Monday, November 12, 2012

- ဗုဒ္ဓ၀ါဒီ စွဲ၍တည်မည် -


အိုးမဖုတ်ခင် ၊ အိုးလုပ်စဉ်ဝယ်
အိုးတွင် နှိပ်ခတ်၊၊ တံဆိပ်မှတ်ကာ
မပြတ်မစဲ ၊ အိုးပင်ကွဲလည်း


အမြဲတစေ ၊ တည်ရှိနေသို့
ထွေထွေ သွေးသား ၊ ကလေးများ၌
ဘုရားတံဆိပ် ၊ ဘာသာစိတ်ကို
ခပ်နှိပ်နိုင်မှ ၊ သက်ဆုံးကျအောင်
ဗုဒ္ဓ၀ါဒီ ၊ စွဲ၍တည်မည်
ကိုယ်စီခပ်နှိပ်စေသတည်း ။

အရှင် ဇနကာဘိဝံသ
အမရပူရ တောင်မြို့ ၊ မဟာ ဂန္ဓာရုံဆရာတော် 
 
 
 
 

No comments:

Post a Comment