Wednesday, December 28, 2011
Tuesday, December 27, 2011
ဘယ်မှာငါဟု ရှိအံ့နည်း
လောကဇာတ်ခုံ၊ ဤလူ့ဘုံ၌
မျိုးစုံကကြ ၊ မာန်မာနနှင့်
ငါကရာဇာ ၊ ငါဟာသူဌေး ၊ ငါပဂေးဟု
ငါသွေးတက်ကြွ ၊ လူ့ဗာလတို့
များလှဖြာဖြာ ၊ အဝိဇ္ဇာနှင့်
တဏှာဘီလူး ၊ အမှောင့်ပူး၍
ကျူးကျူးကျော်ကျော် ၊ ဂုဏ်ကိုဖေါ်လျက်
မော်မော် မောက်မောက် ၊ ငါတစ်ယောက်သာ
မိုးအောက်တလွှား ၊ရွှေကိုယ်လားဟု
ထင်မှားမလွဲ ၊ သို့စဉ်စွဲလည်း
ဇာတ်ပွဲပြီးက ၊ ပြေဖုံးချသော်
သုဘရာဇာ ၊ မြေအောက်မှာပင်
ဘာသာလူမျိုး ၊ ချိန်မထိုးပဲ
ပုတ်သိုးခန္ဓာ ၊ မြုပ်ရရှာသည်
ဘယ်မှာ ငါဟု ရှိအံ့နည်း။
(မိုးကုတ်ဆရာတော်ကြီး)
ငါအိုသွားသောအခါ
ဆရာဦးမြင့်ရွှေ(ပေါင်းတည်)ကသူရဲ့ ခန္ဒာကိုမြင်ခြင်းနှင့်ဒါနသီလ ဆိုတဲ့စာအုပ်ကလေးထည်းမှာငါအိုသွားသောအခါ လို့နာမည်တပ်ပြီးအိုခြင်းတရာြးေ ကာင့်ဖြစ်လာရမဲ့ပူပန်မှသောကတွေကိုကြိုတင်ပြီးတော့စိုးရိမ်ထားတာ ကိုတွေ့ရပါ တယ်၊တစ်နည်းအားဖြင့်ပြောရမယ်ဆို ရင်တော့ဒီဘ၀မှာမှခေတ္တခဏတွေ့ကြုံ ခဲ့ရတဲ့ကျေးဇူးမကင်းတဲ့ဧည့်သည်ေ လး တွေကိုမိမိပြုခဲ့ဘူးတဲ့ကျေးဇ...ူးကိုမမေ့ဘို့ရယ်၊ကောင်းမှုတြွေ ဖစ်စေခြင်တဲ့ဆန္ဒရယ်ကြောင့်စောစောစီးစီးကြိုတင်ပြီးတော့မှာတမ်းထားတာလဲဖြစ်နိုင်ပါတယ်။တစ်နည်းအားဖြင့်ပြောရရင်လဲဒီဘ၀ဒီခန္ဒာမှာေ တ်ာစပ်ခဲ့ရတဲ့သားနဲ့သမီးကိုနောက်ဆုံးကုသိုလ်တွေအမွေပေးခဲ့ချင်တာလဲဖြစ်မှာပါ၊သူတင်ပြထားတဲ့မှာတ မ်းလေးကိုသားနဲ့သမီးတို့သိကြပါေ စရန်တစ်ဆင့်တင်ပြပေးလိုက်ပါတယ်။
ငါ အိုသွားသောအခါ ငါဟာအရင်က ငါ မဟုတ်တော့ဘူး၊ငါ့ကို နားလည်ပေးပါ၊စိတ်ရှည်ရှည်ထားဆက် ဆံပေးပါ။ အ ချိနဲ့်နဲ့ လက်တွေနဲ့ ထမင်းဟင်းတွေအကျီင်္ပေါ်ဖိတ်စင်သွားတဲ
့အ ခါကျီင်္လုံချည်ဘိုသီဘတ်သီဖြစ်နေတဲ့ အခါ
ငါ့ကိုမရွံပါနဲ့၊ငယ်စဉ်တုံးကငါသုတ်သင်ပေးခဲ့တာတွေကို ကျေးဇူးပြုပြီး သတိရပေးပါ။ အပ်ကြောင်းထပ်မကပြောပြီးတဲ့စကားတွေကိုပြန်ပြောမိတဲ့အခါ စကားမဖြတ်ပဲကျေးဇူးပြုပြီးနားထောင်ပေးပါ။
ငယ်ငယ်တုံးကအိပ်ယာဝင်တိုင်းတစ် ထောင့်တစ်ညပုံပြင်တွေ၊ငါးရာ့ငါး ဆယ်ဇာတ်နိပါတ်တော်တွေ၊ဇာတ်ကြီးဆ ယ်ဘွဲ့တွေစတဲ့ပုံပြင်တွေကိုမရိုးအောင်ပြောရင်းငါချော့သိပ်ခဲ့တာ တွေကိုသတိရပေးပါ။
=မလှုပ်ရှားနိုင်လို့ရေချိုးဘို့ အကူအညီလိုတဲ့အခါ ငါ့ကိုမငြိုငြင်ပါနဲ့၊ငယ်ငယ်တုံးကချော့တလှည့်။ခြောက်တစ်ခါရေချိုးပေးဘူးတဲ့ပုံရိပ်ကလေးတွေကိုမြ င်ယောင်ပေးပါ။
=ခေတ်သစ်နည်းပညာသစ်တွေကိုမသိနားမလည်ခဲ့ရင်မလှောင်ပါနဲ့၊ငယ်ငယ် တုံးက ဘာကြောင့်ဆိုတဲ့မေးခွန်းတိုင်းကိုစိတ်ရှည်စွာငါပြန်ဖြေပေးခဲ့တာ ကို သတိရပေးပါ။
=စိတ်သွားတိုင်းကိုယ်မပါ နွမ်းလျပြီးလမ်းမလျောက်နိုင်တဲ့ အခါ ခွန်အားပါတဲ့လက်တစ်စုံနဲ့ ငါ့ကိုကူတွဲပေးကြပါ။လမ်းလျှောက် သင်စအရွယ်တုံးကတစ်လှမ်းချင်းလမ်းလျှောက်လေ့ကျင့်ပေးခဲ့တာတွေကို သတိရပေးပါ။
တစ်နေ့ထက်တစ်နေ့ အိုစာသွားတဲ့ငါ့ကိုကြည့်ပြီး ၀မ်းမနည်းပါနဲ့၊အားပေးပါ၊အရင်တုံးကလူ့ဘ၀တက်လမ်းအတွက်ငါလမ်းညွှန် ခဲ့သလို အခုအချိန်မှာ ငါ့ဘ၀နောက်ဆုံးအချိန်အတွက်အဖော် ပြုပေးပါ။ချစ်ခြင်းမေတ္တာနဲ့အေြး မမှုတွေကို ငါပြုံးပြုံလေးလက်ခံမှာပါ၊အဲဒီအ ပြုံးတွေထည်းမှာမဆုံးနိုင်တဲ့ငါ့ မေတ္တာတွေတွေ့ရမှာပါ။
သားတို့သမီးတို့ရေ ထာဝရပျော်ရွင်ချမ်းမြေ့ကြပါစေကွ ယ် တဲ့
ကျေးဇူးတရားသိတတ်ကြတဲ့သားတိုင်း၊သမီးတိုင်း
ကိုယ်ရောစိတ်ပါထာဝရကြည်လင်အေြး မချမ်းသာပြည့်ဝစင်ကြယ်ကြပါစေ။
" မေတ္တာ သာရဏီယတရား " ( မေတ္တာ သုံးမျိုး )
သတ္တဝါတို့ရဲ့ ကောင်းကျိုးချမ်းသာကို လိုလားတဲ့ မေတ္တာစိတ်ဟာ စိတ်ထဲတင်ဖြစ်ပေါ်နေရုံမျှနဲ့ မပြီးသေးပါဘူး။ နှုတ်ပြော ( ဝစီကံ ) နှင့် ကိုယ်အပြုအမူ ( ကာယကံ ) တို့မှာပါ ယှဉ်တွဲ လျက်ပါနေဖို့ အရေးကြီးပါတယ်။ ဒါကြောင့် မေတ္တာကို ကာယကံမေတ္တာ ၊ ဝစီကံမေတ္တာ ၊ မနောကံမေတ္တာလို့ သုံးမျိုးခွဲခြားပြီး မှတ်သားရပါတယ်။
ကာယကံမေတ္တာ
ကာယကံမေတ္တာ ဆိုတာ တစုံတရာကိုပြုလုပ်တဲ့အခါမှာ မိမိက သတ္တဝါတွေကို ချမ်းသာစေလိုတဲ့မေတ္တာစိတ် ရှိတဲ့ အတွက် သတ္တဝါတစ်ဦးဦးကို ထိပါးနစ်နာစေတဲ့ အလုပ်ကို မလုပ်ဘူး။ သတ္တဝါတွေ ချမ်းသာစေ ၊ အကျိုးများစေမည့် အလုပ်ကိုသာလုပ်တယ်။ အဲဒါ ကာယကံမေတ္တာပဲ။
ဝစီကံမေတ္တာ
တစုံတရာကိုပြောဆိုတဲ့ အခါမှာလည်း မိမိက သတ္တဝါတွေကို ချမ်းသာစေလိုတဲ့ မေတ္တာစိတ်ရှိတဲ့ အတွက် သတ္တဝါတဦးဦးကို ထိပါးနစ်နာစေတဲ့ စကားကို မပြောဘူး။ သတ္တဝါတွေ ချမ်းသာစေ ၊ အကျိုးများစေမည့် စကားကိုသာပြောတယ်။ အဲဒါ ဝစီကံမေတ္တာပဲ။
မနောကံမေတ္တာ
တစုံတရာကို စဉ်းစားကြံတွေးတဲ့အခါမှာလည်း မိမိက သတ္တဝါတွေကို ချမ်းသာစေလိုတဲ့ မေတ္တာစိတ် ရှိတဲ့ အတွက် သတ္တဝါတဦးဦးကိုထိပါး နစ်နာစေတဲ့ အကြံအတွေးကို မကြံတွေးဘူး။ သတ္တဝါတွေ ချမ်းသာစေ ၊ အကျိုးများစေမည့် အကြံအတွေးကိုသာ ကြံတွေးတယ်။ အဲဒါ မနောကံမေတ္တာပဲ။
မိမိသန္တာန်မှာ မေတ္တာစိတ် အမှန်တကယ်ရှိနေရင် ကာယကံမေတ္တာ ၊ ဝစီကံမေတ္တာတွေလည်း ရှိတော့တာပါပဲ။
(ချမ်းမြေ့ဆရာတော်)
" မေတ္တာ သာရဏီယတရား "
ကာယကံ မေတ္တာ
မေတ္တာနှင့်ယှဉ်၊ ပြုမူလျှင် ၊အစဉ်အောက်မေ့ဖွယ်။ သူ့ဂုဏ်ကျေးဇူး ၊ မမေ့ဘူး ၊ အထူးအောက်မေ့တယ်။
အများချစ်ခင် ၊ ရိုသေချင် ၊ ခင်မင်လေးစားတယ်။
စိတ်ဝမ်းမကွဲ ၊ တသွေးထဲ ၊ ညီလည်းညီညွတ်တယ်။ ညီညွတ်သူဆောင် ၊ ဆောင်တိုင်းအောင် ၊ လူ့ဘောင်ငြိမ်းချမ်းတယ်။
ဝစီကံ မေတ္တာ
မေတ္တာနှင့်ယှဉ်၊ ပြောဆိုလျှင် ၊အစဉ်အောက်မေ့ဖွယ်။
ချိုသာစကား ၊ ကျိုးလိုလား၊ ကြားရချမ်းသာတယ်။ သူ့ဂုဏ်ကျေးဇူး ၊ မမေ့ဘူး ၊ အထူးအောက်မေ့တယ်။
အများချစ်ခင် ၊ ရိုသေချင် ၊ ခင်မင်လေးစားတယ်။
စိတ်ဝမ်းမကွဲ ၊ တသွေးထဲ ၊၊ ညီလည်းညီညွတ်တယ်။ ညီညွတ်သူဆောင် ၊ ဆောင်တိုင်းအောင် ၊လူ့ဘောင်ငြိမ်းချမ်းတယ်။
မနောကံ မေတ္တာ
မေတ္တာနှင့်ယှဉ်၊ စိတ်ထားလျှင် ၊ အစဉ်အောက်မေ့ဖွယ်။ သူ့ဂုဏ်ကျေးဇူး ၊ မမေ့ဘူး ၊ အထူးအောက်မေ့တယ်။
အများချစ်ခင် ၊ ရိုသေချင် ၊ ခင်မင်လေးစားတယ်။
စိတ်ဝမ်းမကွဲ ၊ တသွေးထဲ ၊ ညီလည်းညီညွတ်တယ်။ ညီညွတ်သူဆောင် ၊ ဆောင်တိုင်းအောင် ၊ လူ့ဘောင်ငြိမ်းချမ်းတယ်။
"သတ္တဝါမှန်သရွေ့ ၊ တရားတွေ့၊ ချမ်းမြေ့ သာယာရှိပါစေ။ "
(ချမ်းမြေ့ဆရာတော်)
မှတ်ချက်။ ။ (ချမ်းမြေ့ဆရာတော်ဘုရားကြီး ၏ . . မေတ္တာစိတ်မြတ် အအေးဓါတ် တရားတော် မှ ကူးယူ မျှဝေ ပူဇော်သည်။)
ကိုမျိုး (မိုးညှင်း)
ရင်ခွင်(၂)--ခု....
