Monday, February 4, 2013

'လတ်ဆတ်သောအသီးအနှံ၊ အသီးအရွက်များစားသုံးပေးပါက လူငယ်များ ကျေနပ်ပျော်ရွှင်သော ဘ၀ကို ရစေနိုင်'


'လတ်ဆတ်သောအသီးအနှံ၊ အသီးအရွက်များစားသုံးပေးပါက လူငယ်များ ကျေနပ်ပျော်ရွှင်သော ဘ၀ကို ရစေနိုင်'


လူငယ်များသည် အသီးအနှံ၊ အသီးအရွက်များကို ပိုမိုစားသုံးပေးပါက ပို၍စိတ်တည်ငြိမ်မှုရစေပြီး နေ့စဉ်ဘ၀ထဲတွင် ပို၍ပျော်ရွှင်တက်ကြွသွက်လက်စေနိုင်သည် ဟူသော အချက်ကို Otago တက္ကသိုလ်မှ သုတေသန ပညာရှင်များက တွေ့ရှိခဲ့ကြသည်။ လူ့အာဟာရ ဖွံ့ဖြိုးရေးဌာန၏ စိတ်ရောဂါ သုတေသနပညာရှင်များက တစ်ရက်နှင့် တစ်ရက် ဖြစ်ပေါ်တတ်သော စိတ်ခံစားချက်များနှင့် အစားအစာ စားသုံးမှုတို့အကြား ဆက်စပ်မှုများကို စောင့်ကြည့်လေ့လာမှုများ ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။ ပျှမ်းမျှအားဖြင့် အသက် ၂၀ အရွယ် လူငယ် ၂၈၁ ယောက်တို့အား အင်တာနက်မှတစ်ဆင့် နေ့စဉ် စားသောက်မှုတို့ကို ၂၁ ရက်အကြာ လေ့လာခဲ့ကြသည်။ နေ့စဉ် သူတို့မည်သည့် အစားအစာများ စားသောက်ကြသည်၊ ၀မ်းသာစရာ ၀မ်းနည်းစရာများနှင့် ကြုံတွေ့သောအခါ သူတို့မည်ကဲ့သို့ ခံစားချက်များ ဖြစ်ပေါ်သည်တို့ကို မှတ်တမ်းတင်ခဲ့သည်။
ပါဝင်သူများအား အသီးအနှံနှင့် အသီးအရွက် စားသုံးသူပမာဏ၊ ကျန်းမာရေးအထောက်အကူ မဖြစ်စေသော ကွတ်ကီး၊ အားလူးကြော်နှင့် ကိတ်မုန့်တို့ စားသုံးမှု ပမာဏတို့ကိုလည်း မေးမြန်းမှတ်တမ်းတင်ထားခဲ့သည်။
ရလဒ်တွင် အသီးအနှံ၊ အသီးအရွက်များများ စားသုံးသူများသည် ပို၍ အကောင်းမြင်စိတ် ရှိကြသည် ဆိုသော ဆက်စပ်မှုကို ခိုင်ခိုင်မာမာ တွေ့ရှိရသော်လည်း အခြားအစားအစာ စားသုံးသူတို့တွင်မူ အဆိုပါ ဆက်စပ်မှုကို မတွေ့ရှိရချေ။

“သူတို့အသီးအနှံနဲ့အသီးအရွက် ပိုစားတဲ့နေ့တွေမှာ အခြားနေ့တွေထက် ပိုပြီး စိတ်တည်ငြိမ်နေတတ်တာ၊ ပိုပြီး ပျော်နေတတ်တာ၊ ပိုပြီး သွက်လက်နေတတ်တာကို တွေ့ရပါတယ်။ ပြီးတော့ ဒီနေ့ အသီးအနှံ အသီးအရွက်စားတာဟာ နောက်တစ်ရက်အတွက်လည်း စိတ်ပျော်ရွှင်ကျေနပ်စေတာ တွေ့ရပါတယ်။ ကျွန်တော်တို့ အခြားသောလေ့လာမှုတွေ ပြုလုပ်ခဲ့တုန်းကလည်း လူငယ်တွေ အဓိပ္ပါယ်ပြည့်ဝတဲ့ ကောင်းတဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်စေဖို့အတွက် အသီးအနှံ၊ အသီးအရွက် များများစားပေးသင့်တယ် ဆိုတာကို တွေ့ခဲ့ရပါတယ်။
၎င်းနောက် ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာ စားသုံးမှုသည် အကောင်းမြင်စိတ်ကို ဖြစ်ပေါ်စေနိုင်သည်ဟု ဆွေးနွေး အတည်ပြုခဲ့ကြသည်။

Myanma Alinn Daily
Ref: The British Journal of Health Psychology



No comments:

Post a Comment