Monday, February 4, 2013

အစာအိမ်ရောဂါအကြောင်း သိကောင်းစရာ နှင့် ကာကွယ်ရန်..


အစာအိမ်ရောဂါ

၁။ အစာအိမ် ရောဂါ ဆိုတာ ဘာလဲ။
အစားအိမ်နှင့် အူသိမ် ဦးပိုင်းရှိ အတွင်းနံရံ အမြှေးပါးတွင်း ဖြစ်ပွားသော အနာရောဂါနှင့် အဆိုပါ နေရာများရှိ အမြှေးပါးများ ရောင်ရမ်း ခြင်းကြောင့် ဖြစ်ပေါ်လာသော အစာမကြေခြင်း၊ ရင်ဘတ် အောင့်ခြင်း ရောဂါ ဝေဒနာကို ဆိုလိုပါတယ်။ ယခင်အခါ များက အစာအိမ် အတွင်း အက်စစ်ဓာတ် လွန်ကဲခြင်းကြောင့် အစာအိမ် ရောဂါ ဖြစ်တယ်လို့ ဆိုခဲ့ကြပေမယ့် ယခုအခါ H.pylori ရောဂါပိုးကြောင့် အက်စစ်ဓာတ် လွန်ကဲကာ အစာအိမ်ရောဂါ ဖြစ်ပွားတယ်လို့ သိရပါတယ်။ အကိုက်အခဲ ပျောက်ဆေး၊ ထိုးဆေးများ အလွန်အကျွံသုံးစွဲမှု ကြောင့်လည်း ဖြစ်ပွား တတ်ပါတယ်။
၂။ ရောဂါဖြစ်နိုင်ချေရှိပြီး အန္တရာယ်ရှိတဲ့ အုပ်စုက ဘယ်သူတွေလဲ။

လူတိုင်းမှာ အစာအိမ် ရောဂါ ဖြစ်နိုင်တဲ့ အန္တရာယ် ရှိပါတယ်။ ဖွံ့ဖြိုး
ဆဲ နိုင်ငံများမှာ
လူဦးရေရဲ့ ၁၀% အထိ ဖြစ်ပွားလေ့ ရှိတတ်ပါတယ်။

၃။ ဒီရောဂါ ဖြစ်မှန်း ဘယ်လိုသိမလဲ။
ဝမ်းဗိုက် အထက်ပိုင်း ရင်ညွန့် နေရာမှ အောင့်ခြင်း၊ တစ်ခါတစ်ရံ အစာအိမ် ပေါက်သွား ခြင်းကြောင့် ၀မ်းဗိုက် အထက်ပိုင်း အလွန် အမင်းအောင့်ခြင်း၊ အစာအိမ် အနားမှ သွေးယို စီးတဲ့အတွက် သွေးအန်ခြင်း၊ သွေးဝမ်း သွားခြင်းစတဲ့ လက္ခဏာများ ဖြစ်ပေါ် ခံစားရပါတယ် အစာအိမ် နာရောဂါ ဖြစ်တာ နှစ်ပေါင်းများစွာ ကြာလာတဲ့ အခါ၊ အစာအိမ် ထွက်ပေါက် ကျဉ်းပြီး ပိတ်ဆို့ တတ်သောကြောင့် စားပြီးသော အစာများ မကြာခဏ ပြန်အန်ခြင်းတို့ ဖြစ်ပွား တတ်ပါတယ်။ အချို့သော သူများမှာ အစာအိမ် ကင်ဆာရောဂါ အဖြစ်နဲ့ လာတတ် ပါတယ်။ အစာအိမ် ရောဂါဖြစ်မှန်း သေချာအောင် သက်ဆိုင်ရာ ဆရာဝန်၏ အဆုံးအဖြတ် အစီအစဉ်ဖြင့် ဓာတ်မှန် ရိုက်ခြင်း၊ အစာအိမ် လမ်းကြောင်း မှန်ပြောင်းနှင့် ကြည့်ရှု လေ့လာခြင်း၊ H.pylori ပိုးရှိမရှိ မှန်ပြောင်းနှင့်ကြည့်ခြင်း၊ အစာအိမ်နာ ဖြစ်သောနေရာမှ အသားစ ယူကာ စစ်ဆေးခြင်း(သို့) အစာအိမ် မှန်ပြောင်း မကြည့်ဘဲ H.pylori ပိုးအတွက် ပဋိပစ္စည်းများ၊ ခုခံပစ္စည်းများ ထွက်နေခြင်း ရှိမရှိ သွေးကို ဓာတ်ခွဲစစ်ဆေးခြင်း အားဖြင့်လည်း သိရှိနိုင်ပါတယ်။
၎။ ခေတ်မီရောဂါကုထုံး ဘာတွေရှိသလဲ။