ဗုဒ္ဓဆိုတာ ဘီစီ(၅၆၃)မှာ ဘုရင် သုဒ္ဓေါဓနနှင့်+မဟာ မာယာဒေဝီ “သကျ သာကီဝင် ”မျိုးမှ သန့်စင်လာသော “သိဒ္ဓတ္ထ” မင်းသားဖြစ်သည်။
သူသည်၊အသက်(၂၉)နှစ်မှာ သား-မယား-စည်းစိမ် ဥစ္စာ-အခြံရံ-အကျော်စော-ရာထူး ဂုဏ်သိမ် အားလုံးကိုစွန့်ပြီး ၊“ငြိမ်းချမ်းရေး”ဓမ္မ ကိုရှာဖွေရန်စတင်ခဲ့ပါတယ်။လောကီ “ရင်ခွင်”မှ ၊လောကုတ္တရာ“ရင်ခွင်”သို့ ကူးပြောင်းခြင်းဖြစ်သည်။
လောကီဆိုတာ၊လောကပါ။ လောက ဆိုတည်းက “လုဇ္ဇတိ ကလုဇ္ဇတီတိလောကော”ဆိုတဲ့အတိုင် အမြဲတမ်း ဖြစ်ပျက်နေတဲ့ နေရာပါ။
မည်မျှပြည့်စုံ ချမ်းသာစေ မငြိမ်းအေး-မငြိမ်းချမ်းနိုင်တဲ့ ရင်ခွင်ပါ။ချမ်းသာတဲံနေရာမှာ ”သိဒ္ဓတ္ထ”မင်းသား၏ ချမ်းသာကိုမှီနိုင်တဲ့ ချမ်းသာ ဒီကနေ့ကမ္ဘာ ပေါ်မှာတင် ရှိမည်မဟုတ်။ထိုမျှကြီးကျယ် ခန့်ငြားသော်လည်း ”ဘဝ” ကိုကား မငြိမ်းအေးစေနိုင်။အပူရှိန်ကိုသာ မြှင့်ပေးနိုင်၏။ ထိုအပူများကို မည်သူက ငြိမ်းစေနိုင်မည်နည်း ။အေးအောင်၊ ငြိမ်းအောင် မည်သူက ဖန်ဆင့်ပေးနိုင်မည်နည်း ။
၎င် အပူ တို့မှာ ကီလိုမီတာ ဒီဂရီနှင် တိုင်းတာလို့ရတဲ့ အပူလဲမဟုတ် ။သက်ရှိအားလုံးတို့ ”ဘဝ” စကတည်းက ကိန်းပါလာသော “ကိလေသာ”များသာ ဖြစ်သည် ။ကိလေသာ ဆိုသည်မှာ မှီသူကိုလဲပူ အမှီခံသူကိုလဲပူစေတတ်တဲ့သဘောပါ ။ဒါကြောင့် ဒီကိလေသာများနှင့်ပြည့်နှက်နေတဲ့ “လောကီရင်ခွင်”သည်လည်း လာရောက်ခိုလှုံသူကိုလဲပူ-ခိုလှုံခံသူကိုပူစေတတ်တာကြောင့် “အပူရင်ခွင်” လို့ပြောတာပါ ။ဒါကို သိဒ္ဓတ္ထမင်းသားသိပါ၏ ။
သိသည့်အတိုင်း “အပူရင်ခွင်”မှ ရုန်းထွက်ကာ-ငြိမ်းအေးတဲ့ “ရင်ခွင်” ကိုရယူရန် ဆရာအသီးသီးတို့ ထံနည်းခံ ရှာဖွေခဲ့ပါတယ် ။သော သောာ် တကယ့် စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဓမ္မ ကို ပေးနိုင်စွမ်းသူ မတွေ့တဲ့နောက် သူကိုယ်တိုင် (၆)နှစ်ကြာအောင် “ဒုက္ကရ” စရိယအကျင့်ကိုကျင့်ခဲ့ပါတယ် ။
၎င် အပူ တို့မှာ ကီလိုမီတာ ဒီဂရီနှင် တိုင်းတာလို့ရတဲ့ အပူလဲမဟုတ် ။သက်ရှိအားလုံးတို့ ”ဘဝ” စကတည်းက ကိန်းပါလာသော “ကိလေသာ”များသာ ဖြစ်သည် ။ကိလေသာ ဆိုသည်မှာ မှီသူကိုလဲပူ အမှီခံသူကိုလဲပူစေတတ်တဲ့သဘောပါ ။ဒါကြောင့် ဒီကိလေသာများနှင့်ပြည့်နှက်နေတဲ့ “လောကီရင်ခွင်”သည်လည်း လာရောက်ခိုလှုံသူကိုလဲပူ-ခိုလှုံခ
သိသည့်အတိုင်း “အပူရင်ခွင်”မှ ရုန်းထွက်ကာ-ငြိမ်းအေးတဲ့ “ရင်ခွင်” ကိုရယူရန် ဆရာအသီးသီးတို့ ထံနည်းခံ ရှာဖွေခဲ့ပါတယ် ။သော သောာ် တကယ့် စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဓမ္မ ကို ပေးနိုင်စွမ်းသူ မတွေ့တဲ့နောက် သူကိုယ်တိုင် (၆)နှစ်ကြာအောင် “ဒုက္ကရ” စရိယအကျင့်ကိုကျင့်ခဲ့ပါတယ် ။
ဒီတော့မှ မသိမှု “အဝိဇ္ဇာ” မောဟစတဲံ ကိလေသာ အားလုံးကို ပါယ်နိုင်စွမ်းတဲ့ “သဗ္ဗဥူတ ”ဥာဏ်ကို မဟာသက္ကရာဇ်(၁၀၃)ကဆုန်လပြည့်-ဗုဒ္ဓဟူးနေ့ -ပစ္ဆိမယံ- အရုဏ အချိန်မှာရရှိခဲ့ပါတယ်။ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဓမ္မ နှင့် ငြိမ်းချမ်းရေး ရင်ခွင် ကိုပိုင်ဆိုင်ခဲ့ပါတယ် ။
သဗ္ဗဥူတ ဥာဏ်ကို ရပြီးမှ၊ လောကတွင် အတူမရှိ “အတုလ”ဗုဒ္ဓ- ဘုရား အဖြစ် လူ-နတ်-ဗြဟ္မာ တို့က အသိမှတ်ပြုလာကြတာပါ ။ဗုဒ္ဓသည် ၊၄၅-နှစ်ကြာ အသက်ရှင် နေထိုင်တော်မူခဲ့ပါတယ်။
သဗ္ဗဥူတ ဥာဏ်ကို ရပြီးမှ၊ လောကတွင် အတူမရှိ “အတုလ”ဗုဒ္ဓ- ဘုရား အဖြစ် လူ-နတ်-ဗြဟ္မာ တို့က အသိမှတ်ပြုလာကြတာပါ ။ဗုဒ္ဓသည် ၊၄၅-နှစ်ကြာ အသက်ရှင် နေထိုင်တော်မူခဲ့ပါတယ်။
သူကိုယ်တိုင် ထိုးထွင်း ရှာဖွေ ရရှိခဲ့တဲ့ “ငြိမ်းချမ်းရေး”သစ္စာ ဓမ္မ ကို သတ္တဝါဝေနေယျများစွာ တို့အား ဟောကြားပေးခဲ့ပါတယ် ။သက်တော်(၈၀)မှာ အိုမင်းရင့်ရော်မှု“ဇရာ”။နာကျင်မှု “ဗျာဓိ” ။ပျက်ဆီမှု“မရဏ”တို့ကို ရှု့မှတ်ရင် ငြိမ်းချမ်းစွာ “ပရိနိဗ္ဗန်”ဝင်စံတော်မူခဲ့ပါတယ် ။
ဗုဒ္ဓ ရရှိခဲ့တဲ့ သဘာဝသစ္စာဓမ္မသည်၊ လောကုတ္တရာ ရင်ခွင်ပါ ။ထို “ရင်ခွင်”သည် ခိုလှုံသူတို့လဲ ငြိမ်းချမ်း-ခိုလှုံ ခံရသူလဲ ငြိမ်းချမ်းတဲ့ ရင်ခွင်ပါ ။တကယ်အစစ်မှန် အေးချမ်းတဲ့ ရင်ခွင် နန်းတော်ပေါ့ ။ ဒီရင်ခွင်က ဘာလို့ ငြိမ်းချမ်းရတာလဲ၊ငြိမ်းချမ်းမှုကို ဘယ်တိုင်းတာထိ
ပေးစွမ်းနိုင်မလဲ ဆိုတာ ကိုယ်တိုင်လုပ်ကြည့်ပါ ။“လောကုတ္တရာ” ဆိုသည်မှာ “လောကဥတ္တရ”ပါ ။လောကနှင့် ဆက်နွယ်မှု မရှိတဲ့နေရာလို့ ဆိုလိုပါတယ် ။လောကရဲ့ အပြင်ဘက်။လောကထက် မြင့်မြတ်တဲ့နေရာ ။ဒီနေရာမှာ ကိလေသာ တွေလုံးဝမရှိတော့တဲ့အတွက်၊ ထာဝရ “ငြိမ်းချမ်း”တဲ့ ရင်ခွင် ပါ ။
ဗုဒ္ဓ ရရှိခဲ့တဲ့ သဘာဝသစ္စာဓမ္မသည်၊ လောကုတ္တရာ ရင်ခွင်ပါ ။ထို “ရင်ခွင်”သည် ခိုလှုံသူတို့လဲ ငြိမ်းချမ်း-ခိုလှုံ ခံရသူလဲ ငြိမ်းချမ်းတဲ့ ရင်ခွင်ပါ ။တကယ်အစစ်မှန် အေးချမ်းတဲ့ ရင်ခွင် နန်းတော်ပေါ့ ။ ဒီရင်ခွင်က ဘာလို့ ငြိမ်းချမ်းရတာလဲ၊ငြိမ်းချမ်းမှု
ပေးစွမ်းနိုင်မလဲ ဆိုတာ ကိုယ်တိုင်လုပ်ကြည့်ပါ ။“လောကုတ္တရာ” ဆိုသည်မှာ “လောကဥတ္တရ”ပါ ။လောကနှင့် ဆက်နွယ်မှု မရှိတဲ့နေရာလို့ ဆိုလိုပါတယ် ။လောကရဲ့ အပြင်ဘက်။လောကထက် မြင့်မြတ်တဲ့နေရာ ။ဒီနေရာမှာ ကိလေသာ တွေလုံးဝမရှိတော့တဲ့အတွက်၊ ထာဝရ “ငြိမ်းချမ်း”တဲ့ ရင်ခွင် ပါ ။
DIFFERENCEs between A BUDDHIST and Non-BUDDHISTs in the WAY OF PEACEFUL LIVING

Buddhism teaches MINDFULNESS and AWARENESS to get rid of - 1. cravings, 2. angers, 3. ignorance, 4. being proud too much of, 5. self-oriented and misunderstanding, 6. having doubts about the truths, 7. laziness and hindering, 8. not being afraid of doing misdeeds, 9. not being shameful of doing misdeeds, 10. wandering & jealousies, 11. worries and sorrows.
Anyone who does not follow Buddha's teaching can not understand the items No.5 and No.6 only. But, anyone from any religion would accept the rest in the list. It is the No.5 and No.6, WHICH MAKES THE DIFFENENCES between the Buddhism and other religions including the free thinkers.
II. 2nd Post as a comment
I was thinking that the items no.5 and 6 is also a problem for most Buddhists. Most Buddhists literally may accept or know it but practically it can only be understood and accepted after seeing the insight meditation (at this era).
I'd like to refer to my old post regarding the above @http://tinyurl.com/cpzhljw -
"U Nu (who was a prime minister of Myanmar, in those good old days) said (to an American in an interview) - one may believe in any religion... Buddhism, Islam, or Christianity, or any other isms, but if you ask that one "whether he believes his own religion completely ? ".. and, if he's an honest man ... he will tell or admit that sometime he has DOUBTs about the religion he professed. A Buddhist will tell you the same thing. But when he, the Buddhist, reaches the first stage his DOUBTs is completely eliminated...."
This first stage is actually understanding items no.5 and 6 conceptually and practically by insight meditation.
III. 3rd Post as a comment
The first stage mentioned in the above can be obtained by practicing in the 8 Folds Path Way and understanding the 4 Noble Truths. I 'd like to refer to my previous post @http://tinyurl.com/6ovmn6x how the items no.5 and 6 can be got rid of.....
In practical meditation with the Eight Fold Path practice, the Four Noble Truths would be in the following order -
- 4th Noble Truth - Megga Sacca
- 1st Noble Truth - Dukka Sacca
- 2nd Noble Truth - Samudaya Sacca
- 3rd Noble Truth - Niroda Sacca
1. Megga Sacca
By insight meditation practices in the Eight Folds Path Way, after developing "sammah samadhi", the "yogi" would find out the arisings and dissolutions of the five aggregates well. (Item No. 6, the TRUTHs found out)
2. Dukka Sacca
In the course of the insight meditation practices, the "yogi" comes to know (by vipassana wisdom) "the wrong view - dahti" seeing that there is no "I" or "my" or "my possessions" in the sufferings or in the concepts of the arisings and dissolutions of the five aggregates. (Item No. 5 found out)
3. Samudaya Sacca
Continuouly in the insight meditation practices, the "yogi" gets rid of "the wrong view - dahti" while observing the arisings and dissolutions, realizing the "wrong view-dahti" well. (Item No. 5 is cleared up)
4. Niroda Sacca (Nivarna)
Finally in the insight meditation practices, the "yogi" escapes from the remaining arisings and dissolutions. The status of the yogi is totally changed, and it is the beginning of his/her life as an arahat (saint). (Item No. 6 is cleared up)
(Note: I have compiled and re-edited the post and following comments on my FB notes)
သဘောထားမှန်ပါစေ....
ဒီသဘောထားမျိုးဟာ ဒီတရားအားထုတ်တဲ့ နေရာမှာမှထားရမယ့် သဘောထားမဟုတ်ဘူးနော်။ ဒီသဘောထားမျိုးဟာ နေရာတိုင်းမှာ ထားရမယ်။ ကိုယ့်ဘဝတစ်ခုလုံး လုပ်သမျှကိုင်သမျှ ကိစ္စအားလုံးမှာ ဒီသဘောထားပဲ ထားရမှာနော်။ ဥပမာဆိုပါတော့ ယောင်္ကျားက မြင့်မြတ်တယ်၊ မိန်းမတွေက ယုတ်နိမ့်တယ်လို့ ယူဆကြတာကြားရတယ်။
ဒီဘုန်းကြီးက အဲဒီလိုမယူဆဘူး။ အကျင့်ကောင်းတဲ့လူက မြင့်မြတ်တယ်၊ အကျင့်မကောင်းတဲ့လူက ယုတ်ညံ့တာပါပဲ။ ယောင်္ကျားဖြစ်တိုင်း မြင့်မြတ်တယ်လို့မယူဆဘူး။ အကျင့်နဲ့ပဲ ခွဲရတာပဲနော်။ကြီးတာငယ်တာ ပဓာနမဟုတ်ဘူး။ ငယ်ပေမယ့်လည်း သူပြောတဲ့စကား မှန်ရင်လက်ခံရမယ်။ လူကြီးတွေအနေနဲ့လည်း မှားတတ်တယ်ဆိုတာကိုသိပြီး သဘောထားမှန်မှန်နဲ့ ပြောဖို့လိုတယ်။ ငယ်တဲ့သူက လေးလေးစားစားထောက်ပြရင်တော့၊ “အေး-မင်းပြောတာမှန်ပါတယ်” လို့ ဝန်ခံနိုင်တဲ့ ရိုးသားမှုနဲ့နူးညံ့မှု ရှိရမယ်။ သတ္တိရှိရမယ်။ ဒါတွေဟာ သိပ်အရေးကြီးတယ်။
လူလူချင်းအားလုံးကို လေးလေးစားစား ဆက်ဆံရမယ်။ ခွဲခြားမှုဘာမှ မရှိသင့်ဘူး။ ငါကလူကြီးမို့လို့ ငါ့စကားနားထောင်၊ မှားရင်လည်းကိစ္စမရှိဘူး။ ပြန်မပြောနဲ့။ အဲဒီသဘောထားမျိုးက အမှန်ကိုမသိအောင် တားဆီးတဲ့သဘောထား ဖြစ်တယ်။ ဘာသာရေးမှာလည်း သဘောထားမှန်ဖို့လိုသလို လူမှုရေးမှာလည်း သဘောထားမှန်ဖို့လိုတယ်။ ပညာရေးမှာလည်း သဘောထားမှန်ဖို့လိုတယ်။
မှန်ကန်တဲ့ သဘောထား တစ်ခုပဲရှိတယ်။ နှစ်ခု သုံးခု မရှိဘူး။ အဲဒီလိုသဘောထားကြီးကြီးနဲ့ နေမယ်ဆိုရင် စိတ်က သိပ်လွတ်လပ်နေတာပဲနော်။ ဘယ်သူပြောတာကိုဖြစ်ဖြစ် နားထောင်ပါ။ ကိုယ်ဉာဏ်နဲ့ကို ချင့်ချိန်ပါ။ လက်တွေ့ စမ်းကြည့်ပါ။ စမ်းကြည့်ပြီး လွတ်လွတ်လပ်လပ်လုပ် သွားပါ။ အားလုံးကို အင်မတန် လွတ်လွတ်လပ်လပ် နေစေချင်တယ်။
ကြုံတဲ့အခါတော့ ပြောသင့်တာလေးတွေ စိတ်ကူးထဲ ပေါ်လာတာလေးတွေ တော့ပြောပါတယ်။ ဒါပေမယ့် ပြောတဲ့အတိုင်း တသွေမတိမ်း မှတ်သားပြီးတော့ လိုက်နာပါလို့ မဆိုလိုဘူး။ ပြောတဲ့အတိုင်း မှတ်သားပြီးတော့ လိုက်နာမယ်ဆိုရင် ကိုယ်ပိုင်ဉာဏ်နဲ့ ဆင်ခြင်သုံးသပ်မှု မပါတော့ဘူး။ အဲဒါဆိုတကယ် သိမှာမဟုတ်တော့ဘူး။
ပြောတဲ့အတိုင်း လုပ်တဲ့သူဟာ ပြောတဲ့သူမရှိရင် မလုပ်တတ်တော့ဘူး။ ပြောတဲ့သူမရှိရင် မလုပ်တတ်တဲ့သူဟာ မတိုးတတ်ဘူး။ မပြောရင် လုပ်ဖို့မလိုဘူးလို့လည်း တွေးတတ်တယ်။ ဘယ်ကိစ္စမှာဖြစ်ဖြစ် သဘောထားမှန်ဖို့ အင်မတန် အရေးကြီးတယ်။…
(ဆရာတော် ဦးဇောတိက)
Friday, December 2, 2011
သရဏဂုံ သုံးပါး၏ အရေးပါပုံအကြောင်း .......
