Monday, February 4, 2013

လက်ဦးဆရာ မိမာတာ..


- ရင်သွေးဟူက၊ ချစ်မ၀တည့်

- မိဘတံထွာ၊ သားတကာနှင့်

- တစ်ရာနှစ်ကဲ၊ လည်ချင်းနွှဲလည်း

- ရောင့်ရဲမထင်၊ စုံမက်ကြင်လျက်

- ဖြုတ်ခြင် ကိုက်နာ၊ မြူရှိမှာမျှ

- ရံခါတစ်ရစ်၊ မဖြစ်စေရက်

- အသက်ရှည်ကြောင်း၊ ဆုတောင်းဆုယူ

- အလှူကောင်းမှူ၊ ကိုယ်စားပြု၍

- ၀တ်တုစားပ၊ ဆောင်ရွက်စကား

- ကုံငဖြည့်တင်း၊ ဖြန့်ဖြူးခြင်းလည်း

- မကင်းရေမိုး၊ ဥယျာဉ်မိုးသို့

- မညှိုးမခေါင်၊ ကြီးပြင်းအောင်လျှင်

- စောင်စောင်ပျပ်ပျပ်၊ ကွပ်ညှပ်ဆုံးမ

- သင်ပြသသည်၊ ငယ်က လက်ဦးဆရာတည်း။

***********************

ဆရာချစ်စံဝင်း၏ အမေနှင့် အမေ့အကြောင်း စာအုပ်မှ....
 
 


No comments:

Post a Comment