ဆိုဒါမှုန့် ဆေးဝါးနှင့် ခေတ္တခဏ ဝေဒနာ သက်သာ စေနိုင်ပါတယ်။ ATACID ဆေးပြားများ သောက်ခြင်းဖြင့် အတော်အတန် အစာအိမ်နာရောဂါကို ဖုံးကွယ် ပေးထား နိုင်ပါတယ်။ CIETIDINE,RANITIDINE စတဲ့ ဆေးများနှင့် အစာအိမ် အနာ အများအပြားကို အနာကျက် စေနိုင်ပါတယ်။ OMEPRAZOLE ဆေးနှင့် အစာအိမ်နာ များကို အလျင်အမြန် ပျောက်ကင်း စေနိုင်ပါတယ်။ ဒါပေမယ့် အစာအိမ်ရောဂါများဟာ
သဘာဝအလျောက် တစ်နှစ်အတွင်း ၈၀%မှာ ရောဂါ ပြန်ပေါ် တတ်ပါတယ်။ H.pylori ပိုးလုံးဝ ကင်းစင်နိုင် သောကုသမှု စတင်အသုံးပြုလာခဲ့တဲ့ ၁၉၈၀-၉၀ ပြည့်နှစ်နောက်ပိုင်းမှာ အစာအိမ်နာရောဂါကို လုံးဝ ပျောက်ကင်းအောင် စွမ်းဆောင် နိုင်ပြီဖြစ်ပါတယ်။

၅။ အစာအိမ်ရောဂါဖြစ်နေတယ်လို့ သိရင်ဘာလုပ်ရမလဲ။

သက်ဆိုင်ရာ ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးပြီး လိုအပ်သော စမ်းသပ် စစ်ဆေးမှုများ၊ ကုသမှုများ ခံယူရပါမယ်။

၆။ အများပြည်သူအား မှာကြားချင်သော အဓိကအကြံပေးချက်။

အစာအိမ်နာ ရောဂါဟာ ယခု ၂၁ ရာစုနှစ်တွင် ဆေးဝါးနှင့် လုံးဝ ပျောက်ကင်းအောင် ကုသနိုင်သော ရောဂါ တစ်ခုဖြစ်ကြောင်း ဆေးသိပ္ပံ ပညာရှင်များက လက်ခံ
ထားကြပါပြီ။ သက်ဆိုင်ရာ ဆရာဝန်နှင့် တိုင်ပင်ပြီး ကုသရန် လိုပါတယ်။ အကိုက်အခဲ ပျောက်ဆေးများ ကိုလည်း မိမိသဘောနှင့် မိမိ အလွန်အကျွံ သုံးစွဲခြင်းမှ ရှောင် ကြဉ် သင့်ပါကြောင်း မှာကြား ချင်ပါတယ်။
                                                          ကိုမျိုး (မိုးညှင်း)



အစာအိမ်ရောဂါ

၁။ အစာအိမ် ရောဂါ ဆိုတာ ဘာလဲ။
အစားအိမ်နှင့် အူသိမ် ဦးပိုင်းရှိ အတွင်းနံရံ အမြှေးပါးတွင်း ဖြစ်ပွားသော အနာရောဂါနှင့် အဆိုပါ နေရာများရှိ အမြှေးပါးများ ရောင်ရမ်း ခြင်းကြောင့် ဖြစ်ပေါ်လာသော အစာမကြေခြင်း၊ ရင်ဘတ် အောင့်ခြင်း ရောဂါ ဝေဒနာကို ဆိုလိုပါတယ်။ ယခင်အခါ များက အစာအိမ် အတွင်း အက်စစ်ဓာတ် လွန်ကဲခြင်းကြောင့် အစာအိမ် ရောဂါ ဖြစ်တယ်လို့ ဆိုခဲ့ကြပေမယ့် ယခုအခါ H.pylori ရောဂါပိုးကြောင့် အက်စစ်ဓာတ် လွန်ကဲကာ အစာအိမ်ရောဂါ ဖြစ်ပွားတယ်လို့ သိရပါတယ်။ အကိုက်အခဲ ပျောက်ဆေး၊ ထိုးဆေးများ အလွန်အကျွံသုံးစွဲမှု ကြောင့်လည်း ဖြစ်ပွား တတ်ပါတယ်။

၂။ ရောဂါဖြစ်နိုင်ချေရှိပြီး အန္တရာယ်ရှိတဲ့ အုပ်စုက ဘယ်သူတွေလဲ။

လူတိုင်းမှာ အစာအိမ် ရောဂါ ဖြစ်နိုင်တဲ့ အန္တရာယ် ရှိပါတယ်။ ဖွံ့ဖြိုးဆဲ နိုင်ငံများမှာ လူဦးရေရဲ့ ၁၀% အထိ ဖြစ်ပွားလေ့ ရှိတတ်ပါတယ်။

