Sunday, September 30, 2012

ဖုန်းအလကားပြောလိုလျင်...

Viber ကိုတော့ မြန်မာတွေ တော်တော်များများ သိကြပါတယ်။ Wifi Connection ရရင် Free SMS နဲ့ Free Voice Call တွေရတဲ့အတွက် ဖုံးဖိုးချွေတာလိုတဲ့ သူတွေအဖို့ အများကြီး အဆင်ပြေခဲ့ပါတယ်။ အဲ့ဒီအတွက်လည်း Viber ကို တော်တော်များများ အသုံးပြုလာကြပါတယ်။ ဖုံးပြောတာနဲ့ SMS အပြင် Viber က တခြား Feature တွေမပါတဲ့အတွက် အပြည့်စုံဆုံး App တစ်ခုတော့ မဟုတ်ဘူးလို့ ပြောလို့ရပါတယ်။

Aire Talk: Free All in One Communication App
အခုပြောပြမဲ့ App ကတော့ Viber ကဲ့သို့ Free Phone Call/Free SMS အပြင် Free Video Call, Walkie Talkie, Image Sharing, File Transfer အပြင် မိမိရောက်နေတဲ့ Location ကိုပါ သူငယ်ချင်းတွေအချင်းချင်း အပြန်အလှန် ပေးပို့ဆက်သွယ်နိုင်မှာ ဖြစ်ပါတယ်။
Feature တွေပိုမို စုံလင်တဲ့အပြင် Adv Free လဲ ဖြစ်ပါတယ်။ ကြော်ငြာတွေ မတွေ့ရပါဘူး။

http://youtu.be/y66D5ietlU0

Register Accout နဲ့ ဆက်သွယ်နိုင်သလို Facebook Account နဲ့လည်း ဆက်သွယ်နိုင်မှာ ဖြစ်ပါတယ်။ Android ဖုံးတွေအပြင် iOS Devices တွေမှာလည်း အသုံးပြုလို့ရတာကို တွေ့ရပါတယ်။

App ကတော့ Aire Talk လို့ခေါ်ပါတယ်။
Aire App ကို သွင်းထားတဲ့ Mobile ဖုံးအချင်းချင်း ဆက်သွယ်ပြောဆို ဝေမျှနိုင်မှာ ဖြစ်ပါတယ်။ Aire က ထွက်တာ သိပ်မကြာသေးတဲ့အတွက် မိမိမှာ ရှိတဲ့ Friend တွေ သုံးထားချင်မှ သုံးထားပါလိမ့်မယ်။ အကယ်လို့ မိမိအသုံးပြုရတာ လွယ်ကူရင် Invite လုပ်ပြီး အသုံးပြုကြဖို့တော့ လိုအပ်မှာ ဖြစ်ပါတယ်။ 

   နှစ်ဦး နှစ်ဘက် App ကို သွင်းပြီးသွားပြီဆိုရင်တော့
၁. ဖုံးပြောလို့ရပါမယ်။ Voice/Video
၂. SMS ပို့လို့ရပါမယ်။
၃. Walki Talki လိုမျိုး ပြောလို့ရပါမယ်။
၎.Voice Message ပို့လို့ရပါမယ်။
၅. Photo တွေ ပို့လို့ရပါမယ်။
၆. File တွေ ပို့လို့ရပါမယ်။
၇. Location ကို Share လို့ရပါမယ်။

Internet Bandwidth အများကြီး မကောင်းရင်တောင် အဆင်ပြေပြေ အသုံးပြုနိုင်မယ်လို့ ပြောကြားထားပါတယ်။

Android အတွက်
Direct Download Link
http://www.airetalk.com/downloads/aire-android.apk
Google Play Store Link
https://play.google.com/store/apps/details?id=com.pingshow.amper

iOS အတွက် iTunes Link
http://itunes.apple.com/cn/app/isingfafa/id495640197?l=en&mt=8%22

Tine Htet Aung: TSJ Tech Team
http://www.airetalk.com/

   
        By: TechSpace Journal  


ဇရာ...

