သံဝေဂ..
ဖြစ်လာသမျှ
ပျက်ရမည်မှာ
ဓမ္မတာတည်း။
သာယာအေးချမ်း၊ ဘ၀လမ်း၌
မသမ်း ဘယာ၊ ရှိနေပါသော်
ပျော် တမွေ့မွေ့၊ မေ့ တလျော့လျော့
ပေါ့ တဆဆ၊ နေခဲ့ကြပြီး
ဖိစီးအပူ၊ ကျွမ်းဆူလောင်မြိုက်
ဖြစ်လာခိုက်မှ၊ ဗုဒ္ဓ ဓမ္မ
သံဃာ့အားကိုး၊ ရှိလျှင်ခိုးကာ
ကိုးကွယ်ရာကို ရှာကြသည်။
သံသရာဝဲ၊ သြဃထဲ၌
ရှင်ကွဲတလီ၊ တွေ့မည်သေကွဲ
မမြဲနိစ္စ၊ ကြုံရမည်ချည်း
ဖြစ်ပြီးလျှင် ပျက်၊ နှိပ်စက်တတ်သော
ဤသဘောဟု၊ ကြံ-တွေး-ပြု-ကြည့်
ကပ်သတိဖြင့်၊ မှတ်-သိနေဖို့ လိုပေသည်။
***
No comments:
Post a Comment