Monday, February 4, 2013

အားလုံး.. မှာတာဝန်ရှိပါသည်..

မြန်မာပြည်သူ၊ ပြည်သား
လူအများသို့..

ဤခေတ်တွင် သည်အခါ..
ဒို့ပြည်မြေ၊ သာသနာ ဘာသာ
ရှေးပဝေဿနီမှသည်၊ ယနေ့တိုင်
စည်ပင်ကာ ထွန်းကား လာခဲ့ရပေသည်။
ညီညာလက်ခြင်း၊ မြဲခဲ့ကြပေသည်..။

သို့သော်..
ယနေ့ခေတ် ဒီအချိန်အခါမှာတော့ဖြင့်..
အရင်လို ဘာသာ၊ သာသနာ၊
နိုင်ငံနှင့် လူမျိုးအတွက်တွင်ပါ့..
တစ်ကိုယ်စာ ကျင့်ကြံ၊ အားထုတ်ကာ
ပြုရုံနှင့် မသင့်တော့ပြီမို့..
ဆိုင်ရာ သားသမီး၊ ဆွေသင်္ဂဟအပေါင်းဆီသို့..
ဘာသာ သာသနာ၊ လူမျိုးနှင့် နိုင်ငံမပျောက်ပျက်ရလေအောင်ပါ့..
တိုင်ပင် နှီးနှောဆွေးနွေးကာရယ်နှင့်..
နောင်တစ်ချိန်တွင် မြန်မာပြည်နှင့် လူမျိုးဆိုတာ..
ကမ္ဘာ့အလယ်တွင် တင်ကျန်ရစ်အောင်ဖြင့်..
ခုကတည်းက တင်ကြိုကာ ကာကွယ်ကြပါစို့။

မြန်မာဆိုတာ..
ယဉ်ကျေးမှူအစဉ်အလာ၊ ဘာသာ သာသနာ ထွန်းကားလျက်သာပေမို့..
အစဉ်အပ ဆိုချင်မိတာကတော့ဖြင့်..
ပုခက်လွဲမယ့်၊ တိုင်းရင်းသူ ယဉ်တစ်ကိုယ် မြန်မာမလေးများသို့..
ထာဝရအစဉ် ထိန်းသိမ်းကာ..
လူမျိုး၊ ဘာသာတူ မြန်မာအမျိုးသားများကိုသာ လက်ထပ်ကာ..
မြန်မာ ဟူသည့် မျိုးဆက်များကိုသာ မွေးထုတ်ရင်းချန်ရစ်ခဲ့ကြရလေအောင်..
စိတ်ဆန္ဒတစ်ခုတည်းကို အလိုမလိုက်ပဲ၊ အမှန်တရားကိုစဉ်းစား..
ဖြစ်သင့်တာကို လျှောက်လှမ်းကာသွားကြရင်းနဲ့..
မြန်မာပြည်သူ၊ ပြည်သားတွေ အားလုံး.. အားလုံးတို့..
တူညီကာလက်တွဲရင်း မြန်မာ့လူမျိုး၊ နိုင်ငံ၊ ဘာသာ၊ သာသနာကို..
ကမ္ဘာတည်သ၍ မြန်မာနိုင်ငံနှင့် လူမျိုးဆိုတာ တင်ကျန်ခဲ့ရလေအောင်
ခုချိန်ကစပြီး ကာကွယ် စောင့်ရှောက်ကြပါစို့လား...။      ။


 ကိုမျိုး..

 

No comments:

Post a Comment