မြတ်စွာဘုရားသည် ထာဝရဒါန ၆-မျိုးကို ဒေ၀တာသံယုတ် အာဒိတ္တ၀ဂ် ၀နရောပသုတ် တွင် ဟောကြားတော်မူခဲ့ပါသည်။ ယင်းထာဝရဒါန ၆-မျိုးမှာ-
(၁) အာရာမရောပ ဒါန-ပန်းခြံ သစ်သီးခြံ စိုက်ပျိုး၍ လှူခြင်း။
(၂) ၀နရောပ ဒါန-သစ်ပင်များ စိုက်ပျိုး လှူခြင်း။
(၁) အာရာမရောပ ဒါန-ပန်းခြံ သစ်သီးခြံ စိုက်ပျိုး၍ လှူခြင်း။
(၂) ၀နရောပ ဒါန-သစ်ပင်များ စိုက်ပျိုး လှူခြင်း။
(၃) သေတုကာရက ဒါန-တံတားဆောက်၊ လမ်းဖောက်၍ လှူခြင်း။
(၄) ပပါ ဒါန-ရေချမ်းစင်တည်၍ လှူခြင်း။
(၅) ဥဒပါန ဒါန-ရေတွင်း ရေကန်တူး၍ လှူခြင်း။
(၆) ဥပဿယ ဒါန-ဇရပ် တန်ဆောင်း ဂူကျောင်းပြာသာဒ်၊ ဆေးရုံ ဆေးခန်း စသော အဆေက်အအုံများ ဆောက်လုပ်၍ လှူခြင်းတို့ ဖြစ်သည်။
ယင်းဒါန ၆-မျိုးသည် ကာလကြာမြင့်စွာ တည်တံ့နိုင်သော ပစ္စည်းများဖြစ်၍ ယင်းတို့ကို လှူဒါန်းခြင်းကြောင့် နေ့ညမပြတ် ကုသိုလ်တိုးပွားနေပြီး လွန်စွာအကျိုးကြီး၏။
ယင်းဒါန ၆-မျိုးသည် ကာလကြာမြင့်စွာ တည်တံ့နိုင်သော ပစ္စည်းများဖြစ်၍ ယင်းတို့ကို လှူဒါန်းခြင်းကြောင့် နေ့ညမပြတ် ကုသိုလ်တိုးပွားနေပြီး လွန်စွာအကျိုးကြီး၏။
မှတ်ချက်။ ။အနှိုင်းမဲ့ စာတိုပေစများ Group မှတဆင့် ကူးယူ ဖော်ပြ မျှဝေခြင်းဖြစ်ပါသည်။
ကိုမျိုး ( မိုးညှင်း )
No comments:
Post a Comment