၃။ ဒီရောဂါ ဖြစ်မှန်း ဘယ်လိုသိမလဲ။

ဝမ်းဗိုက် အထက်ပိုင်း ရင်ညွန့် နေရာမှ အောင့်ခြင်း၊ တစ်ခါတစ်ရံ အစာအိမ် ပေါက်သွား ခြင်းကြောင့် ၀မ်းဗိုက် အထက်ပိုင်း အလွန် အမင်းအောင့်ခြင်း၊ အစာအိမ် အနားမှ သွေးယို စီးတဲ့အတွက် သွေးအန်ခြင်း၊ သွေးဝမ်း သွားခြင်းစတဲ့ လက္ခဏာများ ဖြစ်ပေါ် ခံစားရပါတယ် အစာအိမ် နာရောဂါ ဖြစ်တာ နှစ်ပေါင်းများစွာ ကြာလာတဲ့ အခါ၊ အစာအိမ် ထွက်ပေါက် ကျဉ်းပြီး ပိတ်ဆို့ တတ်သောကြောင့် စားပြီးသော အစာများ မကြာခဏ ပြန်အန်ခြင်းတို့ ဖြစ်ပွား တတ်ပါတယ်။ အချို့သော သူများမှာ အစာအိမ် ကင်ဆာရောဂါ အဖြစ်နဲ့ လာတတ် ပါတယ်။ အစာအိမ် ရောဂါဖြစ်မှန်း သေချာအောင် သက်ဆိုင်ရာ ဆရာဝန်၏ အဆုံးအဖြတ် အစီအစဉ်ဖြင့် ဓာတ်မှန် ရိုက်ခြင်း၊ အစာအိမ် လမ်းကြောင်း မှန်ပြောင်းနှင့် ကြည့်ရှု လေ့လာခြင်း၊ H.pylori ပိုးရှိမရှိ မှန်ပြောင်းနှင့်ကြည့်ခြင်း၊ အစာအိမ်နာ ဖြစ်သောနေရာမှ အသားစ ယူကာ စစ်ဆေးခြင်း(သို့) အစာအိမ် မှန်ပြောင်း မကြည့်ဘဲ H.pylori ပိုးအတွက် ပဋိပစ္စည်းများ၊ ခုခံပစ္စည်းများ ထွက်နေခြင်း ရှိမရှိ သွေးကို ဓာတ်ခွဲစစ်ဆေးခြင်း အားဖြင့်လည်း သိရှိနိုင်ပါတယ်။

၎။ ခေတ်မီရောဂါကုထုံး ဘာတွေရှိသလဲ။

ဆိုဒါမှုန့် ဆေးဝါးနှင့် ခေတ္တခဏ ဝေဒနာ သက်သာ စေနိုင်ပါတယ်။ ATACID ဆေးပြားများ သောက်ခြင်းဖြင့် အတော်အတန် အစာအိမ်နာရောဂါကို ဖုံးကွယ် ပေးထား နိုင်ပါတယ်။ CIETIDINE,RANITIDINE စတဲ့ ဆေးများနှင့် အစာအိမ် အနာ အများအပြားကို အနာကျက် စေနိုင်ပါတယ်။ OMEPRAZOLE ဆေးနှင့် အစာအိမ်နာ များကို အလျင်အမြန် ပျောက်ကင်း စေနိုင်ပါတယ်။ ဒါပေမယ့် အစာအိမ်ရောဂါများဟာ သဘာဝအလျောက် တစ်နှစ်အတွင်း ၈၀%မှာ ရောဂါ ပြန်ပေါ် တတ်ပါတယ်။ H.pylori ပိုးလုံးဝ ကင်းစင်နိုင် သောကုသမှု စတင်အသုံးပြုလာခဲ့တဲ့ ၁၉၈၀-၉၀ ပြည့်နှစ်နောက်ပိုင်းမှာ အစာအိမ်နာရောဂါကို လုံးဝ ပျောက်ကင်းအောင် စွမ်းဆောင် နိုင်ပြီဖြစ်ပါတယ်။

၅။ အစာအိမ်ရောဂါဖြစ်နေတယ်လို့ သိရင်ဘာလုပ်ရမလဲ။

သက်ဆိုင်ရာ ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးပြီး လိုအပ်သော စမ်းသပ် စစ်ဆေးမှုများ၊ ကုသမှုများ ခံယူရပါမယ်။

၆။ အများပြည်သူအား မှာကြားချင်သော အဓိကအကြံပေးချက်။

အစာအိမ်နာ ရောဂါဟာ ယခု ၂၁ ရာစုနှစ်တွင် ဆေးဝါးနှင့် လုံးဝ ပျောက်ကင်းအောင် ကုသနိုင်သော ရောဂါ တစ်ခုဖြစ်ကြောင်း ဆေးသိပ္ပံ ပညာရှင်များက လက်ခံ ထားကြပါပြီ။ သက်ဆိုင်ရာ ဆရာဝန်နှင့် တိုင်ပင်ပြီး ကုသရန် လိုပါတယ်။ အကိုက်အခဲ ပျောက်ဆေးများ ကိုလည်း မိမိသဘောနှင့် မိမိ အလွန်အကျွံ သုံးစွဲခြင်းမှ ရှောင် ကြဉ် သင့်ပါကြောင်း မှာကြား ချင်ပါတယ်။


မျိုးဆက်သစ်များသို့ မှာတမ်း


မျိုးဆက်သစ်များသို့ မှာတမ်း
************

အိုးမဖုတ်ခင်၊ အိုးလုပ်စဉ်ဝယ်..
အိုးတွင်နှိပ်ခတ်၊ တံဆိပ်မှတ်က
မပြတ်မစဲ၊ အိုးပင်ကွဲလည်း၊
အမြဲတစေ၊ တည်ရှိနေသို့....
ထွေထွေသွေးသား၊ ကလေးများ၌
ဘုရားတံဆိပ်၊ ဘာသာစိတ်ကို...
ခပ်နှိပ်နိုင်မှ၊ သက်ဆုံးကျအောင်..
ဗုဒ္ဒ၀ါဒီ၊ စွဲ၍တည်မည်..
ကိုယ်စီခပ်နှိပ်စေသတည်း..။ ။

(အရှင်ဇနကာဘိဝံသ)
 
 

အားလုံးလက်တွဲကာ ကိုယ်စီတာဝန်များကို ထိန်းသိမ်းကာကွယ်ကြပါစို့....


