“ဧည့်သည်တိုင်း၏ လမ်းခရီး”
လာတုန်းကလည်း တစ်ယောက်တည်းနော်..
လက်တွဲခေါ်ကာ ဖော်မပါဘူး။
ဥစ္စာချည်းနှီး တစ်ကိုယ်တည်း။
ပြန်သွားတော့လည်း တစ်ယောက်တည်းနော်..
လက်တွဲခေါ်ကာ ဖော်မပါဘူး။
ဥစ္စာချည်းနှီး တစ်ကိုယ်တည်း။
လာပြီးတော့နား မသွားသေးခင်
ချိန်လေးတွင်မှ ဝန်းကျင်ယှက်နွယ်
နှောင်ကြိုးသွယ်ခဲ့။
ပြုံးရယ်မဲ့ငို ချစ်မုန်းပိုကြ။
မလိုဒေါသ လိုလောဘနှင့်
ဘဝရိပ်မြုံ ကကြိုးစုံခဲ့။
ကံကုန်မိုးချုပ် လက်တွဲဖြုတ်ခါ
သုတ်သုတ်ဆောလျင် ခရီးနှင်သည်
ဒို့လျင် ဧည့်သည်ပါတကား။ ။
ငါသည်ပင်မူ
ခေါ်သူမရှိ ရောက်လာမိစဉ်
နှင်သူမရှိ ပြန်ဖို့ရှိ၏။
ငါနေသည့်အိမ် ငါ၏အိမ်ဟု..
ငါ့အိမ်မှာထား ငါ့မယားနှင့်..
ငါ့လင်သားနှင့် ငါးသားသမီး
ငါ့ပစ္စည်းဟု ယူသည့်စိတ်စွဲ အမှတ်လွဲခဲ့။
အမှန်မှာမူ......
ငါလာသောခါ လက်ဗလာတည်း..
ပြန်ရပါလျင် လက်ချည်းပင်တည်း..
ငါ့တွင် ကိုယ်ပိုင်မရှိပါတကား။
လာသူလာလည်း လာစမ်းပါစေ မဆီးလေနှင့်..
သွားသူသွားလည်း သွားစမ်းပါစေ မတားလေနှင့်..
တို့တတွေမှာ သဘာဝလျှင် အမိရင်ဝယ်..
ထွက်ဝင်ခိုနား ခရီးသွားသည့်..
ဧည့်သည်တွေပါတကား…။ ။
(မင်းကွန်းတိပိဋက ဆရာတော်ဘုရားကြီး)
No comments:
Post a Comment