ထားပြုပြင် ပြောင်းရမည်။

- စိတ်ကိုလည်းပြင် ရုပ်လည်းပြင်၊ ပြင်ဆင်တိုင်းရ ပြုတိုင်းလှ
သုခနိဗ္ဗာန် တိုင်လိမ့်မည်။”
( ဆရာတော်ဦးဝိသုဒ္ဓ )
သုခနိဗ္ဗာန် တိုင်လိမ့်မည်။”
( ဆရာတော်ဦးဝိသုဒ္ဓ )
ဘုရားအနေကဇာ တင်တယ်ဆိုတာ...
မြန်မာဗုဒ္ဓဘာသာအများ အိမ်သစ်ပြောင်းရွှေ့တဲ့အခါပဲ
ဖြစ်ဖြစ်၊ ရုပ်ပွားဆင်းတုတော် အသစ်ဝယ်ယူ ပူဇော်လာတဲ့ အခါပဲဖြစ်ဖြစ်၊ အန္တရာယ်ကင်း ပရိတ်ပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ လုပ်တဲ့အခါပဲ ဖြစ်ဖြစ်
ဘုရားအနေကဇာ တင်ပွဲလေးတွေကို လုပ်လေ့ရှိကြပါတယ်။ ဘယ်ကြောင့်လုပ်တယ်ဆိုတာ တိတိကျကျ မသိကြပေမယ့် တစ်ချို့က ရုပ်ပွားဆင်းတုတော် အသစ်ကို အနေကဇာတင်မှ ကိုးကွယ်ကောင်းတယ်လို့ ထင်တတ်ကြတာ ရှိသလို အနေကဇာတင်မှလည်း ဆ

င်းတုတော်ဟာ တံခိုးပိုကြီးတယ်လို့ ထင်တတ်တာတွေ ရှိပြန်ပါတယ်။
ဒါကြောင့်လည်း ဘုန်းကြီးတွေကို ပင့်ပြီး ဘုရားဆင်းတုတော်ကို
စားပွဲခုံပေါ်မှာတင်ပြီး ပတ်ပတ်လည် ဘုန်းကြီးတွေက ၀ိုင်းပြီး အနေကဇာ
တင်စေကြတာ ဖြစ်မှာပါ။ ပိုဆိုးတာက တစ်ချို့ ဒီရုပ်ပွားဆင်းတုတော်ကို
ဒီလိုအနေကဇာ မတင်ရင် မကိုးကွယ်ကောင်းဘူးလို့ ထင်နေကြတဲ့အပြင် ဘုန်းကြီးတွေက
ဒီဆင်းတုတော်တွေကို ကိုးကွယ်နိုင်အောင် အနေကဇာတင်ပြီး ပြုလုပ်ပေးတယ်လို့
ထင်နေတတ်တဲ့ အချက်ပဲ ဖြစ်ပါတယ်။ လွဲနေကြတာလေးတွေကို ပြောတာပါ။
ဘုန်းကြီးကပြန်ပြီး ဘုရားကိုများ တံခိုးထက်အောင် ဖန်တီးပေးရတယ်လို။
စဉ်းစားသင့်တဲ့ အလွဲလေးတစ်ခုပါ။
တကယ်တော့ ဘုရားအနေကဇာ တင်တယ်ဆိုတာ ဘုရားကို ပူဇော်တာပဲ ဖြစ်ပါတယ်။ အနေကဇာဆိုတဲ့ စကားရဲ့ မူရင်းစကားလုံးက “အနေကဇာတိ သံသာရံ..” စတဲ့ မြတ်ဗုဒ္ဓရဲ့ ဥဒါန်းစကားတော်က လာတဲ့ စကားပဲ ဖြစ်ပါတယ်။ ဒီ အနေကဇာတိ သံသာရံမှာပါတဲ့ အနေကဇာတိဆိုတဲ့ စကားကိုပဲ အလွယ်ယူပြီး အနေကဇာ တင်တယ်လို့ ပြောကြတာ ဖြစ်ပါတယ်။ ဒီစကားဟာ မြတ်စွာဘုရား သစ္စာလေးပါးကို သိပြီး သဗ္ဗညုတ ဉာဏ်တော်ကို ရပြီးနောက် ပထမဆုံး ကျူးရင့်တော်မူတဲ့ ဥဒါန်းစကားပဲ ဖြစ်ပါတယ်။ အဓိပ္ပါယ်က