“ဗုဒ္ဓသရဏံ ဂစ္ဆာမိ” စသော သရဏဂုံသည် နှယ်နှယ်ရရ(သေးသေးဖွဲ့ဖွဲ့)မဟုတ်ပါ။သမ္မာဒိဋ္ဌိ ဗုဒ္ဓ ဘာသာဝင် အဖြစ်ခံယူသူတိုင်း ပထမဆုံးရွတ်ဆိုမှသာ ဗုဒ္ဓဘာသာဝင် ဖြစ်ခွင့်ရှိပါတယ်။သာသနာ့ဘောင်ဝ င်ဖို့ ရှင်သာမဏေ ပြုတယ်ဆိုရင်လဲ ဒီသရဏဂုံကို ပီပြင်အောင် မရွတ်ဆိုနိုင်လျှင် ရှင်သာမဏေမဖြစ်ပါ။ မြတ်စွာဘုရားလက်ထက်တော်က ရဟန်းပြုသောအခါ ကမ္မဝါစာ မဖတ်ရဘဲ ဤသရဏ...ဂုံသုံးပါးဖြင့် ရဟန်း ဖြစ်ခွင့်ရသူများ ရှိခဲ့ကြသည်။
ဤသရဏဂုံသုံးပါးဂါထာအနက်ကို အနက်အဓိပ္ပါယ်ဆိုက်အောင် ဖြေးဖြေးချင်း လေးလေးနက်နက်စဉ်းစား ပြီး ရွတ်ဆိုလျှင် ဗုဒ္ဓါ နုဿတိ၊ဓမ္မနုဿတိ၊သံဃာနုဿတိ ကမ္မဋ္ဌာန်းသုံးမျိုးဖြစ်တာပါ။သရဏဂုံတည်တဲ့ အတွက် ယခုဘဝရော နောက်ဘဝအတွက်ပါ မကောင်းကျိုးတွေကို ဖယ်ရှား၊ကောင်းကျိုးတွေ ဖြစ်ပွား အောင် ဘေးအန္တရာယ်မှန်သမျှ တားဆီးဖယ်ရှားပေးတတ်တာကို “သရဏ”လို့ခေါ်ပါတယ်။သရဏဂုံသုံးပါး ရွတ်ဆိုလိုက်သည်နှင့်တစ်ပြိုင်န က် သရဏဂုံရှင်အပေါ်မှာ ကျရောက်လာမည့် ဘေးအန္တရာယ်မှန်သမျှ ပယ်သတ်ပစ်နိုင်သော အစွမ်းသတ္တိရှိပါတယ်။
မြတ်စွာဘုရားတရားတော်တွေထဲက သရဏဂုံသုံးပါးလောက်ကိုပဲ တကယ်ယုံကြည်ပြီး အဟုတ်စွဲမြဲတဲ့ ပုဂ္ဂိုလ်များဟာ ကောင်းကျိုးတွေကို ခံစားကြရတယ်။သရဏဂုံနှင့်သေရင် နတ်ပြည်ရောက်ဖို့ ကျိန်းသေသလို သရဏဂုံကိုသာရွတ်နေလျှင် အဘယ်ဥပစ္ဆေဒက ဘယ်သေချင်းဆိုးနှင့်မျှ မသေစေရပါဘူး။လူတစ်ချို့ဟာ ဓာတ်တွေ ယတြာတွေ နတ်တွေ ဘိုးတော်တွေဘက် မျက်နှာမူကုန်ကြတော့ သရဏဂုံညှိုးနွမ်းပြီး ရတနာ သုံးပါးမစွမ်းဘူးဖြစ်ကြကုန်တာပါ ။ရည်ရွယ်ချက် လုပ်ဆောင်ချက် ကိုးကွယ်မှု အံချော်နေသလို ပုတီးစိပ်ကြ ရွတ်ဆိုကြတာတွေကလဲ အစစ်အမှန်ကနည်းနည်း ဘုရားဟောမူရင်း မုခပါဌ်တွေ မဟုတ်တော့ဘူး။ ဆန်းတကာ့ဆန်းဆိုတာတွေလိုက်ပြီး ဒီဂါထာက ဘိုးဘိုးအောင်ရဲ့ ပထမံဂါထာ၊ ဒုတိယံဂါထာ၊ဒါက ဘယ်ဘုရား စမ္မခဏ် ဘယ်ထီးတော်က ဂါထာဆိုပြီး ရည်ရွယ်ချက် ဦးတည်ချက် မဟန်သလို ရွတ်ဆို ပွားများတဲ့ဟာတွေကလဲလွဲနဲ့ အလွဲလွဲ အချော်ချော်တွေဖြစ်ကုန်ကြတာပါ။
သရဏဂုံသုံးပါးကသာ ဒီဘဝမှာ ကျရောက်တတ်လာမည့် ဘေးရန်ကိုသာမက အလွန်ကြောက်စရာ ကောင်းတဲ့ အပါယ်လေးပါးဘေးကိုတောင် ရှောင်လွှဲပေးနိုင်စွမ်းရှိပါတယ် ။ဒီဘဝမှာ တွေ့နေကြရတဲ့ ဘေးအန္တရာယ်ဆိုတာ အပါယ်လေးပါးဘေးလောက် ကြောက်စရာကောင်းမည်မထင်ပါ။ထိုမျှလောက် ကြောက်မက်ဖွယ်ရာဖြစ်တဲ့ အပါယ်လေးပါးဘေးကိုတောင် ဖယ်ရှားပေးနိုင်တဲ့ သရဏဂုံ စွဲမြဲရင် အပါယ် လေးပါးကိုမကျရောက်တော့ပါဘူး။သရဏ ဂုံစွဲမြဲရင် နတ်ပြည်ကိုရောက်ပါတယ်။သရဏဂုံစွဲ မြဲတဲ့ နတ်သား ဟာ အခြားနတ်သားတွေထက် သာလွန်တဲ့ အကျိုးဆယ်မျိုးရပါတယ်။ထိုဆယ်မျိုးက
၁။အသက်ရှည်ခြင်း၊
၂။အဆင်းလှခြင်း၊
၃။ချမ်းသာကြီးခြင်း။
၎။အခြံအရံအကျော်အစောထင်ရှားခြင်း။
၅။အစိုးရခြင်း။
၆+၇=၈=၉+၁၀ နတ်တို့၌ဖြစ်တဲ့ အဆင်း၊အသံ၊အနံ့၊အရသာ၊အတွေ့အထိ အာရုံငါးပါး အခြားနတ်သားတို့ ထက်သာလွန်ပါတယ်။လူများအနေနဲ့လည်းထိုနည်းတူစွာ သရဏဂုံတည်သူဟာ မတည်သူထက် သာလွန်ပါတယ်။
လက်ရှိဘဝ မှာလည်း စီးပွားတက်ခြင်း၊ရာထူးတက်ခြင်း၊ ကျန်းမာရေးကောင်းမွန်ခြင်း၊အန္တရာယ်မျိုးစုံမှကင်း လွတ်ခြင်းစတဲ့အကျိုးတရားတွေကိုလ ည်းရရှိစေပါတယ်။ဒါကေလာကီအက်ဳိးေ တြပါ။လောကုတ္တရာအကျိုး တွေလည်းရှိပါသေးတယ်။ဘုရား၊တရား၊ သံဃာ၊ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်သိမှတ်ခြင်းရှိတဲ့သူဟာ ဆင်းရဲအမှန် “ဒုက္ခသစ္စာ” ဆင်းရဲခြင်း၏ အကြောင်းရင်းအမှန် “သမုဒယသစ္စာ” ဆင်းရဲမှလွတ်မြောက်ရာ အမှန် “နိရောဓသစ္စာ”၊ ဆင်းရဲငြိမ်းရာ (နိဗ္ဗာန်)သို့ ရောက်ကြောင်းအမှန် အင်္ဂါ ရှစ်ပါးရှိသော မြတ်သော မဂ္ဂသစ္စာ”ဟူသော အရိယသစ္စာလေးပါးတို့ကို ကောင်းစွာ မဂ်ပညာဖြင့် မြင်နိုင်ခြင်းဆိုတဲ့ လောကုတ္တရာ အကျိုးတရားများကိုလည်းရစေပါတယ်။ လက်ရှိဘဝမှာ လူတွေပြောနေကြတဲ့အတိုင်း အဆောင်ကောင်း လိုချင်ရင်တော့ သရဏဂုံအဆောင်လောက်ကောင်းသော အဆောင်မရှိဘူးလို့ပြောချင်ပါတယ် ။
သရဏဂုံဟာ ဗုဒ္ဓဘာသာအဆောက်အအုံကြီးရဲ့ အခြေခံပဲဖြစ်ပါတယ်။အခြေခံမခိုင် ရင်တော့ ဓာတ်စုံ နတ်စုံ ဘိုးတော်ယုံတွေဖြစ်ကုန်ကြမှာပါ။ အနောက်နိုင်ငံတွေမှာ ဗုဒ္ဓဘာသာကို အထူးစိတ်ဝင်စားလာကြပြီး တစ်နေ့ တစ်ခြား တရားထိုင်တဲ့သူတွေ တိုးလာနေပါတယ်။သိပ္ပံပညာတိုးတက်ေ နတဲ့ ခေတ်မှာ နိုင်ငံခြားသားများက သရဏဂုံရွတ်ဆိုနေကြချိန်မှာ မြန်မာနိုင်ငံမှ ဗုဒ္ဓဘာသာဝင်များအနေနဲ့ ဥုံတွေ သြောင်းတွေခံပြီး မနှဲလေး ၊ဦးမင်းကျော် သရဏံ ဂစ္ဆာမိလို့ ရွတ်ဆိုနေကြပုံများမှာ ရှက်ဖွယ်ပင်ဖြစ်ပါတယ်ဆိုတဲ့အကြောင်း၊ထိုနတ်တွေ ဘိုးတော်တွေထက် သရဏဂုံသုံးပါးကသာ မြင့်မြတ်တယ်ဆိုတဲ့အကြောင်း၊နတ် တွေ ဘိုးတော်တွေကိုးကွယ် လို့ အပါယ်ဒုက္ခမှကင်းလွတ်တာမဟုတ်ဘဲ သရဏဂုံသုံးပါးကို ကိုးကွယ်မှသာလျှင် အပါယ်ဒုက္ခမှကင်းလွတ် ပါတယ်ဆိုတဲ့အကြောင်း သရဏဂုံသုံးပါသည်သာလျှင် ဗုဒ္ဓဘာသာများအတွက် ကိုးကွယ်ရာအစစ်ဖြစ်တယ် ဆိုတဲ့အကြောင်း၊သရဏဂုံသုံးပါသည် သာလျှင် သံသရာအတွက် အရေးကြီးပါတယ်ဆိုတဲ့အကြောင်း၊ သရဏဂုံသုံးပါးကိုနေ့စဉ်နေ့တိုင်းပွားများသင့်တယ်ဆိုတဲ့အကြောင်း ကို အသိပေးလိုက်ရပါသည်။
စာဖတ်သူအားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ) မှ တဆင့်ကူးယူမျှဝေခြင်းဖြစ်ပါကြောင်း..
ကိုမျိုး(မိုးညှင်း)
ယမမင်းထံ အစစ်ခံ သံပေါက် နိဋ္ဌိတံ။
၁။ အိုကွဲ့ ယောက်ျား၊ မောင်လူသား၊
ဘယ်တရားများ ကျင့်ခဲ့တယ်။
ကျွန်တော်မျိုးမှာ၊ လျှောက်စရာ၊ ဘယ်ဟာကိုမျှ မရှိတယ်။
၂။ ကုသိုလ်ကောင်းမှု၊ တစ်ခုခု၊ မပြုခဲ့လားကွယ်။
ယမရာဇာ၊ မေးသောခါ၊ ခမျာ မှိုင်၍နေရှာတယ်။
၃။ အမောင်ယောက်ျား၊ သတိထား၊ စဉ်းစားပါဦးကွယ်။
ဗုဒ္ဓမြတ်စွာ၊ သာသနာ၊ မထွန်းပါလားကွယ်။
ကျွန်တော်တို့ရွာ၊ သာသနာ၊ ထွန်းလှပါတော့တယ်။
၎။ ပဗ္ဗဇ္ဇိ၊ ဒုလ္လဘ၊ မရခဲ့လားကွယ်။
သာသနာစက်၊ ရဟန်းဘက်၊ စိတ်မျှ မကွက်တယ်။
၅။ ရဟန်းဖြစ်မှာ၊ မင်းဆရာ၊ မဟောပါလားကွယ်။
ကျွန်တော့်ဆရာ၊ ဟောပြရှာ၊ နားမှာမဝင်တယ်။
ကျွန်တော့်စိတ်မှာ၊ သည်အခါ၊ ရွာသာ ရောက်တော့တယ်။
၆။ ယောက်ျားစစ်ပ၊ လှလှရ၊ မင်းဘဝကို နှမြောတယ်။
လူတို့ပြည်ရွာ၊ အမောင့်မှာ၊ ဘာများလုပ်ခဲ့တယ်။
ကျွန်တော်မယား၊ စားဖို့များ၊ ကြိုးစား လုပ်ခဲ့တယ်။
၇။ အမောင်,အမောင်၊ ယောင်တောင်တောင်၊ အမောင် မှားခဲ့တယ်။
သဒ္ဓါဖြောင့်တန်း၊ ဒါနခန်း၊ ပြောစမ်းပါဦးကွယ်။
သားကြီးရှင်ဖြစ်၊ ကျွန်တော်စစ်၊ ညှစ်၍ လှူခဲ့တယ်။
၈။ လှူသောအခါ၊ စေတနာ၊ သုံးဖြာညီလားကွယ်။
သုံးချက်စေတနာ၊ နည်းလှပါ၊ မှန်စွာ လျှောက်တော့မယ်။
ကျွန်တော့်အလှူ၊ ကြွေးတွေပူ၊ ငွေကူ မျှော်မိတယ်။
ကူငွေနှင့်သာ၊ ငါလှူတာ၊ ထေမိပါရင် တော်ရော့မယ်။
ကျွန်တော်မျိုးမှာ၊ သည်လိုသာ၊ အောက်မေ့မိပါတယ်။
၉။ ယုတ်မြတ်မဟူ၊ စားသောက်သူ၊ ကြည်ဖြူပါလားကွယ်။
ငွေကူများရာ၊ လူချမ်းသာ၊ မျက်နှာလိုက်၍ ကျွေးခဲ့တယ်။
မျက်နှာနည်းပါး၊ လူမွဲများ၊ မလွဲသာကျွေး ကျွေးခဲ့တယ်။
လူချမ်းသာပင်၊ မဏ္ဍပ်ဝင်၊ ဖျာလျှင်သင်ဖြူး ခင်းပေးတယ်။
သည်ကို ဟိုကို၊ ကြွပါဆို၊ ဗျို့ဗျာမစဲ ခေါ်ခဲ့တယ်။
ကွမ်းဆေးလက်ဖက်၊ ဆီစက်စက်၊ ဝက်နှင့်ကြက်သား ကျွေးခဲ့တယ်။
ကျွန်တော်မျိုးမှာ၊ ငွေမျက်နှာ၊ သည်လိုဟာမှ သဒ္ဓါတယ်။
၁ဝ။ မင့်အလှူမှာ၊ ငွေတွေဟာ၊ နှမြောပါဘိကွယ်။
ပရိက္ခရာ၊ ဆောင်ရန်မှာ၊ ကောင်းစွာ လှူလားကွယ်။
ပရိက္ခရာ၊ ညံ့လှစွာ၊ ဖိုးချိုတာမှ ဝယ်ပေးတယ်။
၁၁။ လှူသောအခါ၊ ပစ္စည်းမှာ၊ စင်ကြယ်ပါလားကွယ်။
ကျွန်တော်လှူတာ၊ ပစ္စည်းမှာ၊ ခိုးတာများခဲ့တယ်။
၁၂။ ပစ္စည်းကုန်မှာ၊ မင်းလှူတာ၊ ဝမ်းနည်းပါလေတယ်။
ဘုန်းကြီးပင့်ခန်း၊ အလမ်းလမ်း၊ ပြောစမ်းပါဦးကွယ်။
အကျင့်သိက္ခာ၊ ရွေးချယ်ကာ၊ မြတ်ရာ ကိုယ်တော် ပင့်လားကွယ်။
သည်လိုဟာမှာ၊ မလေ့လာ၊ မျက်နှာ,နာမှ ပင့်ခဲ့တယ်။
နှုတ်ဆက်ခေါ်ငင်၊ မျက်နှာရွှင်၊ ပုဂ္ဂိုလ်ကောင်းလို့ ထင်ခဲ့တယ်။
သည်လိုဆရာ၊ ကျွန်တော့်မှာ၊ များစွာပင့်ခဲ့တယ်။
တို့အမျိုးပါ၊ တို့ဆရာ၊ တို့ရွာကိုယ်တော် ပင့်ဦးမယ်။
ပြောင်းနှင့်စပါး၊ မင်းတို့များ၊ ဘယ်လောက်ရလားကွယ်။
ကျောင်းကိုများသွား၊ ရယ်ဟားဟား၊ လက်ဖက် ကွမ်းစားတယ်။
ငှက်ပျော အုန်းသီး၊ ဒကာကြီး၊ မြည်းစမ်းပါဦးကွယ်။
သည်လိုခေါ်ဆို၊ မျက်နှာချို၊ ထိုပုဂ္ဂိုလ်ကိုမှ ပင့်ခဲ့တယ်။
ကျွန်တော်တို့ရွာ၊ လှူကြတာ၊ သည်လိုချည်းသာ ပင့်ကြတယ်။
၁၃။ အမောင်လှူတာ၊ ဗလချာ၊ တန်ပါဦးတော့ကွယ်။
အင်္ဂါငါးလီ၊ ပဉ္စသီ၊ ဆောက်တည်မြဲလားကွယ်။
သီလငါးပါး၊ ကျင့်တရား၊ ပျက်ပြားများခဲ့တယ်။
သက်သတ်ခိုးမှု၊ ကာမေသု၊ တစ်ခုမကျန် ပေါက်ခဲ့တယ်။
မုသားသေရည်၊ ဤနှစ်လီ၊ ဝသီရှိတိုင်း ကျင့်ခဲ့တယ်။
၁၄။ ဖြစ်ခဲလေစွ၊ လူ့ဘဝ၊ သနားလှတော့တယ်။
ကျွန်တော်ချည်းသာ၊ မဟုတ်ပါ၊ လူတကာလည်း ပျက်ကြတယ်။
မိန်းမတွေဟာ၊ ပျက်လိုက်တာ၊
ဈေးဝယ်တာတောင် ရန်ဖြစ်တယ်။
၁၅။ သည်မှတစ်ခန်း၊ ရှေ့သို့လှမ်း၊ မေးစမ်းပါဦးမယ်။
ဘုရား တရား၊ သံဃာများ၊ ဝပ်တွားပါလားကွယ်။