အားလုံးလက်တွဲကာ ကိုယ်စီတာဝန်များကို ထိန်းသိမ်းကာကွယ်ကြပါစို့....
**************************************************

ယနေ့ခေတ် နည်းပညာ အတတ်ပညာရှင်များ တီထွင်လိုက်တဲ့ ကမ္ဘာ့ကြောက်စရာ လက်နက် အနှူမြူ၊ ဟုတ်ဒရိုဂျင်ဗုံး ဆိုတာ
လူမျိုးတစ်စု၊ တစ်စိတ်သဒေသသို့ သေကြေပျက်စီးသွားနိုင်တယ်
ဆိုတာ အားလုံးအသိပါပဲ။ သို့သော် လူမျိုး၊ တစ်နိုင်ငံလုံး ပျောက်ကွယ်
မသွားနိုင်ပေ။ တစ်ချိန်က ဂျပန်သို့ အနူမြူဗုံးကျဲချပြီးသကာလ နောင်..
ယနေ့တိုင် အောက်မေ့ဖွယ်အထိမ်းအမှတ်အဖြစ်နဲ့ ကျန်ရှိလူမျိုးများ ပူဆွေး
နေရဆဲပါ။ သို့ပေမယ့် နိုင်ငံနှင့် လူမျိုးကိုဖြင့် မျိုးမတုန်းသွားစေခဲ့ပါ။
" မြေမျို၍ လူမျိုးမပြုတ်၊ လူကို လူခြင်းမျိုပါမှ နိုင်ငံနှင့် လူမျိုးပါ
ပျောက်မည် " တဲ့..။
လူကို လူခြင်းမျိုလျှင်တော့ တစ်ဖြည်းဖြည်းနှင့် လူမျိုးတစ်ရပ်လုံး
မျိုးတုန်းပျောက်ကွယ်သွားပေလိမ့်မည်သာ။ ဒါကြောင့် ငှင်းတို့သည် ယနေ့
အနူမြူ၊ ဟိုက်ဒရိုဂျင်ဗုံးဆိုတာများထက် လွန်စွာကြောက်စရာ အကောင်းဆုံး
အရာများသာပင်။
အထူးသဖြင့် မြန်မာပြည် အနာဂတ်၊ မျိုးဆက်သစ်သားလှရတနာများ
အား မွေးထုတ်ပေးနိုင်မယ့် လက်ဆင့်ကမ်း ပုခက်လွဲမည့် မိခင်လောင်းလျာ
မြန်မာတိုင်းရင်းသူအပေါင်းတို့အား သတိရှိကြပါကုန်။
အဘယ်ကြောင့်ဆိုသော် နိုင်ငံတစ်နိုင်ငံ လူမျိုးတစ်စု၏ မျိုးဆက်ရှင်သန်
မှူဟူသည် မိန်းမပျိုလေးများ အမျိုး၊ ဘာသာ၊ သာသနာအပေါ် စောင့်ထိန်းမှူ၊
သန့်ရှင်းစင်ကြယ်စွာ မိမိတို့ အနာဂတ် မျိုးဆက်များ တည်ရှိတင်ကျန်နိုင်မှူတွင်
များစွာမူတည် လိုအပ်လှပေသည်။
လူဘ၀ဟူသည် ခဏသာ ရေပွက်ပမာသို့သာလျှင်။ တစ်ချိန်က မိမိတို့လူမျိုး
ဘာသာ သာသနာများကို ရှေးလူကြီး မိခင်၊ ဘိုးဘွား ဘီဘင်တို့မှ ထိန်းသိမ်း
ကာကွယ် စောင့်ရှောက်ခဲ့၍သာ ယနေ့ မြန်မာပြည်တွင် ကျွန်တော်တို့ ခင်ဗျားတို့တတွေ ရှင်သန် နေထိုင် သွားလာ လှူပ်ရှားခွင့် ရနေခဲ့ခြင်းသာ ဖြစ်ပါ
သည်။ ယနေ့ခေတ်မှ နောင်တစ်ချိန် မြန်မာလူမျိုး၊ နိုင်ငံဆိုသည့် နောက်မျိုးဆက်
သစ်များ မိမိတို့လို နေထိုင် သွားလာနိုင်ဖို့ဆိုတာ တစ်ဦးတစ်ယောက်တည်း
မဟုတ်ပဲ ယနေ့ခေတ် မြန်မာတိုင်းရင်းသူ မိန်းကလေးများတွင် အဓိကလို့ပြော
နိုင်ပေမယ့် မြန်မာတိုင်းရင်းသား ညီအစ်ကို မောင်နှမများလည်း အားလုံးတာဝန်
ကိုယ်စီရှိကြပါသည်လေ။
ရှေးပဝေဿနီကတည်းက ထိန်းသိမ်းစောင့်ရှောက်လာခဲ့သည့် မြန်မာပြည်ကို
နောင် မြန်မာမျိုးဆက်သစ် လူငယ် မောင်မယ်များအတွက် လက်ဆင့်ကမ်းအမွေ
တွေပေးနိုင်ဖို့ ကျွန်တော်တို့ ခင်ဗျားတို့၊ လူကြီး လူငယ် အားလုံးတွင်တာဝန်
လုံးဝ.. လုံးဝ..ရှိနေသည်ဆိုသည်ကို သတိပြုစေလိုပါသည်။ ဆင်ခြင်သုံးသတ်
ဆုံးမ ပဲ့ပြင်ကြစေလိုပါသည်။