“အဖန်ဖန် ပဋိသန္ဓေနေရခြင်းသည် ဆင်းရဲလှစွာသောကြောင့် ခန္ဓာအိမ်ကို ဆောက်လုပ်တတ်သူ တဏှာလက်သမားကို ရှာသောငါသည် ထိုတဏှာလက်သမားကို မြင်နိုင်သောဉာဏ်ကို မရသေးသဖြင့် ဘ၀များစွာ သံသရာပတ်လုံး ကျင်လည်ခဲ့ရလေပြီ။ ခန္ဓာအိမ်ကို ဆောက်လုပ်တတ်သော ဟယ်… တဏှာယောက်ျား လက်သမား… ငါသည် သင့်ကို ပညာမျက်စိဖြင့် ယခုမြင်အပ်ပြီ၊ ခန္ဓာအိမ်ကို နောင်တစ်ဖန် သင်ဆောက်လုပ်ရမည်မဟုတ်၊ သင်၏ ကိလေသာတည်းဟူသော အခြင်ရနယ်အားလုံးတို့ကို ငါချိုးဖျက်အပ်ပြီ၊ အ၀ိဇ္ဇာတည်းဟူသော အိမ်အထွဋ်ကို ဖျက်ဆီးအပ်ပြီ၊ ငါ၏စိတ်သည်
ပြုပြင်ခြင်းကင်းရာ နိဗ္ဗာန်သို့ ရောက်ပြီ၊ တဏှာကုန်ရာကုန်ကြောင်း အရဟတ္တဖိုလ်သို့ ရပြီ… " (ဥဒါန၀တ္ထု)
ဟူ၍ ဖြစ်ပါတယ်။ မြတ်ဗုဒ္ဓ ဘုရားအဖြစ်ကို ရပြီးချင်းချင်း ကျူးရင့်တော်မူတဲ့ ဒီပုံရိပ်ကို အာရုံပြုပြီး သဗ္ဗညုတ ဘုရားကို ပူဇော်တဲ့ အနေနဲ့ ဘုရားရှင် ကျူးရင့်တော်မူခဲ့တဲ့ ဒီ အနေကဇာတိ သံသာရံ အစရှိတဲ့ ဘုရားစကားတော်များကို ပြန်လည်ရွတ်ဆိုပူဇော် ကြခြင်းဖြစ်ပါတယ်။ အဲဒါကိုပဲ ဘုရားအနေကဇာ တင်တယ်လို့ ဆိုခြင်းဖြစ်ပါတယ်။
အလွယ်ပြောရရင် ဘုရားအနေကဇာ တင်တယ်ဆိုတာ တန်ခိုးတော်အရာမှာ အတုမရှိတဲ့ ဗုဒ္ဓရှင်တော်မြတ်ကို ပူဇော်တဲ့ ပူဇော်ခြင်း တစ်မျိုးပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီအနေကဇာတိ သံသာရံ အစရှိတဲ့ ဥဒါန်းစကားတော်များကို ရွတ်ဖတ်ပြီး ဘုရားရှင်ကို ပူဇော်တဲ့ ပူဇော်နည်းကို ဘုန်းကြီးတွေမှ မဟုတ်၊ လူတွေလည်း အချိန်မရွေ၊ နေရာမရွေး ဘုရားရှင် ဘုရားဖြစ်တော်မူမူချင်း မဟာဗောဓိပင်အောက်မှာ ကျူးရင့်တော်မူတဲ့ အသွင်သန္တာန်ကို အာရုံပြုပြီး ရွတ်ဆိုပူဇော်နိုင်ကြပါတယ်။
အဲဒီလို ပူဇော်တာကိုပဲ အနေကဇာ တင်တယ်လို့ ပြောမယ်ဆိုရင် လူတွေလည်း အနေကဇာ
တင်နိုင်ကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘုရားကို ပူဇော်တာ ဖြစ်လို့ပါပဲ။