ဘုရားဖူးများ၊ တဟားဟား၊ ပျော်ပါးရအောင်လိုက်ဖူးတယ်။
၁၆။ လိုက်သောအခါ၊ မြတ်ဗုဒ္ဓါ၊ ကြည်ညိုလှစွာ ဖူးလားကွယ်။
ဗုဒ္ဓဂုဏော၊ စိတ်မစော၊ ရယ်မော စားသောက် ပြန်ခဲ့တယ်။
၁၇။ မာတာပိတ၊ မိနှင့် ဖ၊ ညွတ်တွား ခယ ပါလားကွယ်။
မညွတ်ခ,ဘဲ၊ ကျွန်တော်လည်း၊ ဆဲတောင် ဆဲသေးတယ်။
၁၈။ မှားစွမှားစွ၊ မောင်ဗာလ၊ သနားပါဘိကွယ်။
တရားတော်မှာ၊ ဒေသနာ၊ ကြားနာရဲ့လားကွယ်။
စိတ်ကမပါ၊ ရှက်လိုက်တာ၊ လူဆိုမှာကြောင့် နာဖူးတယ်။
၁၉။ နာသောအခါ၊ မင်းစိတ်မှာ၊ သဒ္ဓါကြည်နူး ရှိလားကွယ်။
ကယောင်ချောက်ချား၊ စိတ်ကသွား၊ တောထဲများတောင် ရောက်သေးတယ်။
၂ဝ။ ပုဂ္ဂိုလ်များစွာ၊ ဟောကြားပါ၊ သည်တစ်ခါလားကွယ်။
ကျွန်တော်မျိုးမှာ၊ သည်တစ်ခါ၊ လူမျက်နှာကြောင့် လိုက်သေးတယ်။
၂၁။ သည်တစ်ခါ,နာ၊ အမောင်မှာ၊ ကြည်ညိုပါလားကွယ်။
တရားလည်းချ၊ အိပ်ရေးဝ၊ ထ၍ ပြန်ခဲ့တယ်။
မိန်းမတွေဟာ၊ ငိုက်လိုက်တာ၊ ကျွန်တော့်ထက်တောင် သာသေးတယ်။
၂၂။ စံကျောင်းဝိဟာ၊ မြတ်သံဃာ၊ ဆည်းကပ်ပါလားကွယ်။
ဆွမ်း မုန့် ငှက်ပျော၊ ကျောင်းမှာပေါ၊ ရော၍လိုက်ဖူးတယ်။
၂၃။ လိုက်သောအခါ၊ ထေရ်သံဃာ၊ ရဟန္တာသို့ ထင်လားကွယ်။
ဘုန်းကြီးနားမှာ၊ မရောက်ပါ၊ တော်ရာချောင်က ခိုခဲ့တယ်။
၂၄။ ခိုသောအခါ၊ မင့်စိတ်မှာ၊ ကြည်ညိုပါလားကွယ်။
ကြည်ညိုဝေးကွာ၊ ကျွန်တော့်မှာ၊ စားစရာသာ ကြည့်ခဲ့တယ်။
သူရကာယ်ပင်၊ ကျိုးမမြင်၊ ဘုန်းကြီးကပင် နှမြောတယ်။
သည်လိုများပေ၊ ကျွန်တော်လေ၊ ဆိုတောင်ဆိုမိတယ်။
ကျွန်တော်ချည်းသာ၊ မဟုတ်ပါ၊ သူတကာလည်း ဆိုကြတယ်။
၂၅။ ကျောင်းပစ္စည်းများ၊ အမောင်အား၊ မစားမသောက် ကင်းလားကွယ်။
စားသည့်ထမင်း၊ ဝမ်းတောင့်တင်း၊ ကျောင်းကအနိုင် ဆင်းခဲ့တယ်။
၂၆။ စားသည်မယွင်း၊ ကျောင်းတလင်း၊ ခတ်ခြင်း တံမြက် လှည်းလားကွယ်။
မလှည်းမိပါ၊ ကျွန်တော့်မှာ၊ စားပြီး သောက်ခါ ပြန်ခဲ့တယ်။
ကျွန်တော်တို့ရွာ၊ လူတွေဟာ၊ သည်လိုချည်းသာ စားကြတယ်။
၂၇။ အမောင် ယောက်ျား၊ မင်းဖြစ်ငြား၊ သနားပါဘိတယ်။
ဥပုသ်စောင့်ခန်း၊ ရှေ့သို့လှမ်း၊ မေးစမ်းပါဦးမယ်။
ဥပုသ်အင်္ဂါ၊ အရိယာ၊ ဖြူစွာသီလ စောင့်လားကွယ်။
ဘုန်းကြီးများထံ၊ သီလခံ၊ ကြွက်ဆူညံအောင် ပြောခဲ့တယ်။
၂၈။ ပြောသောစကား၊ မင်းဖြစ်ငြား၊ တရားကြောင်းလားကွယ်။
လယ်,ယာ,ကျွဲ,နွား၊ ပြောင်းစပါး၊ သားမယားကြောင်း ပြောခဲ့တယ်။
စပ်မိစပ်ရာ၊ ပြောလိုက်တာ၊ နွားချင်းလဲရာ ရောက်သေးတယ်။
စကားမဆုံး၊ တစ်နေ့လုံး၊ အုံးအုံးကြွက်အောင် ပြောခဲ့တယ်။
သည်လိုနှင့်ပင်၊ နေသာဝင်၊ အိမ်လျှင်ပြန်ခဲ့တယ်။
ဥပုသ်စောင့်ရာ၊ ပြောကြတာ၊ မိုးမရွာကြောင်းသာ များကြတယ်။
၂၉။ သီလပြောက်ကြား၊ စောင့်လေငြား၊ မိုးကား ကွက်ကြားရွာတတ်တယ်။
မင်းတို့လူ့ဘောင်၊ သီလကြောင်၊ မိုးရှောင်ကွင်းတတ်တယ်။
မင်းတို့ဖြစ်ပုံ၊ အလုံးစုံ၊ အကုန်တွေးပကွယ်။
မင်းတို့စောင့်တာ၊ ဥပုသ်မှာ၊ ထမင်းဆာတာ သနားတယ်။
ဘာဝနာလမ်း၊ ကမ္မဋ္ဌာန်း၊ စီးဖြန်းပါလားကွယ်။
ဘာဝနာလမ်း၊ ကမ္မဋ္ဌာန်း၊ စီးဖြန်းနည်းခဲ့တယ်။
၃ဝ။ တရားစကား၊ အမောင့်အား၊ ဆွေးနွေးပါလားကွယ်။
တတ်သည်ဆိုလျှင်၊ ကျွန်တော်ပင်၊ အလွန်မေးချင်တယ်။
၃၁။ မေးသောအခါ၊ မင်းစိတ်မှာ၊ ဘာဝနာလားကွယ်။
မဖြေနိုင်က၊ အရှက်ရ၊ နာမည်ပျက်အောင် မေးခဲ့တယ်။
တစ်ခါတစ်ခါ၊ ကျုပ်တို့ရွာ၊ စာ စကားသာ ပြောကြတယ်။
သင်္ဂြိုဟ်ဘေးပေါက်၊ ကောက်သင်းကောက် ရောက်မိရောက်ရာ ငြင်းကြတယ်။
ကျွန်တော်ကတောင်၊ တတ်ဟန်ဆောင်၊ ဖောင်ဖောင်လန်အောင် ငြင်းခဲ့တယ်။
၃၂။ ငြင်းသောအခါ၊ မင်းစိတ်မှာ၊ ဘယ်လိုပါလဲကွယ်။
ကျွန်တော်ကပင်၊ ဂုဏ်လိုချင်၊ တတ်သည်ထင်အောင် ငြင်းခဲ့တယ်။
ကျွန်တော်တို့ရွာ၊ လူတွေဟာ၊ စာငြင်းတာနှင့် ရန်ဖြစ်တယ်။
၃၃။ အမောင်ယောက်ျား၊ လျှောက်စကား၊ အမှားတွေသာ များခဲ့တယ်။
အားကိုးစရာ၊ ကုသိုလ်မှာ၊ ဘယ်ဟာကိုမျှ မရှိတယ်။
တစ်ခုကိုမျှ၊ မေးမရ၊ ဝမ်းနည်းလှချေတယ်။
အမောင့်ဖြစ်ထွေ၊ သနားလေ၊ လူ့ပြည်မယား မကယ်တယ်။
မကယ်ဖြစ်တာ၊ မင်းတစ်ခါ၊ ကြမ္မာမှောက်တော့မယ်။
အမောင့်ဖြစ်ပုံ၊ အလုံးစုံ၊ အကုန်သနားတယ်။
ယမရာဇာ၊ မေးသောခါ၊ ခမျာမှိုင်၍ နေတော့တယ်။
သည်သောအခါ၊ ငရဲရွာ၊ ဆွဲကာချတော့တယ်။
မှတ်ချက်။ ။လင်္ကာရေးသူ အမတ်ကြီး ဦးပေါ်ဦး။
ဒေဝဒူတသုတ် မှ၊ ဒေ၀ဒူတ၀ဂ်၊ တိကနိပါတ်၊ အင်္ဂုတ္တိုရ်။
တဆင့်ကူးယူတင်ပြပါသည်။

ဝေဘူဆရာတော်...အဆုံးအမ

ဘုရားအဆုံးအမဖြစ်တဲ့ ပိဋကတ်သုံးပုံ အကုန်လုံးဟာ ‘ဆင်းရဲလွတ်မှုတစ်ခု’ဖြစ်လို့ နည်းတွေများသော်လည်း အားလုံးအတူတူပဲ။ အကုန်လုံးလိုက်ပြီး လုပ်စရာမလိုဘူး။ အများကြီးထဲက ကြိုက်ရာတစ်ခုကို ၀ီရိယမှန်မှန်နဲ့ သန်သန်လုပ်ဖို့ အရေးကြီးတယ်။
စရဏ (အကျင့်) နဲ့ ၀ိဇ္ဇာ (အသိ) တပြိုင်နက်ဖြစ်အောင် လုပ်ရတယ်။ တစ်ချိန်တည်းမှာ အလုပ်နှစ်ခုပြီးတာ ဒါပဲရှိတယ်။ (အလုပ်လုပ်ရင်း ရအောင်ရှုပါ။)
ဘုရားစကား၊ ဆရာ့စကား တစ်ထစ်ချနာယူ၊ အရာရာ ရိုသေ၊ ကိုယ်ကို နှိမ့်ချ၊ ခန္တိနဲ့ မေတ္တာ များများထားပြီး လုပ်ရတယ်။
‘၀ိပဿနာတရား’ဆိုတာ ထင်ရှားတဲ့တရားကို မြင်အောင် ရှုမှတ်ခြင်းပင်ဖြစ်တယ်။ ထင်ရှားရှိတဲ့တရားကို မြင်အောင်မရှုနိုင်ရင် ၀ိပဿနာ မဖြစ်ဘူး။
ထင်ရှားတဲ့ တရားဆိုတာ တခြားမှာသွားပြီး ရှာရတာမျိုးမဟုတ်ဘူး။ ရှောင်မရ၊ တိမ်းမရ မမြင်ချင်လို့ မနေရအောင် ကိုယ်မှာ အမြဲထင်ရှားရှိနေတဲ့ ရုပ်နာမ်တရားတွေပဲ ဖြစ်တယ်။
ကိုယ်မှာ အမြဲထင်ရှားရှိတဲ့ ရုပ်နာမ်တရားတွေထဲမှာ လူတိုင်း နားလည်လွယ်ကူတာဟာ ‘အာနာပါန’ ၀င်လေထွက်လေ ရှုမှတ်မှု ဖြစ်တယ်။
‘ထွက်လေ ၀င်လေ’ဆိုတာ အမိဝမ်းမှ မွေးကတည်းက သေသည်အထိ အမြဲမပြတ် တရစပ်ရှိနေတဲ့ တရားသဘော ဖြစ်တယ်။ အလုပ် လုပ်နေရင်း၊ စကားပြောနေရင်း၊ စာကျက်နေရင်း၊ အိပ်ပျော်နေရင်းလည်း ရှိနေတာပဲ။
ထွက်လေ ၀င်လေဟာ အမြဲမပြတ်ရှိနေသော်လည်း အမှတ်တမဲ့နေကြလို့ ‘သတိမမူ ဂူမမြင်’ ဖြစ်နေကြတယ်။ ‘သတိမူရင် မြူတောင်မြင်ရတယ်’ ဆိုတာလို ဂရုစိုက်ပြီး ကြည့်ရှုနေမှ ရှိမှန်းသိကြတယ်။
‘ကြည့်’ ဆိုရာမှာ ၀ိပဿနာဖြစ်ဖို့ရာအတွက် ထွက်လေ ၀င်လေထိရာ နှာဖျား နှာဝမှာ ၀င်တိုင်းထွက်တိုင်း ရိပ်ရိပ်နဲ့ တထိတည်း ထိနေတာကို တသိတည်းသိနေအောင်၊ တရစပ် သိမြင်အောင် ကြည့်ရှုနေရမယ်။ အိမ်အမိုးကို စပ်အောင် ထူထူမိုးမှ နေပူဒဏ်၊ မိုးရွာဒဏ်ကို ခံနိုင်တယ်။ (၂၄ နာရီ အမြဲမပြတ် တစ်စပ်တည်း ရပါစေ။)
တစ်ရက် ၂၄-နာရီ တစ်စပ်တည်းရလျှင် အလွန်သိသာပါတယ်။ (နိသဇ် = လျောင်းစက်၍ မအိပ်သော၊ ဓုတင် = အကျင့်ကိုဆောင်) ဘုရားဆုံးမတာမှန်သမျှ ဆင်းရဲအောင် မဆုံးမဘူး။ ချမ်းသာဖို့ချည်းပဲ။ ဘုရားလက်ထက်က နိသဇ်ဆောင်တဲ့ ပုဂ္ဂိုလ်များ ပိုပြီးတောင် အသက်ရှည်ကြ၊ ကျန်းမာကြတယ်။ အိပ်ချင်လို့ အိပ်ရင် တစ်သံသရာလုံး နိုးတော့မှာမဟုတ်ဘူး။ အိပ်ချင်ရင် မအိပ်တဲ့နေရာရှိတယ်။ အဲဒီကို ရောက်အောင်သွား။
ထိတာကို သိနေရင် သိက္ခာသုံးပါ၊ မဂ္ဂင်ရှစ်ပါးမှအစ ဗောဓိပက္ခယတရား ၃၇-ပါး၊ ပိဋကတ်သုံးပုံ အလုံးစုံ တစ်ပြိုင်နက် ပါဝင်ပြီးဖြစ်တယ်။
တရိပ်ရိပ်နဲ့ ထိတိုင်း၊ ပျောက်တိုင်း (ရုပ်နာမ်) ဖြစ်မှုပျက်မှုတွေ ဖြစ်ပျက်ပြီး နေခြင်းဖြစ်တယ်။
တရိပ်ရိပ်နဲ့ နှာဖျားမှာ ထိလိုက်၊ ပျောက်လိုက်နေတာတွေကိုသာ တစ်ဆက်တည်း သိမြင်အောင် ကြည့်ရှုနေရင် ကြာရင် ၀ိပဿနာ သမာဓိ တစ်စထက်တစ်စ၊ တစ်ခဏထက် တစ်ခဏ တိုးတက်ပြီး အားကြီးလာတဲ့အခါ နှာဖျား၊ နှာဝတွင်သာမက ခန္ဓာကိုယ်မှာလည်း အလိုလို တရိပ်ရိပ် တရွရွတွေ ဖြစ်ပျက်နေတာကို တွေ့ရမယ်။
တစ်ကိုယ်လုံး တရိပ်ရိပ်၊ တရွရွ အမြဲမပြတ်ဖြစ်နေတာကို တွေ့လာရတဲ့အခါ (အနိစ္စကို ကောင်းစွာမြင်သာသောကြောင့်) ဒုက္ခနဲ့ အနတ္တဟာ အလိုလို ထင်မြင်လာလိမ့်မယ်။ ပါးစပ်ကနေ ဆိုနေဖို့ မလိုဘူး။ ၀ိပဿနာအလုပ်ဟာ ထိမှုကို ကြည့်ရှုသိနေရုံသာဖြစ်တယ်။ ကြည့်နေရင်း ရှုမှတ်နေရင်း သိထိုက်သမျှကို အလိုလို တစ်နေ့ထက်တစ်နေ့ တိုးပြီး တိုးပြီး သိလာလိမ့်မယ်။
အဲဒီလို တရိပ်ရိပ်နဲ့ ထိမှု၊ သိမှုတို့ကို ကြည့်ရှုနေရင်း မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် ဆိုက်လာပြီဆိုရင် အလွန်သိသာလှပါတယ်။ ဘယ်လို သိသာသလဲဆိုတော့ ‘ရေငတ်၍နေသော သူသည် ရေကိုသောက်ရသည်ရှိသော် ရေငတ်ပြေသကဲ့သို့’ ဖြစ်သွားတော့တယ်။ သူများမေးစရာမလို ကိုယ်တိုင်သိမယ်။ (သန္ဒိဋ္ဌိကော)
(သန္ဒိဋ္ဌိကော = ချမ်းသာအစစ်ကို ကိုယ်တိုင်လက်ငင်းတွေ့နေရတယ်။)
မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ကို ရပြီး ရောက်ပြီးလို့ ဖလသမာပတ်ကို ၀င်စားချင်ရင် မိမိလာခဲ့ဖူးတဲ့ ၀ိပဿနာလမ်းကို ပြန်ကြည့်ရတယ်။ ဖလသမာပတ်ဟာ ကိုယ်ပိုင်အိမ်နဲ့တူတယ်။
ယုံယုံကြည်ကြည်၊ လုံ့လ၀ီရိယရှိရှိနဲ့ ထိမှု သိမှုတို့ကိုသာ တစ်ဆက်တည်းဖြစ်အောင် ကြည့်ရှုနေ။ ထွေလီကာလီတွေကို လိုက်မလုပ်နဲ့၊ အခုလုပ်၊ အခုမီးငြိမ်း၊ အခု ချက်ချင်းပဲ ချမ်းသာတယ်။
(အကာလိကော = ကာလမခြား အကျိုးရှိတယ်။)
ဗုဒ္ဓဘာသာစစ်စစ် ဖြစ်ရန်အခြေခံ အချက်(၁၀)ချက်
ဗုဒ္ဓဘာသာစစ်ဆိုတာဟာ ကံ- ကံ၏အကျိုးကို ယုံကြည်ရန်အချက် ၁၀-ချက်ကို သတ်မှတ်ထားသည်ကို သိရှိရပါသည်။၎င်းတို့မှာ
၁။ပေးကမ်းကျိုးရှိ၏။
...
