Monday, February 4, 2013

အားလုံးလက်တွဲကာ ကိုယ်စီတာဝန်များကို ထိန်းသိမ်းကာကွယ်ကြပါစို့....


အားလုံးလက်တွဲကာ ကိုယ်စီတာဝန်များကို ထိန်းသိမ်းကာကွယ်ကြပါစို့....
**************************************************

ယနေ့ခေတ် နည်းပညာ အတတ်ပညာရှင်များ တီထွင်လိုက်တဲ့ ကမ္ဘာ့ကြောက်စရာ လက်နက် အနှူမြူ၊ ဟုတ်ဒရိုဂျင်ဗုံး ဆိုတာ
လူမျိုးတစ်စု၊ တစ်စိတ်သဒေသသို့ သေကြေပျက်စီးသွားနိုင်တယ်
ဆိုတာ အားလုံးအသိပါပဲ။ သို့သော် လူမျိုး၊ တစ်နိုင်ငံလုံး ပျောက်ကွယ်
မသွားနိုင်ပေ။ တစ်ချိန်က ဂျပန်သို့ အနူမြူဗုံးကျဲချပြီးသကာလ နောင်..
ယနေ့တိုင် အောက်မေ့ဖွယ်အထိမ်းအမှတ်အဖြစ်နဲ့ ကျန်ရှိလူမျိုးများ ပူဆွေး
နေရဆဲပါ။ သို့ပေမယ့် နိုင်ငံနှင့် လူမျိုးကိုဖြင့် မျိုးမတုန်းသွားစေခဲ့ပါ။
" မြေမျို၍ လူမျိုးမပြုတ်၊ လူကို လူခြင်းမျိုပါမှ နိုင်ငံနှင့် လူမျိုးပါ
ပျောက်မည် " တဲ့..။
လူကို လူခြင်းမျိုလျှင်တော့ တစ်ဖြည်းဖြည်းနှင့် လူမျိုးတစ်ရပ်လုံး
မျိုးတုန်းပျောက်ကွယ်သွားပေလိမ့်မည်သာ။ ဒါကြောင့် ငှင်းတို့သည် ယနေ့
အနူမြူ၊ ဟိုက်ဒရိုဂျင်ဗုံးဆိုတာများထက် လွန်စွာကြောက်စရာ အကောင်းဆုံး
အရာများသာပင်။
အထူးသဖြင့် မြန်မာပြည် အနာဂတ်၊ မျိုးဆက်သစ်သားလှရတနာများ
အား မွေးထုတ်ပေးနိုင်မယ့် လက်ဆင့်ကမ်း ပုခက်လွဲမည့် မိခင်လောင်းလျာ
မြန်မာတိုင်းရင်းသူအပေါင်းတို့အား သတိရှိကြပါကုန်။
အဘယ်ကြောင့်ဆိုသော် နိုင်ငံတစ်နိုင်ငံ လူမျိုးတစ်စု၏ မျိုးဆက်ရှင်သန်
မှူဟူသည် မိန်းမပျိုလေးများ အမျိုး၊ ဘာသာ၊ သာသနာအပေါ် စောင့်ထိန်းမှူ၊
သန့်ရှင်းစင်ကြယ်စွာ မိမိတို့ အနာဂတ် မျိုးဆက်များ တည်ရှိတင်ကျန်နိုင်မှူတွင်
များစွာမူတည် လိုအပ်လှပေသည်။
လူဘ၀ဟူသည် ခဏသာ ရေပွက်ပမာသို့သာလျှင်။ တစ်ချိန်က မိမိတို့လူမျိုး
ဘာသာ သာသနာများကို ရှေးလူကြီး မိခင်၊ ဘိုးဘွား ဘီဘင်တို့မှ ထိန်းသိမ်း
ကာကွယ် စောင့်ရှောက်ခဲ့၍သာ ယနေ့ မြန်မာပြည်တွင် ကျွန်တော်တို့ ခင်ဗျားတို့တတွေ ရှင်သန် နေထိုင် သွားလာ လှူပ်ရှားခွင့် ရနေခဲ့ခြင်းသာ ဖြစ်ပါ
သည်။ ယနေ့ခေတ်မှ နောင်တစ်ချိန် မြန်မာလူမျိုး၊ နိုင်ငံဆိုသည့် နောက်မျိုးဆက်
သစ်များ မိမိတို့လို နေထိုင် သွားလာနိုင်ဖို့ဆိုတာ တစ်ဦးတစ်ယောက်တည်း
မဟုတ်ပဲ ယနေ့ခေတ် မြန်မာတိုင်းရင်းသူ မိန်းကလေးများတွင် အဓိကလို့ပြော
နိုင်ပေမယ့် မြန်မာတိုင်းရင်းသား ညီအစ်ကို မောင်နှမများလည်း အားလုံးတာဝန်
ကိုယ်စီရှိကြပါသည်လေ။
ရှေးပဝေဿနီကတည်းက ထိန်းသိမ်းစောင့်ရှောက်လာခဲ့သည့် မြန်မာပြည်ကို
နောင် မြန်မာမျိုးဆက်သစ် လူငယ် မောင်မယ်များအတွက် လက်ဆင့်ကမ်းအမွေ
တွေပေးနိုင်ဖို့ ကျွန်တော်တို့ ခင်ဗျားတို့၊ လူကြီး လူငယ် အားလုံးတွင်တာဝန်
လုံးဝ.. လုံးဝ..ရှိနေသည်ဆိုသည်ကို သတိပြုစေလိုပါသည်။ ဆင်ခြင်သုံးသတ်
ဆုံးမ ပဲ့ပြင်ကြစေလိုပါသည်။

ဒါကြောင့် နောင်အနာဂတ် လူမျိုး၊ ဘာသာ၊ သာသနာ မပျောက်ပျက်အောင်
ခုကတည်းက တင်ကြိုကာ စဉ်းစား၊ဆင်ခြင်ကြကာ မြန်မာအမျိုးသမီးလေးများ
ပုခက်လွဲမည့်လက်များ၊ မိခင်နို့ရည် စစ်ကြစေလိုပါသည်။
 
ကိုမျိုး ( မိုးညှင်း )
 
 

No comments:

Post a Comment