တစ်ချို့က ဘုရားအနေကဇာ တင်တာကို ဗုဒ္ဓါဘိသေက အနေကဇာတင်တယ်လို့ ဆိုတာရှိပါသေးတယ်။ ဘုရားကို ဘိတ်သိတ်မြောက်တယ်ပေါ့။ ဒါဟာ ဘုရားကို ဘိတ်သိတ်မြောက်တာ မဟုတ်ပါဘူး။ ဘုရားကို ဘိတ်သိတ်မြောက်ပေးလို့လည်း မရပါဘူး။ ဆင်းတုတော်ကို ထုလုပ်ပူဇော်တဲ့ အရာဝတ္ထုကို သန့်စင်စေတဲ့ သဘောပဲ ဖြစ်ပါတယ်။ ရုပ်ပွားတော် ထုလုပ်ကြတဲ့အခါမှာ ထုလုပ်တဲ့သူတွေဟာ ခြေထောက်နဲ့ညှက်ပြီး လုပ်ကြတာတို့၊ ဟိုထားဒီထား၊ ဟိုတင်ဒီတင် လုပ်ကြတာတို့၊ ဟိုဟာနဲ့အုပ် ဒါနဲ့အုပ် လုပ်ကြတာတို့ ရှိတတ်ပါတယ်။ ပြီးတော့ ထုလုပ်တဲ့ အရာဝတ္ထုတွေဖြစ်တဲ့ သစ်သား၊ ကြေး၊ ကျောက်စတာတွေရဲ့ မသန့်ရှင်းမှုတွေလည်း ရှိတတ်ပါတယ်။ ဒါကြောင့် ဒီလိုမသန့်ရှင်းတာတွေကို သန့်ရှင်းစေလိုတဲ့အတွက် အန္တရာယ်တွေကင်းအောင်၊ ပြီးတော့ ကိုးကွယ်တဲ့သူတွေရဲ့ စိတ်အစဉ် သန့်ရှင်းအောင် စတဲ့ သဘောတွေနဲ့ ဗုဒ္ဓါဘိသေက အနေကဇာတင်တယ်လို့ ဆိုတာ ဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဘုရားကိုတော့ ဘိတ်သိပ်မြောက်လို့ မရဘူးဆိုတာ သိစေချင်ပါတယ်။ အပြင်အမှောင့် ပယောဂတွေ မသန့်မရှင်းတာတွေကို သန့်ရှင်းအောင် လုပ်တယ်ဆိုရင်တော့ အထူးပြောစရာ မရှိပါဘူး။
ဆိုလိုတာက ဘုရားအနေကဇာ တင်တယ်ဆိုတာ ဘုရားရှင်ကို ပူဇော်တာဖြစ်ပြီး ကိုးကွယ်ခံ ရုပ်ပွားဆင်းတုတော်ကို စိတ်သန့်အောင် လုပ်တဲ့သဘော ဖြစ်တယ်ဆိုတာ ဆိုချင်တာပါ။ ဒီလိုလုပ်မှ ကိုးကွယ်ကောင်းတာ၊ ကိုးကွယ်ထိုက်တာ မဟုတ်ဘူးဆိုတာ သိစေချင်တာပါ။ ဘုန်းကြီးတွေက ရုပ်ပွားဆင်းတုတော်ကို တန်ခိုးထက်အောင်၊ ကိုးကွယ်လို့ရအောင် လုပ်ပေးတာ မဟုတ်သလို ဒီလိုမှ မလုပ်ရင် ရုပ်ပွားဆင်းတုတော်ကို မကိုးကွယ်ကောင်းဘူးဆိုတဲ့ အချက်ဟာ လွဲနေတယ်ဆိုတာ သိစေလိုရင်း ဖြစ်ပါတယ်။ အဓိကကတော့ ရုပ်ပွားဆင်းတုတော်ဆိုတာ ပုံတော်ကိုမှန်ပြီး ဂုဏ်တော်လွှမ်းနိုင်အောင်သာ ဟန်ပြအဖြစ် ရှိနေတာဖြစ်ပြီး မိမိတို့ တစ်ဦးချင်းရဲ့ နှလုံးသားမှာ ဘုရားတည်နေ၊ ဘုရားဂုဏ်တော်တွေကို အာရုံပြု ကြည်ညိုမှုတွေကပဲ အဓိကဆိုတာ သဘောပေါက်စေချင်တာ ဖြစ်ပါတယ်။