ဒါကြောင့် နောင်အနာဂတ် လူမျိုး၊ ဘာသာ၊ သာသနာ မပျောက်ပျက်အောင်
ခုကတည်းက တင်ကြိုကာ စဉ်းစား၊ဆင်ခြင်ကြကာ မြန်မာအမျိုးသမီးလေးများ
ပုခက်လွဲမည့်လက်များ၊ မိခင်နို့ရည် စစ်ကြစေလိုပါသည်။
 
ကိုမျိုး ( မိုးညှင်း )
 
 

လက်ဦးဆရာ မိမာတာ..


- ရင်သွေးဟူက၊ ချစ်မ၀တည့်

- မိဘတံထွာ၊ သားတကာနှင့်

- တစ်ရာနှစ်ကဲ၊ လည်ချင်းနွှဲလည်း

- ရောင့်ရဲမထင်၊ စုံမက်ကြင်လျက်

- ဖြုတ်ခြင် ကိုက်နာ၊ မြူရှိမှာမျှ

- ရံခါတစ်ရစ်၊ မဖြစ်စေရက်

- အသက်ရှည်ကြောင်း၊ ဆုတောင်းဆုယူ

- အလှူကောင်းမှူ၊ ကိုယ်စားပြု၍

- ၀တ်တုစားပ၊ ဆောင်ရွက်စကား

- ကုံငဖြည့်တင်း၊ ဖြန့်ဖြူးခြင်းလည်း

- မကင်းရေမိုး၊ ဥယျာဉ်မိုးသို့

- မညှိုးမခေါင်၊ ကြီးပြင်းအောင်လျှင်

- စောင်စောင်ပျပ်ပျပ်၊ ကွပ်ညှပ်ဆုံးမ

- သင်ပြသသည်၊ ငယ်က လက်ဦးဆရာတည်း။

***********************

ဆရာချစ်စံဝင်း၏ အမေနှင့် အမေ့အကြောင်း စာအုပ်မှ....
 
 


သားတို့ရုပ်ရည် သီတာမည်သား..


- နေ့တိုင်း နေ့တိုင်း၊ သားသက်နှိုင်းကို

- ကသိုဏ်းအတု၊ မပြတ်ပြုသည်

- ရှူ၍မငြီး၊ မျက်စိမျက်နှာ၊ ထပ်ခါခါသည်

- မြင်ပါချင်စိတ်၊ ရေသို့ဖိတ်လျက်

- သားလှသက်သည်၊ တို့ထက်တာရှည်

- တည်ပါစေသား၊ မောင်ရွှေသားဟု

- သနား ကရုဏာ၊ မေတ္တာစုံမက်

- ကိုယ့်အသက်ထက်၊ ဆထက်ကြင်နာ

- မိမာတာကား၊ ထပ်ကာတိုးပွား

- မှောက်ကြွားထကြွ၊ တော့တတော့တီ

- မပီစကား၊ အသံကြားလည်း

- သနားၾကင္နာ၊ မ်က္နွာရႊင္ပ်

- မြင်ဖို့ရလည်း၊ ၀မ်းက မဆံ့

- ပီတိနှံ့လျက်၊ နှစ်သက်ရွှင်ပြုံး

- သားရွှေတုံးကို၊ မျက်လုံးကဲ့သို့ ထင်၏တည်း..။ ။

******************

ကိုမျိုး ( မိုးညှင်း )

ဆရာချစ်စံဝင်း၏ အမေနှင့် အမေ့အကြောင်း စာအုပ်မှ....

'လတ်ဆတ်သောအသီးအနှံ၊ အသီးအရွက်များစားသုံးပေးပါက လူငယ်များ ကျေနပ်ပျော်ရွှင်သော ဘ၀ကို ရစေနိုင်'


'လတ်ဆတ်သောအသီးအနှံ၊ အသီးအရွက်များစားသုံးပေးပါက လူငယ်များ ကျေနပ်ပျော်ရွှင်သော ဘ၀ကို ရစေနိုင်'