၂။လက်ဦးလက်ဖျားပေးလှူပူဇော်ကျု
၃။အကြီးအကျယ်ပေးလှူပူဇော်ကျိုးရ
၎။သုစရိုက်(၁၀)ပါး၏ ကောင်းကျိုး၊ ဒုစရိုက်(၁၀) ပါး၏ ဆိုးကျိုးရှိ၏။
၅။ဤလူ့ဘုံလောကသည်ရှိ၏။
၆။ဤလူဘုံမှတစ်ပါး နတ်ဘုံ ငရဲဘုံရှိ၏။
၇။အမိ၌ ကောင်းစွာလုပ်ကျွေးမွေးမြူခြင်း
၈။ အဖ၌ ကောင်းစွာလုပ်ကျွေးမွေးမြူခြင်း
၉။လောကတစ်ပါးမှ လောကတစ်ပါးသို့ ပြောင်းရွေ့၍ ပဋိသန္ဓေစွဲ နေကုန်သော သတ္တဝါတို့သည် ရှိ၏။
၁၀။လောက၌ အညီအညွတ်ဖြစ်ကြကုန်သော ကောင်းစွာကျင့်ကြကုန်သော ဤလောက၊ တမလွန်လောက ကို ကိုယ်တိုင် ဒိဋ္ဌသိမြင်၍ မျက်မှောက်ပြု၍ ဟောကြားကြပေကုန်သော ရဟန်း၊ ပုဏ္ဏား၊ ဘုရား၊ ပစ္စေကဗုဒ္ဓ၊ အရိယာသူတော်ကောင်းတို့သည် ရှိကုန်၏ ဟု သိထားရမည်တည်း။
(ဤကား ဒသဝတ္ထုက သမ္မာဒိဋ္ဌိတည်း)
ဤသမ္မာဒိဋ္ဌိတည်လျှင်ပင် ဗုဒ္ဓဘာသာဝင်ဆိုရပြီ။ ပထမအဆင့်ပင်ဖြစ်၏။ ခန္ဓာ အာယတန၊ဓာတ်၊သစ္စာ၊ပဋိစ္စ သမုပ္ပါဒ်တို့ကို ဓာတ်ကွဲအောင်ကြည့်နိုင်၊ မြင်နိုင်မှ ဗုဒ္ဓဘာသာဝင် အလတ်တည်း။ ဝိပဿနာ သမ္မာဒိဋ္ဌိ ဥာဏ်ကိုရသော ပုဂ္ဂိုလ်ကား ဘာသာဝင်အကြီးတည်း။ သစ္စာလေးပါးကို ပေါက်ရောက်ပြီးသော သောတာပန် ပုဂ္ဂိုလ်သည်သာ ပရမတ္ထ ဗုဒ္ဓဘာသာဝင်အစစ်ကြီးပေတည်း။ အဘယ့်ကြောင့်ဆိုသော် သောတာပန် ပုဂ္ဂိုလ်သည် နောက်နောက်ဘဝတို့၌လည်း သဗ္ဗညုဗုဒ္ဓသရဏဂုံ အပြီး မြဲနေသောကြောင့် တည်း။ဗုဒ္ဓဘာသာဝင်အလတ်၊အကြီးတို့
စာတ်ဖတ်သူအားလုံးကိုယ်စိတ် နှစ်ပါး ကျန်းမာချမ်းသာကြပါစေ။
By အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)
Monday, November 28, 2011
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တိုးတက်စေဖို့
အောင်မြင်မှုဆီကို သွားတဲ့အခါ အခု ပထမဆုံး အဆင့်တစ်ဆင့်ကို ပြောပါ့မယ်။ အဲဒါ အလွန်အင်မတန် အခြေခံကျတဲ့ အဆင့်တစ်ဆင့်ပါ။ အဲဒီအဆင့်ကို ရှောင်ပြီးတော့ သွားလို့လည်း မရပါဘူး။ အဲဒီတော့ ပထမအဆင့်က စပါပြီ။
မိတ်ဆွေ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ပါ။
မိတ်ဆွေ အောင်မြင်လိ့မ်မယ်ဆိုတာကို ယုံကြည်လိုက်ပါ။
မိတ်ဆွေ အောင်မြင်လိ့မ်မယ်ဆိုတာကို ယုံကြည်လိုက်ပါ။
ယုံကြည်မှုစွမ်းပကား ထက်မြက်လာစေသောနည်း
အခု ဖော်ပြမယ့် လမ်းညွှန်ချက်သုံးရပ်ကတော့ ယုံကြည်မှုစွမ်းပကားကို ထက်ထက်သန်သန်နဲ့ တိုးပွားရရှိစေနိုင်မယ့် နည်းလမ်းတွေပါပဲ။
၁။ အောင်မြင်မှုကို တွေးပါ- အရှုံးအကြောင်းကို လုံးဝမစဉ်းစားပါနဲ့။ အလုပ်ထဲမှာပဲရောက်ရောက်၊ အိမ်မှာပဲနေနေ ရှုံးနိမ့်မယ်လို့ တွေးမိစေမယ့်နေရာတွေမှာ အောင်မြင်မယ်ဆိုတာနဲ့ အစားထိုးပြီး တွေးကြည့်ပါ။ ခက်ခက်ခဲခဲ အခြေအနေတစ်ရပ်ကို မိတ်ဆွေ ရင်ဆိုင်နေရတယ်ဆိုပါစို့။ ” ငါတော့ ရှုံးချင်ရှုံးလိမ့်မယ် ” လို့ မတွေးဘဲ ” ငါ အောင်မြင်လိ့မ်မယ် ” လို့ပဲ တွေးပါ။ တစ်ယောက်ယောက်နဲ့ ကိုယ်ကပြိုင်ရပြီဆိုတဲ့အခါမှာလည်း ” ငါက အဆင့်နိမ့်နေတာပဲ ” လို့ မတွေးပါနဲ့။ အကောင်းဆုံးဆိုတဲ့အထဲမှာ ငါပါတယ်လို့ တွေးပါ။ အခွင့်အလမ်းတစ်ခုခု ပေါ်လာရင်လည်း ” ငါ ဒါကို လုပ်နိုင်တာပဲ ” လို့ တွေးပါ။ ” ငါ လုပ်နိုင်မှာ မဟုတ်ဘူး ” လို့ ဘယ်တော့မှ မတွေးပါနဲ့ ။ မိတ်ဆွေရဲ့ အတွေးစဉ်ကြီးထဲမှာ ” ငါ အောင်မြင်လိမ့်မယ် ” ဆိုတဲ့အတွေးပဲ ဦးဆောင်သွားပါ။ အောင်မြင်မှုကိုပဲ တွေးနေတဲ့အခါ မိတ်ဆွေရဲ့စိတ်ထဲမှာ အောင်မြင်စေမယ့် စီမံချက်တွေကိုသာ ဖန်တီးနေပါလိမ့်မယ်။ အရှုံးကို တွေးမိတဲ့အခါ အဲဒါနဲ့ ဆန့်ကျင်ဘက်တွေ တိတိကျကျ ထွက်လာပါလိမ့်မယ်။ အရှုံးကိုပဲ တွေးနေတော့ အရှုံးဖြစ်ပေါ်လာစေမယ့် အတွေးတွေထဲမှာသာ စိတ်က တ၀ဲလည်လည် ဖြစ်နေပါလိမ့်မယ်။
၂။ ကိုယ်ဟာ ကိုယ်ထင်တာထက် ပိုတောင်တော်တယ်လို့ ကိုယ့်ကိုယ်ကိုယ် ပြန်သတိပေးပါ- အောင်မြင်နေတဲ့သူတွေဟာ စူပါမင်းတွေ မဟုတ်ကြပါဘူး။ အောင်မြင်ဖို့ဆိုရင်လည်း အကောင်းစား အပျံစားဥာဏ်ရည်ဥာဏ်သွေး ရှိနေဖို့ မလိုပါဘူး။ အောင်မြင်မှုဆိုတာကလည်း ထူးထူးဆန်းဆန်း အံ့ဘနန်းပြောစရာ ဘာမှမပါပါဘူး။ နောက်တစ်ချက်က အောင်မြင်မှုဆိုတာ ဘုန်းကံပေါ်လည်း မူမတည်ပါဘူး။ အောင်မြင်သူတွေဆိုတာက သူတို့ကိုယ်သူတို့အပေါ်မှာရော သူတို့လုပ်တဲ့ အလုပ်အပေါ်မှာပါ ယုံကြည်မှုတည်ဆောက်ထားကြတဲ့ သာမန်လူတွေပါပဲ။ မိတ်ဆွေကိုယ်မိတ်ဆွေ ဘယ်တော့မှ (ဟုတ်ပါတယ်၊ ဘယ်တော့မှ) လျှော့မတွက်လိုက်ပါနဲ့။
၃။ ကြီးကြီးမားမား ယုံကြည်ပါ- မိတ်ဆွေရဲ့ အောင်မြင်မှုပမာဏဟာ မိတ်ဆွေရဲ့ ယုံကြည်မှုပမာဏအပေါ် မူတည်ပါတယ်။ ကိုယ်က တော်ရုံတန်ရုံရည်မှန်းချက်လောက်ပဲ တွေးထားရင် တော်ရုံတန်ရုံလောက်ပဲရဖို့ မျှော်လင့်ပါတော့တယ်။ ရည်မှန်းချက်ကြီးကြီးကို တွေးထားပြီး ကြီးကြီးမားမားအောင်မြင်မှုကို ရယူလိုက်ပါ။ တစ်ခုလောက်လည်း သတိပြုလိုက်ပါဦး။ များသောအားဖြင့် စိတ်ကူးကြီးကြီးမားမားတွေ၊ အကြံအစည်ကြီးကြီးမားမားတွေဟာ ကြံစည်ရ လုပ်ကိုင်ရ ပိုလွယ်ပါတယ်။ သေချာတာက သေးသေးမွှားမွှား စိတ်ကူးတွေ၊ သေးသေးမွှားမွှား အကြံအစည်တွေကို ဖန်တီးရတာထက် ဘာမှပိုပြီး ခက်ခဲတာ မဟုတ်ပါဘူး။
( The Magic of Thinking Big by David J. Schwartz ကို ကြည်ရွှန်း ဘာသာပြန်သော မြင့်မြင့်တွေးမြင့်မြင့်ကြံ စာအုပ်မှ ထုတ်နှုတ်သည်။ )
Thursday, November 24, 2011
လက်ငင်းအကျိုးပေးတဲ့ ဒါနစေတနာ
လက်ငင်းအကျိုးပေးတဲ့ ဒါနစေတနာ
by ရဝေနွယ် (အင်းမ)
ဘယ်နေရာရောက်ရောက် ခွေးကျွေးတဲ့အလုပ်ကလေးကိုတော့ ၀တ်တစ်ခုလိုကိုထားပြီး လုပ်ဖြစ်ပါတယ်။ တစ်ခါတလေဆို လမ်းပေါ်မှာခွေးပိန်ကလေးတွေ တွေ့ရရင်တောင် နီးစပ်ရာ မုန့်ဆိုင်က၀ယ်ပြီး ကျွေးခဲ့ဖူးပါတယ်။ တစ်နေ့တော့ ဒီခွေးကျွေးတာနှင့် ပတ်သက်ပြီး သူငယ်ချင်းက မေးခွန်းတစ်ခု မေးလာပါတယ်။
“တနင်္လာနံမို့ ခွေးကျွေးတာလား” တဲ့။
မိမိက “တနင်္လာနံ ဆိုတာ ဘာလဲ” လို့ ပြန်မေးတော့ သူငယ်ချင်းက “ငွေနံလေ” တဲ့။
ဒီတော့မှ မိမိလည်းသဘောပေါက်သွားပြီး “တနင်္လာနံကြောင့်တော့ မဟုတ်ဘူး။ သီဟိုဠ်ဝတ္ထုလေးတစ်ပုဒ်ကို ဖတ်ဖူးထားလို့ပါ” လို့ပြောပြီး အဲဒီသီဟိုဠ်ဝတ္ထုလေးကိုပါ သူငယ်ချင်းကို ပြောပြဖြစ်လိုက်ပါတယ်။ သူငယ်ချင်းက “သြော်...ဒါကြောင့်ကိုး။” လို့ အတည်လိုလို နောက်သလိုလိုနဲ့ ပြန်ပြောခဲ့တာ အခုအထိ မှတ်မိနေပါသေးတယ်။
သူငယ်ချင်းကို ပြောပြဖူးခဲ့တဲ့ သီဟိုဠ်ဝတ္ထုလေးကို အခုချစ်တဲ့ စာဖတ်သူတွေကိုလည်း ပြန်ပြောပြချင်ပါတယ်။
တစ်ခါတုန်းက သီဟိုဠ်ကျွန်းမှာ အရှင်စူဠနာဂ လို့ အမည်ရတဲ့ မထေရ်တစ်ပါးရှိခဲ့ဖူးပါတယ်။
သီဟိုဠ်ကျွန်း အနုရာဓမြို့ မှာ မြတ်စွာဘုရားရဲ့  ညှပ်ရိုးတော်ကို ဌာပနာထားရာလည်းဖြစ်၊ ဒေ၀ါနံပိယတိဿမင်းကြီးရဲ့  ကောင်းမှုလည်းဖြစ်တဲ့ ထူပါရုံစေတီဆိုတာ ရှိပါတယ်။ ထူပါရုံစေတီတော်ရဲ့ အနီးမှာရှိတဲ့ ကျောင်းကြီးကိုလည်း ထူပါရုံကျောင်းတိုက်ကြီးလို့ ခေါ်ပါတယ်။ အရှင်စူဠနာဂဟာ အဲဒီထူပါရုံကျောင်းတိုက်ကြီးမှာ တခြားရဟန်းတော်တွေနှင့်အတူ သီတင်းသုံးနေတဲ့ ရဟန်းတစ်ပါးပါ။
တစ်နေ့မှာ အရှင်စူဠနာဂဆွမ်းစားပြီးလို့ ခံတွင်းဆေးပြီးချိန်မှာ သားတွေပေါက်ထားတဲ့ ခွေးမတစ်ကောင်ကို တွေ့လိုက်ရပါတယ်။ ခွေးမကိုသေချာ ကြည့်လိုက်တော့ ပိန်ပိန်ချည့်ချည့်နဲ့ အတော်ဆာလောင်မွတ်သိပ်နေတဲ့ပုံပါ။ ဆာလောင်မွတ်သိပ်နေပုံရတဲ့ ခွေးမကိုမြင်လိုက်တော့ အရှင်စူဠနာဂက တော်တော်လေး သနားသွားပါတယ်။ ဒါပေမယ့် ဆွမ်းစားပြီး သပိတ်ဆေးပြီးပြီဆိုတော့
ကျွေးစရာဆွမ်းကျန်လည်း မရှိတော့ပါဘူး။
ဒါကြောင့် ဘာလုပ်လိုက်သလဲဆိုတော့ “ငါသည် စားအပ်ပြီးသော အစာမှန်သော်လည်း ထိုခွေးမအား အန်၍ လှူအံ့သောငှာအပ်၏” လို့ နှလုံးပိုက်ပြီး မိမိရဲ့ ခံတွင်းထဲကို လက်ထိုးအန်ပြီး ခွေးမကို ကျွေးလိုက်ပါတယ်။
အရှင်စူဠနာဂဟာ ခွေးမကို အန်ကျွေးရုံတင်မကပါဘူး၊ အိုးခြမ်းကွဲတစ်ခုထဲမှာ ရေထည့်ပြီး ရေလဲတိုက်လိုက်ပါသေးတယ်။
အစာထိုက်သင့်သလောက်ဝသွားတဲ့ခွေးမကို ကြည့်ပြီး အရှင်စူဠနာဂ လည်း တစ်ခါမှ မဖြစ်ဖူးတဲ့ ပီတိတွေ ဖြစ်လာပါတယ်။
ဒါကြောင့် ဆုတစ်ခုကို ကောက်ခါငင်ခါ တောင်းလိုက်ပါတယ်။ သူ့ရဲ့ ဆုတောင်းက
"ငါသည် ဤခွေးမအား မိမိရဲ့ခန္ဓာကိုယ်ကို မငဲ့ကွက်ဘဲ အန်၍ကျွေးလိုက်ရသော ကုသိုလ်ကောင်းမှုကြောင့် နိဗ္ဗာန်ရောက်ရပါလို၏။ နိဗ္ဗာန်မရသေး၍ သံသရာကျင်လည်ရသည်ရှိသော် ပစ္စည်းလာဘ်လာဘ ပေါများရပါလို၏" တဲ့။
