၁။ ချမ်းသာစွာ အိပ်ရခြင်း..။
၂။ ချမ်းသာစွာ နိုးရခြင်း..။
၃။ မကောင်းသော အိပ်မက် မမြင်မက်ရခြင်း..။
၎။ လူတို့ ချစ်ခင်နှစ်သက်ခြင်း..။
၅။ နတ်တို့ ချစ်ခင် နှစ်သက်မြတ်နိုးခြင်း..။
၆။ နတ်တို့ စောင့်ရှောက်ခြင်း..။
ရ။ မီး၊ အဆိပ်၊ လက်နက် အန္တရာယ်မသင့်ခြင်း..။
၈။ စိတ်လျင်မြန်စွာ တည်ကြည်ခြင်း..။
၉။ မျက်နှာရုပ်ဆင်း ကြည်လင်ရွှင်ပြခြင်း..။
၁၀။ မတွေဝေဘဲ သေရခြင်း..။
၁၁။ သေသောအခါ ဗြဟ္မာ့ပြည်သို့ လားရခြင်းတို့ပင်တည်း..။
လင်္ကာ။ ။ ချမ်းသာအိပ်,နိုး၊ အိပ်မက်ဆိုးကင်း၊ စောင့်ခြင်းနတ်မြတ်၊
လူနတ်ချစ်လျက်၊ လက်နက်ဆိပ်မီး၊ ပြီးသည်တဖြာ၊
မျက်နှာရွှင်ပြုံး၊ နှစ်လုံး ကြည်သာ၊ သေခါမသွေ၊
မတွေဝေပဲ၊ ဗြဟ္မေ နတ်ရွာ၊ ရောက်ရပါသည်။
မေတ္တာအကျိုး ဆယ်တစ်မျိုး။
မေတ္တာဖြင့်.. ကိုမျိုး( မိုးညှင်း )

No comments:
Post a Comment