ပျိုရွယ်စဉ်ခါ၊ လိုရာပါလျက်
ငါတကြွကြွ။
အိုကာလ၌၊ ထလည်းမနိုင်၊
ထိုင်လည်းမကောင်း၊ လျောင်းလဲမသာ၊
လိုမပါဘူး။

ဇရာဤ၀ဋ်၊ ကင်းမလွတ်နိုင်၊
မချွတ်သေအောင် ၊အမြဲဆောင်၏။
သားချောင်သွေးခန်း၊ ရွေ့ရွေ့မြန်း၍၊
မလန်းမလူ၊ ဇရာဟူသည်၊
ဆံဖြူသွားကျွတ်၊ တွတွရွတ်လျက်၊
ယွင်းချွတ်ပျက်ပြို၊ နေ့တိုင်းအိုသည်၊
ဤကိုယ်ပျောက်လိမ့် မနှေးတည်း.....

(မန်လည်ဆရာတော်)

 
 
 

Tuesday, September 25, 2012

“ဧည့်သည်တိုင်း၏ လမ်းခရီး”




လာတုန်းကလည်း တစ်ယောက်တည်းနော်..
လက်တွဲခေါ်ကာ ဖော်မပါဘူး။
ဥစ္စာချည်းနှီး တစ်ကိုယ်တည်း။

ပြန်သွားတော့လည်း တစ်ယောက်တည်းနော်..
လက်တွဲခေါ်ကာ ဖော်မပါဘူး။
ဥစ္စာချည်းနှီး တစ်ကိုယ်တည်း။

လာပြီးတော့နား မသွားသေးခင်
ချိန်လေးတွင်မှ ဝန်းကျင်ယှက်နွယ်
နှောင်ကြိုးသွယ်ခဲ့။
ပြုံးရယ်မဲ့ငို ချစ်မုန်းပိုကြ။
မလိုဒေါသ လိုလောဘနှင့်
ဘဝရိပ်မြုံ ကကြိုးစုံခဲ့။

ကံကုန်မိုးချုပ် လက်တွဲဖြုတ်ခါ
သုတ်သုတ်ဆောလျင် ခရီးနှင်သည်
ဒို့လျင် ဧည့်သည်ပါတကား။ ။

ငါသည်ပင်မူ
ခေါ်သူမရှိ ရောက်လာမိစဉ်
နှင်သူမရှိ ပြန်ဖို့ရှိ၏။
ငါနေသည့်အိမ် ငါ၏အိမ်ဟု..
ငါ့အိမ်မှာထား ငါ့မယားနှင့်..
ငါ့လင်သားနှင့် ငါးသားသမီး
ငါ့ပစ္စည်းဟု ယူသည့်စိတ်စွဲ အမှတ်လွဲခဲ့။

အမှန်မှာမူ......
ငါလာသောခါ လက်ဗလာတည်း..
ပြန်ရပါလျင် လက်ချည်းပင်တည်း..
ငါ့တွင် ကိုယ်ပိုင်မရှိပါတကား။

လာသူလာလည်း လာစမ်းပါစေ မဆီးလေနှင့်..
သွားသူသွားလည်း သွားစမ်းပါစေ မတားလေနှင့်..
တို့တတွေမှာ သဘာဝလျှင် အမိရင်ဝယ်..
ထွက်ဝင်ခိုနား ခရီးသွားသည့်..
ဧည့်သည်တွေပါတကား…။ ။

                            (မင်းကွန်းတိပိဋက ဆရာတော်ဘုရားကြီး)

 
 
 

Monday, September 24, 2012

မေတ္တာပွားများခြင်း၏ အကျိုးကျေးဇူးများ......

၁။ ချမ်းသာစွာ အိပ်ရခြင်း..။
၂။ ချမ်းသာစွာ နိုးရခြင်း..။
၃။ မကောင်းသော အိပ်မက် မမြင်မက်ရခြင်း..။
၎။ လူတို့ ချစ်ခင်နှစ်သက်ခြင်း..။
၅။ နတ်တို့ ချစ်ခင် နှစ်သက်မြတ်နိုးခြင်း..။
၆။ နတ်တို့ စောင့်ရှောက်ခြင်း..။
ရ။ မီး၊ အဆိပ်၊ လက်နက် အန္တရာယ်မသင့်ခြင်း..။
၈။ စိတ်လျင်မြန်စွာ တည်ကြည်ခြင်း..။
၉။ မျက်နှာရုပ်ဆင်း ကြည်လင်ရွှင်ပြခြင်း..။
၁၀။ မတွေဝေဘဲ သေရခြင်း..။
၁၁။ သေသောအခါ ဗြဟ္မာ့ပြည်သို့ လားရခြင်းတို့ပင်တည်း..။