ဒါကြောင့် ဘုရားအနေကဇာ တင်တာတွေကို လုပ်နေကြပေမယ့် ဘာကြောင့်လုပ်တယ်၊ ဘယ်လိုအဓိပ္ပါယ်နဲ့ လုပ်တယ်စတာတွေကို မသိဘဲ အများလုပ်လို့ လုပ်နေ၊ လုပ်တဲ့အခါမှာလည်း တလွဲအတွေးတွေ၊ တစ်လွဲနားလည်မှုတွေနဲ့ လုပ်ဖြစ်နေကြတဲ့ ဗုဒ္ဓဘာသာဝင် အချို့ရဲ့ လွဲနေတတ်တဲ့ သဘောလေးကို သိပြီး ပြုပြင်နိုင်အောင် လွဲတတ်တာလေးကို ထုတ်ပြရင်း အကယ်၍ မိမိတို့ကိုယ်တိုင် ဒီလိုလွဲနေခဲ့ရင်လည်း အချိန်မီ ပြုပြင်ကြဖို့ တိုက်တွန်းသမှု ပြုကာ လွဲတတ်တဲ့ အလွဲတစ်ခုအဖြစ် တင်ပြလိုက်ရပါတယ်။

မိမိကိုယ်ကို အနိုင်ယူနည်း..
၁။ မိမိရဲ့ လောဘများကို ဒါနတရားဖြင့် အနိုင်ယူပါ။
၂။ မိမိရဲ့ ဒေါသများကို သီလတရားဖြင့် အနိုင်ယူပါ။
၃။ မိမိရဲ့ မောဟများကို ၀ိပဿနာတရားဖြင့် အနိုင်ယူပါ။
၎။ မိမိရဲ့ သူတပါးအပေါ် ယှဉ်ပြိုင်လိုမှုများကို မေတ္တာတရားဖြင့် အနိုင်ယူပါ။
၅။ မိမိရဲ့ သူတပါးအပေါ် အနိုင်ယူလိုမှုများကို ကရုဏာတရားဖြင့် အနိုင်ယူပါ။
၆။ မိမိရဲ့ သူတပါးအပေါ် မနာလိုမှုများကို မုဒိတာတရားဖြင့် အနိုင်ယူပါ။
၇။ မိမိရဲ့ သူတပါးအပေါ် ရန်လိုမှုများကို ဥပေက္ခာတရားဖြင့် အနိုင်ယူပါ။
၈။ မိမိရဲ့ သူတပါးအပေါ် အပြစ်ပြောလိုမှုများကို ကိုယ်ချင်းစာတရားဖြင့် အနိုင်ယူပါ။
၉။ မိမိရဲ့ မနောကံ အကုသိုလ်များကို ၀စီကံကုသိုလ်ဖြင့် အနိုင်ယူပါ။
၁၀။ မိမိရဲ့ နိမ့်ကျနေတဲ့စိတ်များကို မိမိကိုယ်တိုင်မြှင့်တင်ခြင်းဖြင့် အနိုင်ယူပါ။
(ချမ်းအေး ဆရာတော်။ စစ်ကိုင်း)
၂။ မိမိရဲ့ ဒေါသများကို သီလတရားဖြင့် အနိုင်ယူပါ။
၃။ မိမိရဲ့ မောဟများကို ၀ိပဿနာတရားဖြင့် အနိုင်ယူပါ။
၎။ မိမိရဲ့ သူတပါးအပေါ် ယှဉ်ပြိုင်လိုမှုများကို မေတ္တာတရားဖြင့် အနိုင်ယူပါ။
၅။ မိမိရဲ့ သူတပါးအပေါ် အနိုင်ယူလိုမှုများကို ကရုဏာတရားဖြင့် အနိုင်ယူပါ။
၆။ မိမိရဲ့ သူတပါးအပေါ် မနာလိုမှုများကို မုဒိတာတရားဖြင့် အနိုင်ယူပါ။
၇။ မိမိရဲ့ သူတပါးအပေါ် ရန်လိုမှုများကို ဥပေက္ခာတရားဖြင့် အနိုင်ယူပါ။
၈။ မိမိရဲ့ သူတပါးအပေါ် အပြစ်ပြောလိုမှုများကို ကိုယ်ချင်းစာတရားဖြင့် အနိုင်ယူပါ။
၉။ မိမိရဲ့ မနောကံ အကုသိုလ်များကို ၀စီကံကုသိုလ်ဖြင့် အနိုင်ယူပါ။
၁၀။ မိမိရဲ့ နိမ့်ကျနေတဲ့စိတ်များကို မိမိကိုယ်တိုင်မြှင့်တင်ခြင
(ချမ်းအေး ဆရာတော်။ စစ်ကိုင်း)
ထာဝရ ဒါနအကျိုးဟူသည်..
