စိတ်ဆိုတဲ့ ဥယျာဉ်..
စိတ်ဆိုတာ ဥယျာဉ်နဲ့ တူပါတယ်။
မကောင်းတဲ့မျိုးစေ့တွေ ကျလာရင်
မကောင်းတဲ့ အပင်တွေ ပေါက်မယ်။
ကောင်းတဲ့မျိုးစေ့တွေ ကျလာရင်
ကောင်းတဲ့ အပင်တွေ ပေါက်မယ်။
ဒါ့ကြောင့် နေ့စဉ် ဘယ်လိုမျိုးစေ့တွေ
ရောက်လာနေသလဲဆိုတာကို
သတိထားဖို့ လိုတယ်။
ဥာဏ်နဲသူဟာ ရုပ်ပိုင်းကို ဦးစားပေး
တယ်။ ဥာဏ်ပညာ ရင့်ကျက်တဲ့သူဟာ
စိတ်ပိုင်းကို ဦးစားပေးတယ်။
အာရုံတွေ ဂုဏ်ပကာသနတွေက
အမျိုးမျိုး လှည့်စား ဖမ်းစားထားတယ်။
အဲဒီအာရုံတွေ ဂုဏ်ပကာသနတွေရဲ့
လှည့်စားမှူထဲမှာ ထောင်ကျနေတဲ့
သူတွေဟာ လှပတဲ့ ထောင်ထဲမှာ
နေရတာကို ပျော်နေကြတယ်။
ကိုယ့်စိတ်ထား မြင့်လာမှ ကိုယ့်ဘဝ
ဟာ တကယ်မြင့်လာမယ်။
ကိုယ့်စိတ်ကိုကိုယ် အမှန်အတိုင်း
သိနေရင် လုပ်သင့်တာကိုပဲ လုပ်ချင်မှာပဲ။
အဲဒီအခါမှာ အောင်မြင်တဲ့သူ ဖြစ်လာမယ်။
ဘာပဲ ဖြစ်ချင် ဖြစ်ချင် ကိုယ်ဖြစ်ချင်တာနဲ့
တန်တဲ့ စိတ်ထားကို အရင်မွေးပါ။
(ဆရာတော် ဦးဇောတိက)
မေတ္တာဖြင့်.... ကိုမျိုး
No comments:
Post a Comment