          
လင်္ကာ။      ။ ချမ်းသာအိပ်,နိုး၊ အိပ်မက်ဆိုးကင်း၊ စောင့်ခြင်းနတ်မြတ်၊ 
                 လူနတ်ချစ်လျက်၊ လက်နက်ဆိပ်မီး၊ ပြီးသည်တဖြာ၊ 
                 မျက်နှာရွှင်ပြုံး၊ နှစ်လုံး ကြည်သာ၊ သေခါမသွေ၊ 
                 မတွေဝေပဲ၊ ဗြဟ္မေ နတ်ရွာ၊ ရောက်ရပါသည်။
                 မေတ္တာအကျိုး ဆယ်တစ်မျိုး။

                                                               မေတ္တာဖြင့်.. ကိုမျိုး( မိုးညှင်း )



လောဘ၊ ဒေါသ၊ မောဟ...များ။



လောဘ၊ ဒေါသ၊ မောဟ၊ မာနများနှင့်..

ရှာဖွေစုဆောင်း အထုပ်များ ပြင်ကြကုန်၏။

အထုပ်ကလေး တစ်ပြင်ပြင်..

အထုပ်ရှင်မှာ သေလို့သွား..

ကျန်တဲ့သူတွေ ဝေလို့စား..

ဘာမှလည်း ပါမသွား..

သေတဲ့သူမှာ အပယ်သွား..

နိဗ္မာန်ရောက်ဖို့ အခက်သား..။

 
 
 

      

ကိုယ်ကျင့်သီလဟူသည်...

-     အကယ်၍ သင့်ဘ၀မှာ

    ငွေကြေး၊ ဥစ္စာ ဆုံးရှူံးသွားခဲ့မယ် ဆိုရင်..

    သင်..ဘာကိုမျှ မဆုံးရှူံးခဲ့ပါ ဟုမှတ်ယူနိုင်ပါသည်။

 

-     အကယ်၍ သင့်ဘ၀မှာ

   ကျန်းမာရေး၊ တစ်စုံတစ်ရာ ဆုံးရှူံးသွားခဲ့မယ် ဆိုရင်..

   သင်..တစ်ချို့၊ အနည်းငယ် ဆုံးရှူံးသွားပြီဟု မှတ်ယူနိုင်ပါသည် ။

 

-     အကယ်၍ သင့်ဘ၀မှာ

   မိမိ၏ ကိုယ်ကျင့်သီလ၊ ကိုယ်ကျင့်တရားသာ

ဆုံးရှူံးသွားခဲ့မယ်ဆိုရင်တော့ဖြင့်..

သင့်ဘ၀၊ သင့်သိက္ခာ..အရာအားလုံး ဆုံးရှူံးသွားပြီဆိုတာ မှတ်ယူနိုင်ပါသည်.


 

 

  - When Wealthy is Lost, Nothing is Lost,

  

  - When Healthy is Lost,  Somethings is Lost;

  

  - When Character is Lost, All is Lost.

                 

               မေတ္တာဖြင့်...  

                             ကိုမျိုး ( မိုးညှင်း )








အနှောင်အဖွဲ့...

မာ ပိယေဟိ သမာဂဉ္ဆိ၊အပ္ပိယေဟိ ကုဒါစနံ။
ပိယာနံ အဒဿနံ ဒုက္ခံ၊ အပ္ပိယာနဉ္စ ဒဿနံ။

တသ္မာ ပိယံ န ကယိရာထ၊ ပိယာပါယော ဟိ ပါပကော။
ဂန္ထာ တေသံ န ၀ိဇ္ဇန္တိ၊ ယေသံ နတ္ထိ ပိယာပ္ပိယံ။


ချစ်သောသူတို့နှင့်လည်း မပေါင်းဖော်လင့်၊ မုန်းသောသူတို့နှင့်လည်း တစ်ခါတစ်ရံမျှ မပေါင်းဖော်ပါလင့်၊ ချစ်သောသူတို့ကိုလည်း မမြင်ရခြင်းသည် ဆင်းရဲ၏၊ မုန်းသောသူတို့ကို မြင်ရခြင်းသည်လည်း ဆင်းရဲ၏။


ထို့ကြောင့် လူကိုဖြစ်စေ ပစ္စည်းဥစ္စာကိုဖြစ်စေ ချစ်ခင်စွဲလမ်းခြင်းကို မပြုရာ၊ ချစ်ခင် စွဲလမ်းဖွယ်ရာတို့နှင့် ကွေကွင်းရခြင်းသည် မကောင်းသည်သာတည်း၊ ချစ်ခြင်းမုန်းခြင်း မရှိသော သူတို့အား အနှောင်အဖွဲ့တို့ မရှိကြကုန်။