မြတ်စွာဘုရားသည် ထာဝရဒါန ၆-မျိုးကို ဒေ၀တာသံယုတ် အာဒိတ္တ၀ဂ် ၀နရောပသုတ် တွင် ဟောကြားတော်မူခဲ့ပါသည်။ ယင်းထာဝရဒါန ၆-မျိုးမှာ-
(၁) အာရာမရောပ ဒါန-ပန်းခြံ သစ်သီးခြံ စိုက်ပျိုး၍ လှူခြင်း။
(၂) ၀နရောပ ဒါန-သစ်ပင်များ စိုက်ပျိုး လှူခြင်း။
(၁) အာရာမရောပ ဒါန-ပန်းခြံ သစ်သီးခြံ စိုက်ပျိုး၍ လှူခြင်း။
(၂) ၀နရောပ ဒါန-သစ်ပင်များ စိုက်ပျိုး လှူခြင်း။
(၃) သေတုကာရက ဒါန-တံတားဆောက်၊ လမ်းဖောက်၍ လှူခြင်း။
(၄) ပပါ ဒါန-ရေချမ်းစင်တည်၍ လှူခြင်း။
(၅) ဥဒပါန ဒါန-ရေတွင်း ရေကန်တူး၍ လှူခြင်း။
(၆) ဥပဿယ ဒါန-ဇရပ် တန်ဆောင်း ဂူကျောင်းပြာသာဒ်၊ ဆေးရုံ ဆေးခန်း စသော အဆေက်အအုံများ ဆောက်လုပ်၍ လှူခြင်းတို့ ဖြစ်သည်။
ယင်းဒါန ၆-မျိုးသည် ကာလကြာမြင့်စွာ တည်တံ့နိုင်သော ပစ္စည်းများဖြစ်၍ ယင်းတို့ကို လှူဒါန်းခြင်းကြောင့် နေ့ညမပြတ် ကုသိုလ်တိုးပွားနေပြီး လွန်စွာအကျိုးကြီး၏။
ယင်းဒါန ၆-မျိုးသည် ကာလကြာမြင့်စွာ တည်တံ့နိုင်သော ပစ္စည်းများဖြစ်၍ ယင်းတို့ကို လှူဒါန်းခြင်းကြောင့် နေ့ညမပြတ် ကုသိုလ်တိုးပွားနေပြီး လွန်စွာအကျိုးကြီး၏။
မှတ်ချက်။ ။အနှိုင်းမဲ့ စာတိုပေစများ Group မှတဆင့် ကူးယူ ဖော်ပြ မျှဝေခြင်းဖြစ်ပါသည်။
ကိုမျိုး ( မိုးညှင်း )
အို၊ နာ၊ သေဘေးတို့အတွက် ကောင်းမွန်ရာဟူသည်...
၁။ အို..အို သည့် တိုင်အောင် ကောင်းသည် ဆိုတာ “ သီလ “ ပါပဲ။
၂ ။ အို..အို သည့် တိုင်အောင် ၊ နာသည့်တိုင်အောင်၊ သေသည့် တိုင်အောင် ကောင်းသည် ဆိုတာ “ သဒ္ဓါ ” ပါပဲ။
၃ ။ အို..အို သည့် တိုင်အောင်၊နာသည့်တိုင်အောင
၎။ အို..အို သည့် တိုင်အောင်၊နာသည့်တိုင်အောင
ကုသိုလ်ကောင်းမှု. “ ပါပဲ။ နာသည့်တိုင်အောင်၊ သေသည့်တိုင်အောင်
ကောင်းတယ် ဆိုတာ “ သီလ၊ သဒ္ဓါ၊ ပညာ၊ နဲ့ ကုသိုလ်ကောင်းမှူပါပဲ။
ထိုလေးမျိုးဟာ ဘ၀ကို လှပစေဘို့ရာ ဘ၀ရဲ့အလှ တန်ဆာများ ဖြစ်ပါတယ်။
အိုခြင်း တရားကို “ သီလ၊ သဒ္ဓါ၊ ပညာ၊ နဲ့ ကုသိုလ်ကောင်းမူ.” နဲ. တန်ဆာဆင်ပါ။
အိုခြင်း တရားကို “ သီလ၊ သဒ္ဓါ၊ ပညာ၊ နဲ့ ကုသိုလ်ကောင်းမူ.” နဲ. တန်ဆာဆင်ပါ။
( သီတဂူ ဆရာတော်ဘုရားကြီး ဦးဉာဏိဿရ )
လူကောင်းနဲ့ လူဆိုးဟူသည်...
