ဆရာဦးမြင့်ရွှေ(ပေါင်းတည်)ကသူရဲ့ခန္ဒာကိုမြင်ခြင်းနှင့်ဒါနသီလ ဆိုတဲ့စာအုပ်ကလေးထည်းမှာငါအိုသွားသောအခါ လို့နာမည်တပ်ပြီးအိုခြင်းတရားကြောင့်ဖြစ်လာရမဲ့ပူပန်မှသောကတွေကိုကြိုတင်ပြီးတော့စိုးရိမ်ထားတာကိုတွေ့ရပါ တယ်၊တစ်နည်းအားဖြင့်ပြောရမယ်ဆိုရင်တော့ဒီဘ၀မှာမှခေတ္တခဏတွေ့ကြုံခဲ့ရတဲ့ကျေးဇူးမကင်းတဲ့ဧည့်သည်လေး တွေကိုမိမိပြုခဲ့ဘူးတဲ့ကျေးဇ...ူးကိုမမေ့ဘို့ရယ်၊ကောင်းမှုတွေဖြစ်စေခြင်တဲ့ဆန္ဒရယ်ကြောင့်စောစောစီးစီးကြိုတင်ပြီးတော့မှာတမ်းထားတာလဲဖြစ်နိုင်ပါတယ်။တစ်နည်းအားဖြင့်ပြောရရင်လဲဒီဘ၀ဒီခန္ဒာမှာတော်စပ်ခဲ့ရတဲ့သားနဲ့သမီးကိုနောက်ဆုံးကုသိုလ်တွေအမွေပေးခဲ့ချင်တာလဲဖြစ်မှာပါ၊သူတင်ပြထားတဲ့မှာတမ်းလေးကိုသားနဲ့သမီးတို့သိကြပါစေရန်တစ်ဆင့်တင်ပြပေးလိုက်ပါတယ်။
ငါ အိုသွားသောအခါ ငါဟာအရင်က ငါ မဟုတ်တော့ဘူး၊ငါ့ကို နားလည်ပေးပါ၊စိတ်ရှည်ရှည်ထားဆက်ဆံပေးပါ။ အ ချိနဲ့်နဲ့ လက်တွေနဲ့ ထမင်းဟင်းတွေအကျီင်္ပေါ်ဖိတ်စင်သွားတဲ
့အ ခါကျီင်္လုံချည်ဘိုသီဘတ်သီဖြစ်နေတဲ့အခါ
ငါ့ကိုမရွံပါနဲ့၊ငယ်စဉ်တုံးကငါသုတ်သင်ပေးခဲ့တာတွေကို ကျေးဇူးပြုပြီး သတိရပေးပါ။ အပ်ကြောင်းထပ်မကပြောပြီးတဲ့စကားတွေကိုပြန်ပြောမိတဲ့အခါ စကားမဖြတ်ပဲကျေးဇူးပြုပြီးနားထောင်ပေးပါ။
ငယ်ငယ်တုံးကအိပ်ယာဝင်တိုင်းတစ်ထောင့်တစ်ညပုံပြင်တွေ၊ငါးရာ့ငါးဆယ်ဇာတ်နိပါတ်တော်တွေ၊ဇာတ်ကြီးဆယ်ဘွဲ့တွေစတဲ့ပုံပြင်တွေကိုမရိုးအောင်ပြောရင်းငါချော့သိပ်ခဲ့တာတွေကိုသတိရပေးပါ။
=မလှုပ်ရှားနိုင်လို့ရေချိုးဘို့အကူအညီလိုတဲ့အခါ ငါ့ကိုမငြိုငြင်ပါနဲ့၊ငယ်ငယ်တုံးကချော့တလှည့်။ခြောက်တစ်ခါရေချိုးပေးဘူးတဲ့ပုံရိပ်ကလေးတွေကိုမြင်ယောင်ပေးပါ။
=ခေတ်သစ်နည်းပညာသစ်တွေကိုမသိနားမလည်ခဲ့ရင်မလှောင်ပါနဲ့၊ငယ်ငယ်တုံးက ဘာကြောင့်ဆိုတဲ့မေးခွန်းတိုင်းကိုစိတ်ရှည်စွာငါပြန်ဖြေပေးခဲ့တာကို သတိရပေးပါ။
=စိတ်သွားတိုင်းကိုယ်မပါ နွမ်းလျပြီးလမ်းမလျောက်နိုင်တဲ့အခါ ခွန်အားပါတဲ့လက်တစ်စုံနဲ့ ငါ့ကိုကူတွဲပေးကြပါ။လမ်းလျှောက်သင်စအရွယ်တုံးကတစ်လှမ်းချင်းလမ်းလျှောက်လေ့ကျင့်ပေးခဲ့တာတွေကိုသတိရပေးပါ။
တစ်နေ့ထက်တစ်နေ့ အိုစာသွားတဲ့ငါ့ကိုကြည့်ပြီး ၀မ်းမနည်းပါနဲ့၊အားပေးပါ၊အရင်တုံးကလူ့ဘ၀တက်လမ်းအတွက်ငါလမ်းညွှန်ခဲ့သလို အခုအချိန်မှာ ငါ့ဘ၀နောက်ဆုံးအချိန်အတွက်အဖော်ပြုပေးပါ။ချစ်ခြင်းမေတ္တာနဲ့အေးမြမှုတွေကို ငါပြုံးပြုံလေးလက်ခံမှာပါ၊အဲဒီအပြုံးတွေထည်းမှာမဆုံးနိုင်တဲ့ငါ့မေတ္တာတွေတွေ့ရမှာပါ။
သားတို့သမီးတို့ရေ ထာဝရပျော်ရွင်ချမ်းမြေ့ကြပါစေကွယ် တဲ့
ကျေးဇူးတရားသိတတ်ကြတဲ့သားတိုင်း၊သမီးတိုင်း
ကိုယ်ရောစိတ်ပါထာဝရကြည်လင်အေးမြချမ်းသာပြည့်ဝစင်ကြယ်ကြပါစေ။
No comments:
Post a Comment