 

                                     (ဓမ္မပဒ)

                                 

Tuesday, September 4, 2012

“မကောင်းသောအကျင့် ၁၀-ပါး” (ဒုစရိုက် ၁၀-ပါး)

ကာယ ဒုစရိုက် ၃-ပါး

၁။ သတ္တ၀ါ အသက်ကိုသတ်ခြင်း။

၂။ သူတစ်ပါးပစ္စည်းကို မတရားယူခြင်း။

၃။ ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်း။

 

 

ဝစီ ဒုစရိုက် ၄-ပါး

၎။ လိမ်ပြောခြင်း။

 ၅။ ကုန်းတိုက်ခြင်း။

၆။ ကြမ်းတမ်း ရိုင်းစိုင်းသော စကားကိုပြောခြင်း။

 ၇။ အကျိုးမရှိသော စကားကိုပြောခြင်း။

 

 

မနော ဒုစရိုက် ၃-ပါး

 ၈။ သူတစ်ပါးပစ္စည်း ရလိုမှုနှင့် ကြံစည်စိတ်။

 ၉။ သူတစ်ပါးကို ဖျက်ဆီးလိုစိတ်။

၁၀။ မှားယွင်းသော အယူဝါဒကို ကိုးကွယ်ခြင်း။




 

စိတ်ဆိုတဲ့ ဥယျာဉ်..

စိတ်ဆိုတာ ဥယျာဉ်နဲ့ တူပါတယ်။

မကောင်းတဲ့မျိုးစေ့တွေ ကျလာရင်

မကောင်းတဲ့ အပင်တွေ ပေါက်မယ်။

ကောင်းတဲ့မျိုးစေ့တွေ ကျလာရင်

ကောင်းတဲ့ အပင်တွေ ပေါက်မယ်။

ဒါ့ကြောင့် နေ့စဉ် ဘယ်လိုမျိုးစေ့တွေ

ရောက်လာနေသလဲဆိုတာကို

သတိထားဖို့ လိုတယ်။

 

  ဥာဏ်နဲသူဟာ ရုပ်ပိုင်းကို ဦးစားပေး

တယ်။ ဥာဏ်ပညာ ရင့်ကျက်တဲ့သူဟာ

စိတ်ပိုင်းကို ဦးစားပေးတယ်။

အာရုံတွေ ဂုဏ်ပကာသနတွေက

အမျိုးမျိုး လှည့်စား ဖမ်းစားထားတယ်။

အဲဒီအာရုံတွေ ဂုဏ်ပကာသနတွေရဲ့

လှည့်စားမှူထဲမှာ ထောင်ကျနေတဲ့

သူတွေဟာ လှပတဲ့ ထောင်ထဲမှာ

နေရတာကို ပျော်နေကြတယ်။

  

 ကိုယ့်စိတ်ထား မြင့်လာမှ ကိုယ့်ဘဝ

ဟာ တကယ်မြင့်လာမယ်။

ကိုယ့်စိတ်ကိုကိုယ် အမှန်အတိုင်း

သိနေရင် လုပ်သင့်တာကိုပဲ လုပ်ချင်မှာပဲ။

အဲဒီအခါမှာ အောင်မြင်တဲ့သူ ဖြစ်လာမယ်။

   ဘာပဲ ဖြစ်ချင် ဖြစ်ချင် ကိုယ်ဖြစ်ချင်တာနဲ့

တန်တဲ့ စိတ်ထားကို အရင်မွေးပါ။

          (ဆရာတော် ဦးဇောတိက)

                  

                          မေတ္တာဖြင့်.... ကိုမျိုး





ဆင်းရဲခြင်းအကြောင်းတရားများ...



- ကိုယ်ကာယနှင့် ယှဉ်၍ လုပ်ရခြင်းသည် ပင်ပန်းဆင်းရဲ၏။

 

- သို့ထက် စိတ်နှင့် ယှဉ်၍ ပြုမူရခြင်းသည် ပို၍ပင်ပန်းဆင်းရဲ၏။

 

- မိမိ၏ ခန္ဒာအား အလုပ်အကျွေးပြုစုရခြင်းသည်   

  

အဆင်းရဲဆုံးပင်တည်း...။

                                

                                   မေတ္တာဖြင့်..

                                           ကိုမျိုး ( မိုးညှင်း )