စာမှာတော့ အရှင်စူဠနာဂရဲ့  ဒါနစေတနာဟာ ပထမဇောအဆင့်မှာတင် အရှိန်အဟုန်အစွမ်း တော်တော်ကြီးမားနေခဲ့တယ်လို့ ဆိုပါတယ်။
အရှင်စူဠနာဂဆုတောင်းတဲ့နေ့ ညချမ်းမှာပဲ ဒကာ ဒကာမများစွာဟာ ထောပတ်တွေ တင်လဲခဲတွေ သကာတွေ ပျားရည်တွေ ယူလာပြီး “အရှင်စူဠနာဂ ဘယ်ကျောင်းမှာ နေပါသလဲ” လို့ မေးပြီး ရောက်လာကြပါတယ်။ အရှင်စူဠနာဂလည်း ကိုယ့်ကိုယ်ကို အံ့အားသင့်နေပါတယ်။ အရှင်စူဠနာဂဟာ ရောက်လာတဲ့ ဘုဉ်းပေးစရာတွေကို သီတင်းသုံးဖော်ရဟန်းတော်တွေကိုပါ ခွဲဝေလှူဒါန်းလိုက်ပါတယ်။
နောက်မကြာခင်မှာ ဒကာ ဒကာမတွေ ထပ်ရောက်လာပြန်ပါတယ်။ သူတို့ သီဟိုဠ်ခေတ်မှာ အသုံးများတဲ့ ဇာတိပ္ဖိုလ်ပွင့် အစရှိတဲ့ဆေးတွေကို ယူလာပြီး ကပ်လှူပြန်ပါတယ်။ အရှင်စူဠနာဂလည်း ရှေးနည်းအတိုင်း သီတင်းသုံးဖော်တွေကိုပါ ခွဲဝေလှူဒါန်းလိုက်ပါတယ်။
နံနက်လင်းလို့ ဆွမ်းခံကြွတဲ့အခါမှာတော့ ဒကာ ဒကာမတွေဟာ ရေတွက်လို့မရနိုင်လောက်အောင် ဆွမ်းဟင်းများစွာကို လောင်းလှူတော့တာပါပဲတဲ့။
ဘယ်လောက်အထိ ဆွမ်းတွေရသလဲဆိုရင် ထူပါရုံကျောင်းတိုက်မှာ သီတင်းသုံးနေတဲ့ ရဟန်းတော်အားလုံး သုံးဆောင်နိုင်လောက်အောင်အထိ များပြားလွန်းတယ်လို့ ဆိုပါတယ်။ ဒါကြောင့် အရှင်စူဠနာဂက ကျောက်စည်ကို တီးခတ်ပြီး ထူပါရုံကျောင်းတိုက်မှာ သီတင်းသုံးနေတဲ့ ရဟန်းတော်တွေကို ပြန်ပြီးလောင်းလှူလိုက်ပါတယ်။ နောက်ရက်တွေမှာလည်း အရှင်စူဠနာဂဟာ ရသမျှဆွမ်းဟင်းတွေကို ကျောက်စည်တီးခတ်ပြီး နေ့စဉ်ပြန်လှူခဲ့ပါတယ်။
တစ်နေ့မှာတော့ အရှင်စူဠနာဂဟာ မိမိပြုခဲ့တဲ့ ဒါနစေတနာကို ပြန်ဆင်ခြင်ရင်း ပီတိတွေဖြစ်လာပါတယ်။ အဲဒီဖြစ်ပေါ်လာတဲ့ ပီတိကို အခြခံပြီး ၀ိပဿနာဘက်ကူး ကမ္မဋ္ဌာန်းဘာဝနာကို ကြိုးကြိုးစားစား အားထုတ်လိုက်တာ ရဟန္တာဖြစ်သွားခဲ့ပါတယ်။ တက်ကြွထက်သန်တဲ့ ဒါနစေတနာဟာ ပစ္စုပ္ပန်အကျိုးတင်မကဘဲ အရဟတ္တဖိုလ်အထိ အကျိုးပေးသွားတာပါပဲ။
အရှင်စူဠနာဂ ရဟန္တာဖြစ်ပြီးနောက်ပိုင်း တစ်ခုသောကာလကြာကြာ ရက်တစ်ရက်မှာ ထူပါရုံကျောင်းတိုက်မှာရှိတဲ့ ရဟန်းတော်ငါးရာကြွလာပြီး မဇ္ဈိမဒေသ အိန္ဒိယနိုင်ငံမှာရှိတဲ့ မဟာဗောဓိပင်ကို လိုက်ပို့ပေးဖို့ တောင်းပန်ကြပါတယ်။ အရှင်စူဠနာဂကလည်း လိုက်ပို့ပေးပါမယ်လို့ ပြန်ဝန်ခံလိုက်ပါတယ်။ အရှင်စူဠနာဂကို လိုက်ပို့ပေးဖို့ တောင်းပန်ရခြင်းရဲ့  အဓိကအကြောင်းကတော့ လမ်းခရီးတစ်လျှောက်မှာ ဆွမ်းကွမ်းအခက်အခဲ မရှိအောင်လို့ပါ။
အရှင်စူဠနာဂလည်း ဂတိခံထားတဲ့အတိုင်း ရဟန်းတော်ငါးရာကို မဟာဗောဓိပင်ကို လိုက်ပို့ပေးပါတယ်။ လမ်းခရီးတစ်လျှောက်မှာ နတ်ကောင်းနတ်မြတ်တွေက ကူညီစောင့်ရှောက်သလို ရောက်ရာဒေသက ဒကာ ဒကာမတွေကလည်း ဆွမ်းအချိုပွဲတွေ အလျှံအပယ် လောင်းလှူကြပါတယ်။
မဟာဗောဓိပင်ကိုဖူးပြီး အပြန်ခရီးမှာတော့ အရှင်စူဠနာဂဟာ လေ၀မ်းရောဂါကို အပြင်းအထန်ခံစားရပါတော့တယ်။ ဒီတော့ အတူပါလာသူ ရဟန်းတော်တွေလည်း စိတ်မကောင်းဖြစ်ကြရပါတယ်။ သူတို့စိတ်မကောင်းဖြစ်ကြခြင်းရဲ့  အကြောင်းကတော့ အကယ်၍ အရှင်စူဠနာဂ လမ်းခရီးမှာ ပရိနိဗ္ဗာန်ပြုခဲ့ရင် သူတို့အတွက် ဆွမ်းဘောဇဉ်အခက်အခဲ တွေ့ကြမှာစိုးလို့ပါ။ ဒါကိုသိတဲ့ အရှင်စူဠနာဂက အဖော်ရဟန်းငါးရာကို ဘယ်လိုမိန့်သလဲဆိုတော့ “အရှင်ဘုရားတို့၊ အထွေအထူး မစိုးရိမ်ကြပါနဲ့ ။ တပည့်တော် ပရိနိဗ္ဗာန်ပြုခဲ့ရင် ကြွင်းကျန်တဲ့ တပည့်တော်ရဲ့ ဓါတ်တော်ကို ရှေ့ ဆုံးကကြွတဲ့ မထေရ်ရဲ့  ရေစစ်မှာဖြစ်ဖြစ်၊ သပိတ်မှာဖြစ်ဖြစ် ဖွဲ့ ချည်ပြီး မြို့ ရွာထဲ ၀င်ပါဘုရား။ ဒါဆို အရှင်ဘုရားတို့အတွက် လမ်းခရီးမှာ ပစ္စည်းလေးပါးအတွက် မပင်မပန်းဖြစ်ရပါလိမ့်မယ်ဘုရား။” လို့ အကြံပေးတော်မူပါတယ်။
အရှင်စူဠနာဂမထေရ်လည်း အဲဒီလိုအကြံပေးပြီး မကြာခင်မှာပဲ ပရိနိဗ္ဗာန်ပြုသွားပါတယ်။ ကျန်ခဲ့တဲ့ သတင်းသုံးဖော်ရဟန်းတော်တွေက အရှင်စူဠနာဂရဲ့  အလောင်းတော်ကို ကောင်းကောင်းသဂြိုလ်ပြီး အရှင်စူဠနာဂမှာခဲ့တဲ့အတိုင်း ဓါတ်တော်တွေကိုယူပြီး ကြွတော်မူကြပါတယ်။ ကြွတော်မူတဲ့ လမ်းခရီးတစ်လျှောက် ပစ္စည်းလေးပါးမပင်မပန်းနဲ့  မိမိတို့သီတင်းသုံးရာ သီဟိုဠ်ကျွန်း ထူပါရုံကျောင်းတိုက်ကို ပြန်ရောက်ခဲ့တယ်လို့ဆိုပါတယ်။
စေတနာကြီးမားလှတဲ့ သာမန်ဒါနလေးဟာ ကာယကံရှင်မရှိတော့တာတောင် ကျန်ခဲ့သူတွေအတွက် အကျိုးပြုသွားတဲ့ သီဟိုဠ်ဓမ္မ၀တ္ထုလေးပါ။ စေတနာရဲ့  သဘောသရုပ်ကို ဖွင့်ပြခဲ့တဲ့ ၀တ္ထုလေးအဖြစ်လည်း ပူးတွဲသဘောပေါက်လိုက်ရပါတယ်။
အရှင်စူဠနာဂရဲ့ ဝတ္ထုလေးကို သတိရနေသမျှတော့ ခွေးတွေကို ကျွေးဖြစ်နေအုံးမှာပါ။
ခွေးတွေကို ကျွေးဖြစ်နေသမျှတော့ အရှင်စူဠနာဂရဲ့  ၀တ္ထုလေးကို သတိရနေဖြစ်အုံးမှာပါ။
ကျမ်းကိုး
မဓုရ ရသ၀ါဟိနီကျမ်း - စူဠနာဂမထေရ်ဝတ္ထု(နှာ ၃၇၁-၃၈၀)
ရဝေနွယ် (အင်းမ)

မိဘကျေးဇူး ကျေအောင်ဆပ်နည်း
မိဘကျေးဇူး ကျေအောင်ဆပ်နည်း
အား အရှင်အရိယ ရေးသားပါသည်
... မြန်မာ့လူ့ဘောင်၌ သဘင်သည်တို့ အလွန်အကျူးဆိုထား၍ အမှတ်မှား/ အသိမှားနေသောအယူဆတစ်ခုမှာ အမေ့နို့ဖိုး ကျေအောင်ဆပ်ဖို့ ဆိုတာ မဖြစ်နိုင်ဘူး။ အဘိဓမ္မာတရားဟော၍ အမိကျေးဇူးဆပ်ခဲ့သည့် ဘုရားရှင်တောင် မိခင်နို့ဖိုး တစ်လုံးဖိုးတောင် မကျေခဲ့ဘူး။ ဒါကြောင့် မိခင်နို့ဖိုး ကျေအောင်ဆပ်ဖို့ဆိုတာမဖြစ်နိုင်သည့်အတွက် ဆပ်နေလည်း မောရုံရှိမယ်ဟု အထင်ရောက်စရာရှိပါသည်။
မိဘကျေးဇူးကျေအောင်ဆပ်လိုသူတို့ သည် စားဝတ်နေရေးစသည့် ပစ္စက္ခအခြေနေလိုအပ်ချက်ကို ဖြည့်ဆီးပေးရုံမျှဖြင့် ကျေနပ်မနေဘဲ အပစ္စက္ခသံသရာခရီးရဲ့လိုအပ်ချက်တွေကိုပါ ပြည့်အောင် ဖြည့်စွမ်းပေးဖို့လိုအပ်ပါတယ်။
ရှေးစာဆို ဆရာတော်များရဲ့အဆုံးအမကို မျှဝေလိုပါတယ်။
မိကို ညာက၊ ဖကို လက်ဝဲ၊ ကိုင်စွဲချီလျက်၊ ပုခုံးထက်ဝယ်၊ အသက်ဆုံးအောင်၊ မြတ်နိုးဆောင်၍၊ အခေါင်အဖျား၊ လုပ်ကျွေးငြားလည်း၊ မွေးဖွားပိုက်ကျူး၊ ရှေးတင်ဖူးသည့်၊ ကျေးဇူးလှယ်ပြိုင်၊ မဆပ်နိုင်ခဲ့။ ( ရှင်မဟာရဋ္ဌသာရ)
သက်ကြီးမိဘ၊ ဆရာစသား၊ စိုးရသခင်၊ ကျေးဇူးရှင်တို့၊ ပြစ်တင်မောင်းမဲ၊ ရိုက်ပုတ်ဆဲလည်း၊ ၀မ်းထဲယုံ့ယုံ့၊ ယုန်လျင်ကျုံ့သို့၊ ဆိုတုံ့မ၀ံ့၊ စောင်မာန်ညံ့လျက်၊ ကြောက်ရွံ့ရိုသေ၊ သည်းခံထွေဖြင့်၊ ကောင်းထွေနှလုံး တည်စေမင်း။ (လောကသာရပျို့)
မိဘကျေးဇူး၊ ကျွေးအထူးကို၊ ကြည်နူးတုံ့ကာ၊ ဆပ်လိုပါမူ၊ သဒ္ဓါကင်းပ၊ သီလမဖြူ၊ အလှူမပေး၊ ကင်းဝေးသုတ၊ မိနှင့်ဘကို၊ ဖျောင်းဖျချိုသာ၊ စေတနာနှင့်၊ သဒ္ဓါစသား၊ မြတ်တရားနှင့်၊ စုံငြားလေအောင်၊ ကြိုးစားဆောင်က၊ မြားမြောင်ထွေထွေ၊ ကျေးဇူးကျေမည်၊ ဆပ်လေသူတော် လမ်းစဉ်တည်း။ (စံကျောင်းဆရာတော်)
နားဝယ်စိမ့်ငှါ၊ ငါဆရာလျှင်၊ မာတာပိတ၊ ဂုဏ်ကိုပြ၍၊ ပုတ္တတို့အား၊ ဆပ်ငြားပိုင်ကြောင်း၊ ဖော်ပြရှောင်း၍၊ မကောင်းမိဘ၊ ဓမ္မမတည်၊ မကြည်မညို၊ ၀န်တို မိစ္ဆာ၊ ပါဏာတိပါတ်၊ သတ်ခတ်လုယူ၊ မဖြူနှလုံး၊ မသုံးသီလ၊ ဒါနမပွား၊ မသွားကျောင်းကန်၊ ဟုတ်လှမှန်သား၊ မိဘအားကို၊ တရားစောင့်စောင့်၊ တော်ဖြောင့်လှစွာ၊ မိစ္ဆာမဖောက်၊ မသောက်သေစာ၊ ပါဏာသူ့သတ်၊ ခိုးဝှက်ယူမှု၊ ဤငါးခုကို၊ မပြုနှင့်ဗျာ၊ လှူဒါမပြတ်၊ ပိဏ္ဍပါတ်လည်း၊ မလတ်နေ့တိုင်း၊ မရိုင်းကျောင်းကန်၊ အမှန်သွားသွား၊ တရားနာနာ၊ ရတနာသုံးဦး၊ မပြတ်ဖူး၍၊ ကြည်နူးလှစေ၊ ညောင်ရေလည်းသွန်း၊ ဆီမီးထွန်းလျက်၊ ဆွမ်းကွမ်းလက်ဖက်၊ ရေစက်ချချ၊ လှူဒါနနှင့်၊ သီလဥပုသ်၊ ကိုယ်နှုတ်နှလုံး၊ စောင့်သုံးပါဗျာ၊ မိမာတာကို၊ ဤသို့ဆိုတတ်၊ တို့သားမြတ်ကို၊ ဆပ်ဆပ်ကျေးဇူးမိုး၏တည်း။ (အတုလအကျော် ခင်ကြီးဖျော်၊ ပုတ္တောဝါဒ)
သေလွန်ပြီးနောက် ကာလရောက်မှ ကောင်းမှုကုသိုလ်လုပ်၍အမျှပေးဝြေ ခင်းသည် အမှောင်ထဲ ရမ်းပစ်သလို ပစ်မှတ်ကို ထိမှန်ချင်မှ ထိမှန်ပါလိမ့်မည်။ အသေချာဆုံးက ရှင်သန်စဉ်ကာလမှာ ပြုစုလုပ်ကျွေး မွေးမြူရမည်၊ ကုသိုလ်ပြုခွင့်မသာသော မိဘတို့အား ကုသိုလ်ပြုဖို့ အခွင့်အလမ်းတွေကို ဖန်တီးပေးရမည်ဖြစ်သည်။
သုခိတာ ဟောထ၊ ဒုက္ခာ မုစ္စထ- ဆင်းရဲလွန်မြောက် ချမ်းသာခြင်းသို့ရောက်ကြပါစေ။

Monday, October 10, 2011
လိုက်နာသင့်တဲ့စာစုလေးတချို့....
