- နေ့တိုင်း နေ့တိုင်း၊ သားသက်နှိုင်းကို
- ကသိုဏ်းအတု၊ မပြတ်ပြုသည်
- ရှူ၍မငြီး၊ မျက်စိမျက်နှာ၊ ထပ်ခါခါသည်
- မြင်ပါချင်စိတ်၊ ရေသို့ဖိတ်လျက်
- သားလှသက်သည်၊ တို့ထက်တာရှည်
- တည်ပါစေသား၊ မောင်ရွှေသားဟု
- သနား ကရုဏာ၊ မေတ္တာစုံမက်
- ကိုယ့်အသက်ထက်၊ ဆထက်ကြင်နာ
- မိမာတာကား၊ ထပ်ကာတိုးပွား
- မှောက်ကြွားထကြွ၊ တော့တတော့တီ
- မပီစကား၊ အသံကြားလည်း
- သနားၾကင္နာ၊ မ်က္နွာရႊင္ပ်
- မြင်ဖို့ရလည်း၊ ၀မ်းက မဆံ့
- ပီတိနှံ့လျက်၊ နှစ်သက်ရွှင်ပြုံး
- သားရွှေတုံးကို၊ မျက်လုံးကဲ့သို့ ထင်၏တည်း..။ ။
******************
ကိုမျိုး ( မိုးညှင်း )
ဆရာချစ်စံဝင်း၏ အမေနှင့် အမေ့အကြောင်း စာအုပ်မှ....
No comments:
Post a Comment