လူငယ်များသည် အသီးအနှံ၊ အသီးအရွက်များကို ပိုမိုစားသုံးပေးပါက ပို၍စိတ်တည်ငြိမ်မှုရစေပြီး နေ့စဉ်ဘ၀ထဲတွင် ပို၍ပျော်ရွှင်တက်ကြွသွက်လက်စေနိုင်သည် ဟူသော အချက်ကို Otago တက္ကသိုလ်မှ သုတေသန ပညာရှင်များက တွေ့ရှိခဲ့ကြသည်။ လူ့အာဟာရ ဖွံ့ဖြိုးရေးဌာန၏ စိတ်ရောဂါ သုတေသနပညာရှင်များက တစ်ရက်နှင့် တစ်ရက် ဖြစ်ပေါ်တတ်သော စိတ်ခံစားချက်များနှင့် အစားအစာ စားသုံးမှုတို့အကြား ဆက်စပ်မှုများကို စောင့်ကြည့်လေ့လာမှုများ ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။ ပျှမ်းမျှအားဖြင့် အသက် ၂၀ အရွယ် လူငယ် ၂၈၁ ယောက်တို့အား အင်တာနက်မှတစ်ဆင့် နေ့စဉ် စားသောက်မှုတို့ကို ၂၁ ရက်အကြာ လေ့လာခဲ့ကြသည်။ နေ့စဉ် သူတို့မည်သည့် အစားအစာများ စားသောက်ကြသည်၊ ၀မ်းသာစရာ ၀မ်းနည်းစရာများနှင့် ကြုံတွေ့သောအခါ သူတို့မည်ကဲ့သို့ ခံစားချက်များ ဖြစ်ပေါ်သည်တို့ကို မှတ်တမ်းတင်ခဲ့သည်။
ပါဝင်သူများအား အသီးအနှံနှင့် အသီးအရွက် စားသုံးသူပမာဏ၊ ကျန်းမာရေးအထောက်အကူ မဖြစ်စေသော ကွတ်ကီး၊ အားလူးကြော်နှင့် ကိတ်မုန့်တို့ စားသုံးမှု ပမာဏတို့ကိုလည်း မေးမြန်းမှတ်တမ်းတင်ထားခဲ့သည်။
ရလဒ်တွင် အသီးအနှံ၊ အသီးအရွက်များများ စားသုံးသူများသည် ပို၍ အကောင်းမြင်စိတ် ရှိကြသည် ဆိုသော ဆက်စပ်မှုကို ခိုင်ခိုင်မာမာ တွေ့ရှိရသော်လည်း အခြားအစားအစာ စားသုံးသူတို့တွင်မူ အဆိုပါ ဆက်စပ်မှုကို မတွေ့ရှိရချေ။

“သူတို့အသီးအနှံနဲ့အသီးအရွက် ပိုစားတဲ့နေ့တွေမှာ အခြားနေ့တွေထက် ပိုပြီး စိတ်တည်ငြိမ်နေတတ်တာ၊ ပိုပြီး ပျော်နေတတ်တာ၊ ပိုပြီး သွက်လက်နေတတ်တာကို တွေ့ရပါတယ်။ ပြီးတော့ ဒီနေ့ အသီးအနှံ အသီးအရွက်စားတာဟာ နောက်တစ်ရက်အတွက်လည်း စိတ်ပျော်ရွှင်ကျေနပ်စေတာ တွေ့ရပါတယ်။ ကျွန်တော်တို့ အခြားသောလေ့လာမှုတွေ ပြုလုပ်ခဲ့တုန်းကလည်း လူငယ်တွေ အဓိပ္ပါယ်ပြည့်ဝတဲ့ ကောင်းတဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်စေဖို့အတွက် အသီးအနှံ၊ အသီးအရွက် များများစားပေးသင့်တယ် ဆိုတာကို တွေ့ခဲ့ရပါတယ်။
၎င်းနောက် ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာ စားသုံးမှုသည် အကောင်းမြင်စိတ်ကို ဖြစ်ပေါ်စေနိုင်သည်ဟု ဆွေးနွေး အတည်ပြုခဲ့ကြသည်။

Myanma Alinn Daily
Ref: The British Journal of Health Psychology



မိန်းခလေး ( သို့ ) ပန်းလေးတစ်ပွင့်



မိန်းခလေး ( သို့ ) ပန်းလေးတစ်ပွင့်


မိန်းခလေး၊ ပန်းတစ်ပွင့်
အတူတူပါပဲတဲ့..

ပန်းဆိုသည်မှာ လှတုန်းပတုန်း..
တင့်တယ်တုန်းမှာ..
တောင့်တမြူဆူ၊ လိုချင်သူအပေါင်းများစွာနဲ့ပေါ့..

ဒါပေမယ့် အဲဒီပန်းခလေးတစ်ပွင့်ကို..
တန်ဖိုးမထား၊ မဖြစ်သင့်..
အချိန်မတန်ခင်မှာ..
တန်ဖိုးမဲ့အောင်...
မလုပ်သင့်ပေဘူး.. နှမငယ်..။

ကောင်းသင့်တန်ရာ၊ ထွေနှဖြာကို
ကျိုးကြောင်းစုံစွာ၊ စဉ်းစား သုံးသတ်..
ဆုံးဖြတ်ကာ သွားသင့်တယ် နှမငယ်..။

ပျားပိတုန်းဆိုတာ..
ချူငင် သောက်သုံး..
ဝင်ကာ စားသုံးပြီး..
ပြန်ကာလှည့်သွား၊ ပြုမူတတ်ကြတယ်
နှမငယ်...။

သို့ကြောင့် ဘယ်ဟာဖြူ..
ဘယ်က မဲဆိုတာ..
ကြိုတင်ကာ စဉ်းစား၊
နေအတက်က ပန်းတစ်ပွင့်ရယ် အလား..
မိမိကိုယ်ကို ဂရုစိုက်ကာ နေထိုင်တတ်ပါမှ..
တော်ကာကြပါရော့မယ်....
ညီမငယ် ...။

  ကိုမျိုး (မိုးညှင်း)
 

စည်းရိုးတွေ လုံချင်တယ်ကွဲ့..