(၁) ရေကြည်တစ်ခွက်ထဲ ရေနောက်တစ်စက်ကျတာနဲ့ ရေတစ်ခွက်လုံး ညစ်ပတ်သွားတယ်။ ရေနောက်တစ်ခွက်ထဲ ရေကြည်တစ်စက်ရှိရုံနဲ့ ရေတစ်ခွက်လုံး မကြည်နိုင်ဘူး။
(i) စားပြီးသား အစာအိမ်ထဲကအစားအစာ
(ii) ရင်ထဲထည့်ဝှက်ထားတဲ့ စိတ်ကူးအိပ်မက်
(iii) ဦးနှောက်ထဲထည့်လိုက်တဲ့ စာပေ၊ အသိပညာ။
(၃) မြင်းတွေဟာ ပျော့ပျောင်းတဲ့မြေပေါ်မှာ အလွယ်တကူ ခြေခေါက်နိုင်တယ်။ လူတွေဟာ ချိုမြိန်တဲ့မုသားစကားကြားမှာ အလွယ်တကူ လဲကျနိုင်တယ်။
(၄) တကယ်လို့ စာမဖတ်ဘူး၊ ဗဟုသုတ မတိုးပွားဘူးဆိုရင် လမ်းခရီးမိုင်ပေါင်း ဘယ်လောက်လျှောက်ခဲ့လည်း သင်ဟာ စာပို့လုလင်တစ်ဦးမျှသာ။
(၅) ထိပ်နှစ်ဘက်ချွန်တဲ့ အပ်ဆိုတာ မရှိသလို စိတ်တူ၊ ကိုယ်တူတဲ့လူ နှစ်ယောက်မရှိနိုင်ဘူး။
(၆) ကံကောင်းခြင်းဆိုတာ အခွင့်အရေးနဲ့သင့်ကြိုးစားမှုတွေ ထိပ်တိုက်ဆုံတဲ့အချိန်ဖြစ်တယ်။
(၇) တကယ်လို့ စောင့်ပဲစောင့်နေခဲ့ရင် ဖြစ်လာမှာက အသက်ကြီးပြီး အိုမင်းသွားတာပါပဲ။
(၈) သေးငယ်တဲ့ ပြုလုပ်ဆောင်ရွက်ချက်က ကြီးမားတဲ့အပြောသက်သက်ကို အောင်နိုင်တယ်။
(၉) ရှေ့လူရဲ့ခြေရာကို လိုက်မရှာနဲ့။ သူ့ရဲ့ရည်မှန်းချက် ပန်းတိုင်ကိုပဲ ရှာပါ။
(၁ဝ) နှလုံးသားထဲ ကိုယ့်ကိုယ်ကို ထည့်မထားနိုင်တာဟာ အသိဉာဏ်နည်းလို့ဖြစ်တယ်။ နှလုံးသားထဲ သူတစ်ပါးကို ထည့်မထားနိုင်တာဟာ ကရုဏာတရားကင်းလို့ဖြစ်တယ်။
(၁၁) ရယ်မောခြင်းဟာ လူလူချင်းရဲ့အကွာအဝေးကို နီးသထက်နီးစေတယ်။
(၁၂) မကြာခဏခေါင်းလှည့်ပြန်သူဟာ ဘယ်တော့မှ ခရီးဝေးမရောက်နိုင်ဘူး။
(၁၃) ငယ်ငယ်တုန်းက ပျော်ရွှင်ဖို့ လွယ်ကူခဲ့တယ်။ ကြီးလာတော့ လွယ်ကူ(ရိုးရှင်း)မှ ပျော်ရွှင်တော့တယ်။
(၁၄) လူတချို့က သူတို့ဘဝ မလှပလိုက်တာလို့ မကြာခဏ ငြီးဆိုကြတယ်။ တကယ်တော့ သူတို့မှာ အလှအပကိုမြင်နိုင်တဲ့ မျက်လုံးတစ်စုံ မဲ့နေလို့ဖြစ်တယ်။
(၁၅) ငွေဆိုတာ ရေလိုပါပဲ။ ငွေခမ်းရင် ငတ်သေတတ်တယ်။ ငွေမက်လွန်းရင် နစ်သေတတ်တယ်။
Wednesday, September 7, 2011
ဆရာတော် ဒေါက်တာပါရမီအတွေး ၊ ဒေါက်တာပါရမီအရေး .
၁။ ပူပင်စရာအတွေးတွေ ၀င်လာရင် စိတ်ရှုပ်လွန်းတယ်။ မတွေးမိအောင်
ကြိုးစားကြည့်လိုက်။ ဘယ်လောက်အေးချမ်းလဲ။ စိတ်ရှုပ်စရာဆိုတာကတော့ အနဲနဲ့
အများရှိနေကြတာပဲ။ အရှုပ်ထဲမှာ ရှင်းအောင်နေနိုင်ဖို့သာ
အရေးကြီးတယ်။
၂။ ကိုယ်ချင်းလဲစာ၊ အကြင်နာလဲရှိတာကို စာနာတတ်တယ်လို့ ဆိုတာထင်တယ်။
ဒီအသိလေးနဲ့ ဒီသဘောတရားလေးအခြေခံလိုက်ရင် တစ်ယောက်အပေါ်တစ်ယောက်
နားလည်ခွင့်လွှတ်နိုင်တာ အမှန်ပဲ။
၃။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အသက်ရှင်နေရတဲ့ဘ၀ကို ရအောင်ယူ၊
ပူပင်စရာမှန်သမျှ ခ၀ါချ၊ သောက ကင်းစင် စိတ်ကြည်လင်
၎။ တရားသဘောနဲ့ အများသဘောက တစ်ခြားစီပဲ။
၅။ တရားအပေါ်မှာ မြတ်နိုးယုံကြည်လိုက်ပါ။ ယုံကြည်တဲ့အတိုင်း
ရှောင်သင့်တာရှောင် လိုက်နာသင့်တာလေးတွေ လိုက်နာလိုက်ပါ။ တရားဟာ အားကိုးရာအစစ်
ဖြစ်လာပါတယ်။ ကိုယ်စောင့်တဲ့တရားက ကိုယ့်ဘ၀ရဲ့ ခွန်အားပဲ။ ကိုယ့်နောက်မှာ
ဘယ်သူမှမရှိချင်နေ၊ တရားရှိနေတယ်ဆိုတဲ့ယုံကြည်ချက်နဲ့ သတ္တိလဲ
ကောင်းလာတယ်။
၆။ မင်္ဂလာနံနက်ခင်းပါ။ မင်္ဂလာရှိချင်ရင် မင်္ဂလာမရှိတာတွေ
ရှောင်လိုက်ပါ။ မင်္ဂလာဆိုတာ ကုသိုလ်တရားပဲ။ အကုသိုလ်ရှောင်လိုက်ရင် မင်္ဂလာရှိမှရှိ။
မင်္ဂလာရှိမှ ကျက်သရေ ရှိမယ်။ ကျက်သရေရှိမှ တင့်တယ်မယ်။
၇။ လွယ်နေတာကို ခက်အောင်လုပ်တတ်ကြသည်။ အဆင်ပြေနေတာကို
မပြေအောင်လုပ်တတ်ကြသည်။ ချမ်းသာနေတာကို ဆင်းရဲအောင်လုပ်တတ်ကြသည်။
ကောင်းနေတဲ့စိတ်တွေ ပျက်အောင်လုပ်တတ်ကြသည်။
၈။ အကောင်းပြောတိုင်းလဲ အပြောကောင်းချင်မှ ကောင်းမယ်။
အပြောကောင်းတိုင်းလဲ အကောင်းပြောဟုတ်ချင်မှဟုတ်မယ်။
(စဉ်းစားတတ်ဖို့ပါ)
၉။ ကံအကျိုးပေး ဘယ်လောက် ဆိုးနေပါစေ၊ ကောင်းတဲ့ကံသာ လုပ်နေပါ။
အကျိုးပေးလဲ ကောင်းလာမှာပါပဲ။ ကံဆိုးကြုံနေရလို့သာ လက်မှိုင်ချနေမယ်ဆိုရင် အရှုံးထဲက
အမြတ်ဘယ်ထွက်ပါ့မလဲလေ။
၁၀။ လူတစ်ယောက်မှာ အားနဲချက်လဲ ရှိတယ်။ အားသာချက်လဲ ရှိတယ်။
အားနဲချက်ကိုသာ ကြည့်နေမယ်ဆိုရင် အပေါင်းအသင်းလုပ်ချင်စရာ မရှိဘူး။
အားသာချက်ကိုချည်း ကြည့်နေမယ်ဆိုရင်လဲ အကောင်းမြင်လွန်းသွားမယ်။ နှစ်မျိုးလုံးကို
မျှမျှတတ ကြည့်တတ်အောင် ကြိုးစားရတယ်။ အားနဲချက်ကို သည်းခံ၊ အားသာချက်ကို လက်ခံ။
ဒီလို ကျင့်သုံးသွားရင် မပေါင်းသင်းချင်စရာလူဆိုတာ မရှိတော့ဘူး။
၁၁။ လောဘရဲ့နယ်၊ ကြီးလေကျယ်၊
ပယ်လယ်ပြင်ကရှုံးရသည်။
၁၂။ သူပြောမှ ပြီးရတဲ့ သူမဖြစ်ပါစေနဲ့။ ကိုယ်တိုင်
ဆုံးဖြတ်ချက်ချနိုင်တဲ့ သူဖြစ်ပါစေ။
၁၃။ အရိယာတွေ ရဟန္တာတွေ ဘုရားရှင် ပစ္စေကဗုဒ္ဓါအရှင်မြတ်ကြီးတွေ
ထားတော်မူတဲ့ စိတ်ထားမျိုးကို ပုထုဇဉ်တွေ လိုက်နာနိုင်အောင် ပြောပြနေမယ်ဆိုရင်တော့
ပိုလွန်းနေပါလိမ့်မယ်။ ပုထုဇဉ်မှာ ပုထုဇဉ်စိတ်ပဲ ပေါ်တယ်။ အရိယာစိတ် ပေါ်ကိုမပေါ်ဘူး။
အရိယာဖြစ်မှ အရိယာစိတ်ပေါ်မှာကိုး။ ဒီ concept လွတ်နေတော့ အရိယာတွေရဲ့ စိတ်ကို
ပုထုဇဉ်ထဲ ရိုက်သွင်း၊ ဟိုက နားထောင်ရုံပဲ ထောင်နိုင်တယ်၊ ပြီးတော့
ဒုံရင်းဒုံရင်းပဲ ပြန်ဆိုက်တယ်။
၁၄။ အမှန်မြင်နိုင်ရင် အမြင်မှန်လာမယ်။ အမြင်မှန်လာပြီဆိုရင်
အမူအကျင့်တွေလဲ မှန်လာမှာပါ။ အမှန်မြင်တာက အရှိအတိုင်း ပကတိအတိုင်း မြင်တာပါပဲ။
မြင်လိုက်ရတဲ့အတိုင်း သိလိုက်ရတဲ့အတိုင်း အမှားဘက်ကို လက်မခံဘဲ အမှန်ဘက်ကသာ
ရပ်တည်ပြီး ခံယူကျင့်သုံးမယ်ဆိုရင် အမြင်မှန်ဖြစ်လာပါတယ်။
၁၅။ အမှန်သိရာမှ အသိမှန်ဖြစ်အောင်လုပ်နေရတယ်။ အသိမှန်လာရင်
မမှန်တာတွေ ရှောင်ရှားနိုင်လာမယ်။
၁၆။ တရားနဲ့ ဖြေနိုင်ဖို့အတွက်လောက်ပဲ တရားနဲ့နေနိုင်အောင်
ကြိုးစားလိုက်မယ်ဆိုရင်တောင် တရားတန်ဖိုးကို
တကယ်နားလည်သဘောပေါက်လာနိုင်ပါတယ်။
၁၇။ နောက်ဆုတ်နောက်ဆုတ်လုပ်နေရင် နောက်ရောက်သွားမယ်။
ရှေ့ရောက်ချင်ရင် ဘယ်တော့မှ နောက်မဆုတ်နဲ့။
(ကောင်းမွန်မြင့်မြတ်တဲ့အလုပ်ကိုပြောတာ)။
၁၈။ သူတော်ကောင်းအရိပ်ခိုလိုက်ရတဲ့အချိန်လေးဟာ အလွန်တရာမှ
အေးချမ်းလှပါတယ်။ သူတော်ကောင်းတွေရဲ့ စကားကလဲ အေးငြိမ်းစေသကဲ့သို့ သူတို့ရဲ့
အပြုအမူတွေကလဲ အေးငြိမ်းစေတာပါပဲ။ သူတော်ကောင်းနဲ့တွေ့လို့ စိတ်ဆင်းရဲသွားတယ်ဆိုတာ
မရှိဘူး။ အအေးဓာတ်တွေ ကူးစက်လာသလို ခံစားရတယ်။
၁၉။ အပါယ်ကျမှာကြောက်လို့ သီလစောင့်တာလား၊ သီလကို ချစ်မြတ်နိုးလို့
သီလစောင့်တာလား။ အပါယ်ကျမှာကြောက်လို့ သီလစောင့်တာဆိုရင် သီလကို
ချစ်မြတ်နိုးတာမဟုတ်သေးဘူး။ သီလကို မြတ်နိုးလို့စောင့်တာဆိုရင် အပါယ်လဲ
မရောက်တော့ဘူး။ (စဉ်းစားမိသရွေ့ပါ)
၂၀။ အမှားတွေကို အမှန်ထင်ပြီး ရဲရဲရင့်ရင့် ပြောတတ်ဆိုတတ်အောင်
လူတွေကို ပုံသွင်းထားလိုက်တာ ပိပိရိရိပဲ။ သူတို့ဘက်က မှားတယ်ဆိုတာ
ဘယ်တော့မှမရှိဘူးဆိုတဲ့ ပုံစံနဲ့လေ။ မှန်တာကလဲ ဘာတစ်ခုမှမရှိဘဲနဲ့။ ဒီလိုလူတွေ
တွေ့ကြဘူးမှာပါ။ ဒါကြောင့် မမှန်တာတွေ မှန်နေတဲ့ခေတ်ကြီးမှာ အမှန်တွေ
မှားနေကြလေရဲ့။
၂၁။ ပညာယူတတ်သူအတွက် ပြဿနာတစ်ခုခုတက်တိုင်း ပညာတစ်ခုခုရတယ်။
ပြဿနာတွေ အခက်အခဲတွေနဲ့ ရင်ဆိုင်ရလေ စိတ်ဓာတ်တွေ ရင့်ကျက်လာလေသာ ဖြစ်တယ်။
ပြဿနာတွေကို အကောင်းဆုံးနည်းနဲ့ ဖြေရှင်းဖို့ ကြိုးစားရင်းနဲ့ စိတ်စွမ်းအားတွေ
မြင့်မားလာတယ်။
၂၂။ တရားအားထုတ်ပြီး တရားလဲ ကိန်းဖို့လိုပါတယ်။
၂၃။ အတူမြင်ပေမယ့် အမြင်မတူနိုင်ပါ။
၂၄။ ကိုယ်ဆင်းရဲတာထက် စိတ်ဆင်းရဲတာက ပိုဆိုးတယ်။
စိတ်ဒဏ်ရာအနာတရဖြစ်လာရင် တော်တော် အကုရခက်တယ်။ ကိုယ်ဆင်းရတော့ ကာယိကဒုက္ခ၊
စိတ်ဆင်းရဲတော့ စေတသိကဒုက္ခ။ ဒုက္ခတွေချည်းပဲပေါ့။ စိတ်ဆင်းရဲလာရင်
စိတ်ထွက်ပေါက်ရှာတဲ့အနေနဲ့ ထင်ရာမြင်ရာတွေ လုပ်တတ်ကြတယ်။ အမှားတွေ
ထပ်လာတတ်တယ်။
၂၅။ အရှိတရားကိုသိရင် အသိတရားတွေ ရှိလာတယ်။
၂၆။ ၀ဋ်ဆိုတာ ဒီဘ၀မှာတင် ပြန်လည်တတ်တယ်။ ကိုယ်က သူများအပေါ်
အနိုင်ကျင့်ထားရင် ကိုယ့်လဲ အနိုင်ကျင့်သူ ပေါ်လာတာပဲ။ ကိုယ်က သူများအပေါ်
လူလည်ကျထားရင် ကိုယ့်အပေါ်လဲ လူလည်ကျသူ ပေါ်လာတာပဲ။ ကိုယ်က သူများကို ဒုက္ခရောက်အောင်
စိတ်ဆင်းရဲအောင် လုပ်ထားရင် ကိုယ့်လဲ ပြန်လုပ်တဲ့သူ ပေါ်လာတာပဲ။ ကိုယ်က မိဘတွေကို
မထေရ်မဲ့မြင် ပြုခဲ့ရင် ကိုယ့်သားသမီးတွေကလဲ ကိုယ့်အပေါ် အဲလို ပြန်ပြုလာတာ။ ဝေးဝေး
မရှာပါနဲ့၊ ကိုယ့်နားနီးရာ လိုက်ကြည့်လိုက်ရင် တွေ့ရမှာပါ။
၂၇။ စိတ်ညစ်ရင် အာရုံနောက်မလိုက်နဲ့။ ညစ်တဲ့စိတ်လိုက်ကြည့်။
အာရုံဆိုတာ စိတ်ညစ်စရာတွေကို ပြောတာ။ ဘယ်သူ့ကြောင့် ဘယ်ဝါ့ကြောင့် ဘာကြောင့်
ညာကြောင့်ဆိုတာတွေပေါ့။ အဲဒါတွေနောက်လိုက်လေ ပိုစိတ်ညစ်လေပဲ။ ကိုယ့်သန္တာန်မှာ
ညစ်တဲ့စိတ်လေး လိုက်ကြည့်နေလိုက်တော့ အာရုံပျောက်သွားတယ်။
စိတ်ပြန်ကြည်လာတယ်။
၂၈။ စိတ်ကောင်းထားရုံလေးနဲ့ နိဗ္ဗာန်မရောက်ဘူးလို့ ပြောကြတယ်၊
ဟုတ်ပါတယ်။ မဂ်ဉာဏ်ရမှ နိဗ္ဗာန်ရမှာလေ။ ဒါပေမယ့် စိတ်ကောင်းလေးမှ မရှိရင်လဲ
နိဗ္ဗာန်မရောက်ဘူးလို့တော့ နားလည်စေချင်တယ်။ စိတ်ကောင်းမရှိသူတွေ
နိဗ္ဗာန်ရောက်တယ်ဆိုရင် နိဗ္ဗာန်က အဓိပ္ပါယ်မဲ့သွားမှာပေါ့။
၂၉။ စဉ်းစားပါ၊ တွေးတောပါ၊ စဉ်းစားတွေးခေါ်သမျှ ကောက်ချက်ချပါ၊
အဖြေထုတ်ပါ။ မေ့မှာစိုးရင် မှတ်စုစာအုပ်မှာရေးပါ။ ပြီးရင် အကောင်အထည်ဖော်ပါ။ ဒါဟာ
ဘ၀ရဲ့ အောင်မြင်မှု သော့ချက်ပါပဲ။
၃၀။ ကုသိုလ်က အဆန်လမ်း၊ အားစိုက်လှော်ခတ်နေမှ ဆန်တက်၏။ အကုသိုလ်က
အစုန်လမ်း၊ အထူးလှော်ခတ်နေစရာမလို၊ အလိုလိုစုံဆင်း၏။
မှတ်ချက်။ ။ လင့်တစ်ခုမှ ပြန်လည် မျှဝေခြင်းဖြစ်ပါကြောင်း ၀န်ခံပါရစေ။
ကျွန်တော်၏ မိတ်ဆွေ၊ ရောင်းရင်းများကို သိရှိ၊ ဆင်ခြင် နာယူ
နိုင်ရန် အတွက် ပြန်လည် မျှဝေလိုက်ရခြင်းပါ။
ကိုမျိုး
Tuesday, September 6, 2011
တရားသဘော နဲ့ တဏှာ......