- လူကြောင့် လူကောင်း ဖြစ်သည် မဟုတ်သလို၊
- လူကြောင့် လူမိုက် ဖြစ်သည်လည်း မဟုတ်ပေ။
- ကိလေသာ တရားဆိုးတို့ကို နှိပ်ကွပ် ဆုံးမနိုင်ခြင်းကြောင့်
- လူကောင်းအဖြစ် မြင်ရခြင်းသာ ဖြစ်ပြီး၊
- ကိလေသာ တရားဆိုးတို့ကို မနှိပ်ကွပ် မဆုံးမနိုင်ခြင်းကြောင့်
- လူမိုက်အဖြစ် မြင်ရခြင်းသာ ဖြစ်သည်.....။
(ဖားအောက်ဆရာတော်)

နှလုံးသား ဘုရားတည်နိုင်အောင်...
လူသားတွေရဲ့ စိတ်ဆိုတာ နှလုံးသားမှာ ဘုရားတည်မပေးရင်
လမ်းဘေးမှာရှိတဲ့ အမှိုက်ပုံးကြီးလို ဖြစ်နေတတ်တယ်။
အမှိုက်ပုံတို့ အမှိုက်ပုံးတို့ဆိုတာ ထားတာကလဲ လမ်းဘေးမှာ
ရည်ရွယ်ချက်ကလည်း အမှိုက်ထည့်ဖို့ဆိုတော့ တွေ့တဲ့သူတွေက
လမ်းဘေးမှာရှိတဲ့ အမှိုက်ပုံးကြီးလို ဖြစ်နေတတ်တယ်။
အမှိုက်ပုံတို့ အမှိုက်ပုံးတို့ဆိုတာ ထားတာကလဲ လမ်းဘေးမှာ
ရည်ရွယ်ချက်ကလည်း အမှိုက်ထည့်ဖို့ဆိုတော့ တွေ့တဲ့သူတွေက
ကြုံရာ အမှိုက်တွေ ထည့်သွားတယ်။ အမှိုက်တွေထည့်သွား၊ တံတွေးအညစ်အကြေးတွေ စွန့်သွား၊ ကွမ်းသွေးတွေထွေးသွား၊ ကောင်းတာ တစ်ခုမှ မထည့်ပါဘူး။
ဒါမျိုးလိုပဲ ပုထုဇဉ်တွေရဲ့ စိတ်နှလုံးခန္ဓာအစဉ်ဟာလည်း
နှလုံးသားထဲ တရားမထည့်ပေးရင် အမှိုက်ပုံးကြီးလို ဖြစ်နေတယ်၊
အမှိုက်က သူများတွေ လာထည်.တာမဟုတ်ဘူး၊ ကိုယ့်ဟာကို
ထည့်နေတာ၊ လောဘက အမှိုက်တွေလာထည့်၊ ဒေါသက အမှိုက်တွေ လာထည့်၊ ဣိဿာ မစ္ဆရိယစတဲ့ ကိလေသာတွေက အမှိုက်တွေလာထည့်၊

နှလုံးသားထဲ တရားမရှိရင် အမှိုက်တွေ ရှုပ်ထွေးပြည့်ကျပ်နေတယ်။
(အရှင် သိရိန္ဒာဘိဝံသာ)
(အရှင် သိရိန္ဒာဘိဝံသာ)
Subscribe to:
Posts (Atom)