စည်းရိုးတွေ လုံချင်တယ်ကွဲ့..
******************

ကိုယ့်အမျိုးဥာတကာ
မဟုတ်ပါလေငြား
တို့ရွာမြေ လာမနင်းနဲ့
ရှင်းဟဲ့ ခုများ။

ကြပ်ပါတဲ့ မှတ်ပါ
တို့ရွာမြေ တို့အင်အား
တို့များဘာသာ..
မြေမျိုလျှင် မြေမပျောက်သော်လည်း..
လူမျိုလျှင် လူပျောက်သတဲ့
ဆိုတဲ့စကားမှာ...။

စောင့်ကာတဲ့ကြပ်ကာ
တို့များရွာ ခြံစည်းရိုး
တိုးလို့လုံစွာ၊

အ၀င်ရော အထွက်ပါ
သေချာဖို့အရေး
အတွင်းအပြင် မတူသမို့၊
မူချကာ သည်လုပ်ငန်း
ကြိုးပမ်းဖို့လေ။

စစ်ပါတဲ့ဆေးပါ
သူ့ရွာသူ ကိုယ့်ရွာသား
ခွဲခြားဖို့ရာ၊
မန်ကန်စွာ ရှိဆဲ။

ရွာသားတွေ စုံလင်နဲ့
စည်းရိုးတွေ စုံအလင်နဲ့
စည်းရိုးတွေ လုံချင်သကဲ့
ရွာအ၀င် ရွာအထွက်ကိုဖြင့်
မပျက်အောင် တာဝန်မှတ်ပါလို့
စောင့်ကြပ်ကာ လုံ့လစွမ်းနဲ့
ထမ်းကြအမြဲ။

သူရဇော်
( ရွှေတံခါးမှူး မဂ္ဂဇင်း၊ ၂၀၀၀ပြည့်နှစ်၊ ဖေဖော်ဝါရီ)


အမေသို့..

အမေသို့....
^^^^^


အမှောင်ထုကိုစိုးမိုးတဲ့ ညအမှောင်၊

ကြယ်ရောင်တွေမလင်းတဲ့ ညသန်းခေါင်၊

လမ်းပြပေးသူ လမ်းမီးလေး မေမေ ။

အမေ့ကို..သားကန်တော့ပါသည်။

သားတို့ရဲ့အမေ.. သားတို့ရဲ့အမေ.. အမေ ကိုယ်ကျန်းမာပါစေ..။

သားတို့ရဲ့အမေ.. သားတို့ရဲ့အမေ.. အမေ စိတ်ချမ်းသာပါစေ..။

ရုန်းကန် လှူပ်ရှားခဲ့ရတဲ့ ဘ၀အမှောင်..

လောကဓံတရားတွေနဲ့ ဘ၀အမှောင်..

လမ်းညွန် စောက်ရှောက်ပေးသူအမေ

မေမေကို သားရှိခိုးကန်တော့ပါသည်..။

သားတို့ရဲ့အမေ.. သားတို့ရဲ့အမေ.. အမေ

သက်တော်ရာကျော်ရှည်ပါစေ..။

သားတို့ရဲ့အမေ.. သားတို့ရဲ့အမေ.. အမေ လိုရာဆန္ဒပြည့်ဝပါစေ..။


ကဗျာ..

ကဗျာ....
****


သတိရတိုင်း..
ကဗျာတွေရေး..။

တွေးမိတိုင်း..
ကဗျာတွေရေး..။

သံဝေဂရစရာကြုံမိတိုင်း..
ကဗျာတွေရေး..။

ဝမ်းသာ၊ ၀မ်းနည်း မိတိုင်း..
ကဗျာတွေရေး..။

ဒီလို..
ကဗျာတွေ တွေးရင်း၊ ငေးရင်း ရေးရင်းနဲ့ပဲ..
အတွေးထဲမှာ ကဗျာ၊
ခြေလှမ်းတိုင်းမှာ ကဗျာ၊
တွေးမိ၊ သတိရမိတိုင်းမှာ ကဗျာ၊

သြော်.. ကလောင်စာသား၊
ကဗျာ သမားမို့...
အရာရာတိုင်းမှာ ငါ့အတွက် ကဗျာ ။ ။

ကိုမျိုး ( မိုးညှင်း )



အားလုံး.. မှာတာဝန်ရှိပါသည်..

မြန်မာပြည်သူ၊ ပြည်သား
လူအများသို့..