ဒီနေရာမှာ ဘဝတဏှာအကြောင်း တစ်ခုကိုပြောပြချင်ပါတယ်။
အလွန်ပဲကြောက်စရာကောင်းပါသည်။ ရရာဘဝ ကို ခင်တွယ်ပြီး ဒီဘဝကနေ မထွက်ချင်ဘူး။ လူ့ဘဝရောက်နေသူတွေဟာ နောက်ဘဝလူပြန်ဖြစ်ချင်ကြတာပဲ။
ပုံပြင်ကလေးတစ်ခုရှိပါတယ်။ နတ်သား သူငယ်ချင်းနှစ်ယောက်ဟာ နတ်တန်ခိုးနဲ့ သူတို့စုတေခါနီးတော့ နောက်ဘဝ ဘာဖြစ်လာမလဲပေါ့လေ၊ နတ်သားတစ်ပါးက သူစုတေပြီးရင် ကျီးကန်းဖြစ်မယ်၊ သူငယ်ချင်းကတော့ အိမ်သာထဲကလောက်ဖြစ်မယ်ပေါ့။ အဲဒီတော့လောက်ဘဝရောက်မယ့် သူငယ်ချင်းက ငါကတော့အဖြစ်ဆိုးပါတယ် ကွာ။ လူတွေစွန့်တဲ့ မစင်တွေထဲမှာနေရပြီး မစင်စားရမယ့် ဘဝတော့ မနှစ်မြို့ဘူး ရွံစရာကြီးပေါ့။
ဒီတော့လောက်ဖြစ်မယ့် နတ်သားက သူငယ်ချင်းကို အကူအညီတောင်းတယ်၊ ငါတို့စုတေပြီးလို့ မင်းကကျီး ကန်းဖြစ်ပြီး၊ ငါကလောက်ဖြစ်တဲ့အချိန်မှာ မင်းကအိမ်သာပေါ်ကနေ အား-အားလို့အော်ပါ၊ ငါကကြားတာနဲ့ မစင်ထဲ ကနေတက်လာမယ်၊ မင်းက ငါ့ကိုနှုတ်သီးနဲ့ပေါက်သတ်ပေးပါကွာ၊ ငါ့ကို ဒါလေးတစ်ခုတော့ကူညီစမ်းပါသူငယ်ချင်း ရာဆိုတော့ ကျီးဖြစ်မယ့် နတ်သားကလည်း စိတ်ချမင်းတောင်းတဲ့အကူအညီအတိုင်းငါလုပ်ပေးပါ့မယ်လို့ ကတိပေး လိုက်တယ်။
နတ်သား(၂)ပါးလည်း စုတေပြီးကျီးနဲ့လောက်ဖြစ်သွားကြတယ်။ ကျီးက ငါ့သူငယ်ချင်းပြောထားတဲ့အတိုင်း ငါလုပ်ပေးရဦးမှာပဲဆိုပြီး အိမ်သာပေါ်ကနေ အား-အားနဲ့အော်တာ ဒီတော့လောက်ကမစင်ပုံပေါ်တက်လာပြီး နေဦး သူငယ်ချင်း မင်းခုလိုလာတာ ငါကျေးဇူးတင်တယ်ကွာတဲ့၊ ဒါပေမယ့် ငါလောက်ဘဝမှာ ပျော်နေပြီ၊ ငါ့ဘဝမှာ နတ် ဘဝနဲ့ ယှဉ်ကြည့်ပါတယ်။ ဟိုမှာက နတ်သမီးတဖက်ငါးရာပဲရှိတယ်။ ခုဒီမှာတော့ လောက်တွေအိမ်သာမှာအပြည့် ပဲ ပိုများလို့ ပိုပျော်ရတယ်ကွ နတ်တွေမှာ စားရေးသောက်ရေးကမှ ပူစရာရှိသေးတယ်၊ ဒီမှာကတော့ ဘာမှမလိုဘူး ကြိုက်သလောက်စားလို့ရတယ်၊ ငါဒီဘဝမှာပဲ ပျော်နေပြီကွာ မင်းကို ကျေးဇူးတင်ပါတယ်။ ပြန်ပါတော့တဲ့။
ငယ်ငယ်တုန်းက ကြားဖူးပါတယ် “ချေးထဲကလောက်၊ ချေးထဲမှာ ပျော်ဆိုတာ” တရားသဘောနဲ့ သိတာ မဟုတ်ဘူး၊ ခုတော့ တရားသဘောနဲ့ ဘဝတဏှာ ဆိုတာတကယ်ကြောက်စရာကောင်းပါလားဆိုတဲ့တရားသဘော နဲ့ သိလာရတယ်။
ဒါကြောင့် လူတွေဟာ လူ့ဘဝမှာအလွန်ပျော်ပါးပြီး လူ့ဘဝမှ လွတ်မြောက်ရာလမ်းကြောင်းကို မလုပ်ချင်ကြဘူး၊ ဘဝတဏှာကို လျှော့ပြီး ဝိပဿနာကို ပွားများကြပါလို့။
Reference: နေနည်း၊ သေနည်း နှင့် ဝိပဿနာ
*******************************
မိတ်ကောင်း ဆွေကောင်း...
“A Bouquet of Dhamma Words”
Reference:မဟာစည်နာယကပဲနွယ်ကုန်းဆရာတော် ဘဒ္ဒန္တစန္ဒာဝရ
- နွားခြေရာသို့ လှည်းဘီးကအစဉ်လိုက်သလိုမကောင်းသောစိတ်ဖြင့် ပြောဆိုပြုလုပ်လျှင် ကိုယ့်နောက် ဆင်းရဲတွေ လိုက်မယ်။
- အရိပ်ကကိုယ်နောက် အစဉ်လိုက်သလိုကောင်းသောစိတ်ဖြင့် ပြောဆိုပြုလုပ်လျှင် ကိုယ့်နောက် ချမ်းသာတွေ လိုက်မယ်။
Reference:မဟာစည်နာယကပဲနွယ်ကုန်းဆရာတော် ဘဒ္ဒန္တစန္ဒာဝရ
လူ့ဘ၀ဆိုတာ...
လေထန်တိုင်းသာ၊ ပွင့်ကြွေပါမူ
ဘယ်မှာပန်းများ၊ ကျန်မည်နည်း။
လှိုင်းပုတ်တိုင်းသာ၊ ကမ်းပြိုပါမူ
ဘယ်မှာမြေကြီး၊ ကျန်မည်နည်း။
ကျရှုံးတိုင်းသာ၊ ငိုရပါမူ
ဘယ်မှာမျက်ရည်၊
ကျန်မည်နည်း။
အမှောင်တစ်ဝက်၊ လင်းတစ်ဝက်သည်
တစ်ရက်တစ်ခါ၊
ကြုံမြဲသာတည့်။
အရှုံးတစ်လှည့်၊ နိုင်တစ်လှည့်မှာ
မျက်ရည်ပမာ၊
တွေ့မြဲသာတည့်။
ဘဝဟူသည်ကား၊ တိုက်ပွဲများပင်
လှုပ်ရှားရသော၊
လူ့ရွာတောဝယ်
လင်းသောမှောင်သော၊ အောင်သောရှုံးသော
မုန်းသောချစ်သော၊
သစ်သောဟောင်းသော
ပူသောအေးသော၊ နုသောကြမ်းသော
စောကြောစိတ်ဖြာ၊
မနေသာပေ
လဲရာကထ၊ ကျရာကတက်
ပျက်ရာကဆောက်၊ ရှေ့သို့လျှောက်၍
ရောက်ရာဘဝ၊
အားမာန်ပြရင်း
ရုန်းရကန်ရမည်တကား။
***********
Wednesday, August 31, 2011
ပန်းများကို ပွင့်စေမယ့်သူ
လောကကြီးမှာ မိတ်ကောင်းဆွေကောင်း အဖော်ကောင်း ရှားပါးတယ်။ စိတ်သဘော ကောင်းမြတ်ဖြောင့်စင်းသူ ရှားပါးတယ်လို့ ပြောတတ်ကြပါတယ်။ ပြောရတာလဲ လွယ်ပါတယ်။ ဒါပေမယ့်.. ဒီမှာ နားထောင်သူ၊ ပြောနေသူ ကိုယ်တိုင်ပါ အခါများစွာ မေ့လျော့နေတတ်တဲ့ အချက်တစ်ခု ရှိပါတယ်.။ ဘာလဲဆိုတော့...
မိတ်ဆွေကောင်းရှားကြောင်း၊ စိတ်သဘော ဖြောင့်စင်းသူရှားကြောင်း ပြောတဲ့အခါ ကိုယ့်ကိုယ်ကို တော့ပြန်မကြည့်ပဲ ချန်ထားပြီး ကိုယ့်ပြင်ပ ပတ်ဝန်းကျင်က လူတွေကိုသာ ကြည့်ကြည့်ပြောတတ်တယ် ဆိုတဲ့အချက်ပါပဲ။ ကိုယ့်အကြိုက်နဲ့မတွေ့ရင် ဒါမှမဟုတ် ကိုယ့်အကျိုးစီးပွားအတွက် ဆောင်ရွက်မပေးရင် တစ်ဖက်လူကို မိတ်ဆွေကောင်း မဟုတ်ဘူးလို့ ပြောတတ်တာတွေလဲ ရှိပါတယ်။ ဖြစ်သင့်တာကတော့ ကိုယ့်ကိုယ်ကို ဦးစွာကြည့်ပြီး "ငါကိုယ်တိုင်ကရော ငါနဲ့ သက်ဆိုင်သူတွေအတွက် မိတ်ဆွေကောင်းတစ်ယောက် ဟုတ်ရဲ့လား၊ ငါကိုယ်တိုင် စိတ်ထား ကောင်းမြတ်သူ၊ ဖြောင့်စင်းသူ ဟုတ်ရဲ့လား" ဆိုတာ စီစစ်ဖို့ပါပဲ။ မိတ်ဆွေကောင်း ရဲ့ဂုဏ်အင်္ဂါတွေနဲ့ မဆက်ဆံပါပဲနဲ့ ကိုယ့်ပတ်ဝန်းကျင်ကလူတွေကို မိတ်ဆွေကောင်း မဟုတ်ပါဘူးလို့ မပြောသင့်ဘူး ထင်ပါတယ်။
ကိုယ်ကမိတ်ဆွေကောင်းတို့ရဲ့ဂုဏ်အင်္ဂါတွေနဲ့ ကိုယ့်ပတ်ဝန်းကျင်က လူတွေကို
ဆက်ဆံပေမယ့် အဲဒီလူတွေက ကိုယ့်ကို မိတ်ကောင်းဆွေကောင်းအဖြစ် တုန့်ပြန်ပြီး
မဆက်ဆံမျိုးတွေလဲ ရှိမှာပါပဲ။ ကိုယ်ကောင်းပေမယ့် ပြန်မကောင်းတာမျိုးတွေနဲ့လဲ
ကြုံရမှာပါပဲ။ ပုထုဇဉ်တွေဆိုတော့ အသိမဲ့၊ သတိမဲ့၊ ကျေးဇူးမဲ့ တွေနဲ့ စိတ်ထားတွေ
အမျိုးမျိုး ဖောက်ပြန်တတ်တာပါပဲ။
ဒါပေမယ့် မိတ်ဆွေကောင်းဆိုတာ အဲဒီလို လူမျိုးတွေနဲ့ ကြုံရမေမယ့်လဲ စိတ်မပျက်
သင့်သေးပါဘူးတဲ့။ ဘာကြောင့်လဲဆိုတော့..မိတ်ဆွေကောင်းဆိုတာ "သဒ္ဒွါတရားနှင့်
ပြည့်စုံကုန်၏။ စင်ကြယ်သော သီလရှိကုန်၏။ ၀န်မတိုပဲ စွန့်ကြဲခြင်းရှိကုန်၏။ ပညာနှင့်
ပြည့်စုံကုန်၏" ဖော်ပြထားပါသည်။
************************************
သီတဂူဆရာတော်ဘုရားကြီး အရှင်ဥာဏိဿရ၏ မေတ္တာပို့.....
" မေတ္တာ နိဿ ကရော လောကေ သမ္မာပါတု သုခံကရော၊
မေတ္တာ သီသလ ရန္တီဟိ သုခန္တု ပုတိတာ ပုဇာ"
လောကေ- သတ္တ၀ါ အလီလီ ခိုမှီပိုးလတ် လောကတတ် ကမ္ဘာကြီးအတွင်း၌
မေတ္တာ နိဿကရော- မေတ္တာအေးလူ ဖွေးဖြူပ ၀င်းဝယ် လမင်းကြီးသည်...
သမ္မ္မာ- သတ္တ၀ါတစ်တွေ အေးမြစေဖို့ အသားရေရွှန်းကာ ကောင်းမွန်စွာ၊ သုခံကရော- သူလည်း ၀မ်းသာ၊ငါလည်းရွှင်ပြုံး နှလုံးစိတ်ဝမ်း၊ လန်းလာ ယခု၊ ချမ်းသာကိုပြုလျက်။ ပါတု- ရန်လည်း ကင်းဝေး ဘေးလည်းမခ အအေးရပ်ဖော်ရွှန်းမြ အသားရေ ထွန်းပပါစေတတည်း။
မေတ္တာသီသလ ရန္တီဟိ၊ မေတ္တာဖွေးလျ အအေးဓါတ်ဆောင်သည့် အရောင်အ၀ါတို့ဖြင့်......
မေတ္တာသီသလ ရန္တီဟိ၊ မေတ္တာဖွေးလျ အအေးဓါတ်ဆောင်သည့် အရောင်အ၀ါတို့သည်.... ပုတိတာ ဘုံဘုံ လွှမ်းထုံမွှန်းမလတ် ထိတွေ့အပ်ကုန်သော၊ ပုဇာ- ကမ္ဘာ့ခေတ်ဖွယ်အပြည့်ပြည့်၌ တည်နေများစွာ သတ္တ၀ါတို့သည်၊ သုခန္တု- ကိုယ်စိတ်အေးကာ ဘေးရန်ကွာ၍ ၀မ်းသာတကွ ချမ်းသာကြပါစေ ကုန်သတည်း.....
မှတ်ချက်။ ။ ဆရာတော်ကြီး၏ မေတ္တာပို့မှ ကူးယူဝေငှလိုက်ရခြင်းဖြစ်ပါကြောင်း...
မေတ္တာဖြင့်...
ကိုမျိုး( မိုးညှင်း)
*********************
Subscribe to:
Posts (Atom)