Monday, February 4, 2013

စည်းရိုးတွေ လုံချင်တယ်ကွဲ့..

စည်းရိုးတွေ လုံချင်တယ်ကွဲ့..
******************

ကိုယ့်အမျိုးဥာတကာ
မဟုတ်ပါလေငြား
တို့ရွာမြေ လာမနင်းနဲ့
ရှင်းဟဲ့ ခုများ။

ကြပ်ပါတဲ့ မှတ်ပါ
တို့ရွာမြေ တို့အင်အား
တို့များဘာသာ..
မြေမျိုလျှင် မြေမပျောက်သော်လည်း..
လူမျိုလျှင် လူပျောက်သတဲ့
ဆိုတဲ့စကားမှာ...။

စောင့်ကာတဲ့ကြပ်ကာ
တို့များရွာ ခြံစည်းရိုး
တိုးလို့လုံစွာ၊

အ၀င်ရော အထွက်ပါ
သေချာဖို့အရေး
အတွင်းအပြင် မတူသမို့၊
မူချကာ သည်လုပ်ငန်း
ကြိုးပမ်းဖို့လေ။

စစ်ပါတဲ့ဆေးပါ
သူ့ရွာသူ ကိုယ့်ရွာသား
ခွဲခြားဖို့ရာ၊
မန်ကန်စွာ ရှိဆဲ။

ရွာသားတွေ စုံလင်နဲ့
စည်းရိုးတွေ စုံအလင်နဲ့
စည်းရိုးတွေ လုံချင်သကဲ့
ရွာအ၀င် ရွာအထွက်ကိုဖြင့်
မပျက်အောင် တာဝန်မှတ်ပါလို့
စောင့်ကြပ်ကာ လုံ့လစွမ်းနဲ့
ထမ်းကြအမြဲ။

သူရဇော်
( ရွှေတံခါးမှူး မဂ္ဂဇင်း၊ ၂၀၀၀ပြည့်နှစ်၊ ဖေဖော်ဝါရီ)


No comments:

Post a Comment