ဤခေတ်တွင် သည်အခါ..
ဒို့ပြည်မြေ၊ သာသနာ ဘာသာ
ရှေးပဝေဿနီမှသည်၊ ယနေ့တိုင်
စည်ပင်ကာ ထွန်းကား လာခဲ့ရပေသည်။
ညီညာလက်ခြင်း၊ မြဲခဲ့ကြပေသည်..။

သို့သော်..
ယနေ့ခေတ် ဒီအချိန်အခါမှာတော့ဖြင့်..
အရင်လို ဘာသာ၊ သာသနာ၊
နိုင်ငံနှင့် လူမျိုးအတွက်တွင်ပါ့..
တစ်ကိုယ်စာ ကျင့်ကြံ၊ အားထုတ်ကာ
ပြုရုံနှင့် မသင့်တော့ပြီမို့..
ဆိုင်ရာ သားသမီး၊ ဆွေသင်္ဂဟအပေါင်းဆီသို့..
ဘာသာ သာသနာ၊ လူမျိုးနှင့် နိုင်ငံမပျောက်ပျက်ရလေအောင်ပါ့..
တိုင်ပင် နှီးနှောဆွေးနွေးကာရယ်နှင့်..
နောင်တစ်ချိန်တွင် မြန်မာပြည်နှင့် လူမျိုးဆိုတာ..
ကမ္ဘာ့အလယ်တွင် တင်ကျန်ရစ်အောင်ဖြင့်..
ခုကတည်းက တင်ကြိုကာ ကာကွယ်ကြပါစို့။

မြန်မာဆိုတာ..
ယဉ်ကျေးမှူအစဉ်အလာ၊ ဘာသာ သာသနာ ထွန်းကားလျက်သာပေမို့..
အစဉ်အပ ဆိုချင်မိတာကတော့ဖြင့်..
ပုခက်လွဲမယ့်၊ တိုင်းရင်းသူ ယဉ်တစ်ကိုယ် မြန်မာမလေးများသို့..
ထာဝရအစဉ် ထိန်းသိမ်းကာ..
လူမျိုး၊ ဘာသာတူ မြန်မာအမျိုးသားများကိုသာ လက်ထပ်ကာ..
မြန်မာ ဟူသည့် မျိုးဆက်များကိုသာ မွေးထုတ်ရင်းချန်ရစ်ခဲ့ကြရလေအောင်..
စိတ်ဆန္ဒတစ်ခုတည်းကို အလိုမလိုက်ပဲ၊ အမှန်တရားကိုစဉ်းစား..
ဖြစ်သင့်တာကို လျှောက်လှမ်းကာသွားကြရင်းနဲ့..
မြန်မာပြည်သူ၊ ပြည်သားတွေ အားလုံး.. အားလုံးတို့..
တူညီကာလက်တွဲရင်း မြန်မာ့လူမျိုး၊ နိုင်ငံ၊ ဘာသာ၊ သာသနာကို..
ကမ္ဘာတည်သ၍ မြန်မာနိုင်ငံနှင့် လူမျိုးဆိုတာ တင်ကျန်ခဲ့ရလေအောင်
ခုချိန်ကစပြီး ကာကွယ် စောင့်ရှောက်ကြပါစို့လား...။      ။


 ကိုမျိုး..

 

မင်းကွန်းဆရာတော် ဘုရားကြီး၏ အမျိုး၊ ဘာသာ၊ သာသနာအတွက် မိန့်ကြားချက်။

မင်းကွန်းဆရာတော် ဘုရားကြီး၏ အမျိုး၊ ဘာသာ၊ သာသနာအတွက် မိန့်ကြားချက်။

တစ်ခါက ကမ္ဘာကျော် မင်းကွန်းတိပိဋကဓရဆရာတော်ဘုရားကြီး၏ တပည့်များမှ ဘာသာခြားများဆိုင်မှ အဆောက်အဦးပစ္စည်းများဝယ်ခဲ့သဖြင့်
ဆရာတော်ဘုရားကြီးက ငှင်းတို့ဆိုင်များမှ (၁)ကျပ်အမြတ်တင်၍ မြန်မာ
တိုင်းရင်းသားများဆိုင်များ (၁၀)ကျပ်အထိ အမြတ်တင်ရင်တောင်
မြန်မာတိုင်းရင်းသားဆိုင်များမှာသာ ၀ယ်သင့်ကြောင်း မိန့်ဆိုဘူးပါသည်။

ဘာလို့လဲဆိုတော့ ဘာသာခြားတို့မြတ်တဲ့ အမြတ်ငွေသည် အမျိုးဘာသာ
ဖျက်ဆီးမယ့် (၁)ကျပ်ဖြစ်ပြီး မြန်မာတိုင်းရင်းသားတို့မြတ်တဲ့ (၁၀)ကျပ်က
ကျောင်းဆောက်မှာ ဖြစ်လို့ပဲ.. လို့ မိန့်ကြားတော်မူခဲ့ပါတယ်။

သြော်.. ကမ္ဘာကျော် ဆရာတော်ဘုရားကြီးပင်လျင် အမျိုး၊ ဘာသာ၊ သာသနာအတွက် ရတက်မအေးခဲ့ရှာပါတကား..။


ကိုမျိုး ( မိုးညှင်း )