Friday, March 2, 2012

အနှိုင်းမဲ. စာတိုပေစများ....


               

အစွဲတစ်ခု ၊ တွယ်ဖတ်မိရင်

တမလွန်၌ ၊ မကောင်းကြုံတတ်

ဘယ်ဘုံဘ၀ ၊ ရောက်ရလေလည်း

လက်ရှိ...ဘ၀ ၊ စိတ်ကောင်းထားက
ရောက်ချင်ရာရောက် ၊ စိတ်ချရအောင်
မနောစိတ်ဖြူ ၊ ကျင့်ကြံကြစို့ ၊
ဘယ်သူဘယ်ဝါ ၊ အငြိုးမထား
ကောင်းတာကိုလုပ် ၊ မှန်တာဖြစ်အောင်
ကိုယ့်ဘက်ကစိတ် ၊ လုံအောင်ထိန်းလို့ 
သူတစ်ပါးလည်း ၊ မစော်ကားနဲ့ 
လူကြီးမိဘ ၊ ဦးထိပ်ထားကာ
တဒင်္ဂတောင် ၊ မပြစ်မှားနဲ့  ၊
ကျေးဇူးရှင်ကို ၊ ရင်ဝယ်မှတ်ထား
ဘယ်တော့မှလည်း ၊ ကျေးမစွပ်နဲ့  ၊
သေခါနီးဇော ၊ ရေးကြီးသမို့ 
မသေခင်က ၊ ပြုမိသည့် ကံ
ကောင်းတာလုပ်ရင် ၊ ကောင်းတာဖြစ်လို့ 
လောကီလူသား ၊ လူအများတို့  ...
ယခုကစ ၊ ကျင့်ကြစို့ လား ။ ။

( မှတ်ချက် ) " ၀ဿန်မြေ " မှလှူသောကဗျာဖြစ်ပါသည်

No comments:

Post a Comment