လူတော်တော်များများဟာ အနိုင်အရှုံးဆိုတဲ့ သဘောထားကို အခြေခံပြီးတော့ တစ်ယောက်နဲ့တစ်ယောက် ဆက်ဆံကြတယ်။ လူနှစ်ယောက် တွေ့တာနဲ့ တစ်ပြိုင်နက် ငါနိုင်သလား၊ သူနိုင်သလား။ အရေးအကြီးဆုံးက အနိုင်ရဖို့ပဲလို့ သဘောထား လိုက်ကြတယ်။ တစ်ဖက်သားရဲ့ အတွေးအခေါ်၊ အယူအဆ၊ သဘောထားကို ထည့်မတွက်ဘူး၊ ထည့်မစဉ်းစားဘူး။ မိမိမှန်တယ်ထင်ရင် နိုင်ရမယ်လို့ပဲ ယူဆတယ်။ ငါမှန်ရင် ငါနိုင်ရမယ်။ အမှန်နဲ့အနိုင် နှစ်ခုတွဲထားလိုက်တယ်။ မှန်တိုင်း အနိုင်ရမယ်လို့ သဘောမထားသင့်ပါဘူး။
အနိုင်အရှူံး ဆိုတာကို ထည့်မစဉ်းစားပဲ ရိုးသားစွာပေါင်းဖော်တာ အကောင်းဆုံးပါ။
အနိုင်အရှူံး ဆိုတာကို ထည့်မစဉ်းစားပဲ ရိုးသားစွာပေါင်းဖော်တာ အကောင်းဆုံးပါ။
No comments:
Post a Comment