" မေတ္တာ နိဿ ကရော လောကေ သမ္မာပါတု သုခံကရော၊
မေတ္တာ သီသလ ရန္တီဟိ သုခန္တု ပုတိတာ ပုဇာ"
လောကေ- သတ္တ၀ါ အလီလီ ခိုမှီပိုးလတ် လောကတတ် ကမ္ဘာကြီးအတွင်း၌
မေတ္တာ နိဿကရော- မေတ္တာအေးလူ ဖွေးဖြူပ ၀င်းဝယ် လမင်းကြီးသည်...
သမ္မ္မာ- သတ္တ၀ါတစ်တွေ အေးမြစေဖို့ အသားရေရွှန်းကာ ကောင်းမွန်စွာ၊ သုခံကရော- သူလည်း ၀မ်းသာ၊ငါလည်းရွှင်ပြုံး နှလုံးစိတ်ဝမ်း၊ လန်းလာ ယခု၊ ချမ်းသာကိုပြုလျက်။ ပါတု- ရန်လည်း ကင်းဝေး ဘေးလည်းမခ အအေးရပ်ဖော်ရွှန်းမြ အသားရေ ထွန်းပပါစေတတည်း။
မေတ္တာသီသလ ရန္တီဟိ၊ မေတ္တာဖွေးလျ အအေးဓါတ်ဆောင်သည့် အရောင်အ၀ါတို့ဖြင့်......
မေတ္တာသီသလ ရန္တီဟိ၊ မေတ္တာဖွေးလျ အအေးဓါတ်ဆောင်သည့် အရောင်အ၀ါတို့သည်.... ပုတိတာ ဘုံဘုံ လွှမ်းထုံမွှန်းမလတ် ထိတွေ့အပ်ကုန်သော၊ ပုဇာ- ကမ္ဘာ့ခေတ်ဖွယ်အပြည့်ပြည့်၌ တည်နေများစွာ သတ္တ၀ါတို့သည်၊ သုခန္တု- ကိုယ်စိတ်အေးကာ ဘေးရန်ကွာ၍ ၀မ်းသာတကွ ချမ်းသာကြပါစေ ကုန်သတည်း.....
မှတ်ချက်။ ။ ဆရာတော်ကြီး၏ မေတ္တာပို့မှ ကူးယူဝေငှလိုက်ရခြင်းဖြစ်ပါကြောင်း...
မေတ္တာဖြင့်...
ကိုမျိုး( မိုးညှင်း)
*********************
No comments:
Post a Comment