Wednesday, August 31, 2011

ပန်းများကို ပွင့်စေမယ့်သူ

                                            

  လောကကြီးမှာ မိတ်ကောင်းဆွေကောင်း အဖော်ကောင်း ရှားပါးတယ်။ စိတ်သဘော ကောင်းမြတ်ဖြောင့်စင်းသူ ရှားပါးတယ်လို့ ပြောတတ်ကြပါတယ်။   ပြောရတာလဲ လွယ်ပါတယ်။ ဒါပေမယ့်.. ဒီမှာ နားထောင်သူ၊ ပြောနေသူ ကိုယ်တိုင်ပါ အခါများစွာ မေ့လျော့နေတတ်တဲ့ အချက်တစ်ခု ရှိပါတယ်.။ ဘာလဲဆိုတော့...
မိတ်ဆွေကောင်းရှားကြောင်း၊ စိတ်သဘော ဖြောင့်စင်းသူရှားကြောင်း ပြောတဲ့အခါ ကိုယ့်ကိုယ်ကို တော့ပြန်မကြည့်ပဲ ချန်ထားပြီး ကိုယ့်ပြင်ပ ပတ်ဝန်းကျင်က လူတွေကိုသာ ကြည့်ကြည့်ပြောတတ်တယ် ဆိုတဲ့အချက်ပါပဲ။ ကိုယ့်အကြိုက်နဲ့မတွေ့ရင်  ဒါမှမဟုတ် ကိုယ့်အကျိုးစီးပွားအတွက်   ဆောင်ရွက်မပေးရင်  တစ်ဖက်လူကို မိတ်ဆွေကောင်း မဟုတ်ဘူးလို့ ပြောတတ်တာတွေလဲ  ရှိပါတယ်။     ဖြစ်သင့်တာကတော့ ကိုယ့်ကိုယ်ကို ဦးစွာကြည့်ပြီး "ငါကိုယ်တိုင်ကရော ငါနဲ့ သက်ဆိုင်သူတွေအတွက် မိတ်ဆွေကောင်းတစ်ယောက် ဟုတ်ရဲ့လား၊ ငါကိုယ်တိုင် စိတ်ထား ကောင်းမြတ်သူ၊    ဖြောင့်စင်းသူ ဟုတ်ရဲ့လား" ဆိုတာ စီစစ်ဖို့ပါပဲ။ မိတ်ဆွေကောင်း ရဲ့ဂုဏ်အင်္ဂါတွေနဲ့ မဆက်ဆံပါပဲနဲ့  ကိုယ့်ပတ်ဝန်းကျင်ကလူတွေကို မိတ်ဆွေကောင်း မဟုတ်ပါဘူးလို့ မပြောသင့်ဘူး   ထင်ပါတယ်။
    ကိုယ်ကမိတ်ဆွေကောင်းတို့ရဲ့ဂုဏ်အင်္ဂါတွေနဲ့ ကိုယ့်ပတ်ဝန်းကျင်က လူတွေကို
ဆက်ဆံပေမယ့် အဲဒီလူတွေက ကိုယ့်ကို မိတ်ကောင်းဆွေကောင်းအဖြစ် တုန့်ပြန်ပြီး
မဆက်ဆံမျိုးတွေလဲ ရှိမှာပါပဲ။ ကိုယ်ကောင်းပေမယ့် ပြန်မကောင်းတာမျိုးတွေနဲ့လဲ
ကြုံရမှာပါပဲ။  ပုထုဇဉ်တွေဆိုတော့ အသိမဲ့၊ သတိမဲ့၊ ကျေးဇူးမဲ့ တွေနဲ့ စိတ်ထားတွေ
အမျိုးမျိုး ဖောက်ပြန်တတ်တာပါပဲ။
    ဒါပေမယ့် မိတ်ဆွေကောင်းဆိုတာ အဲဒီလို လူမျိုးတွေနဲ့ ကြုံရမေမယ့်လဲ စိတ်မပျက်
သင့်သေးပါဘူးတဲ့။ ဘာကြောင့်လဲဆိုတော့..မိတ်ဆွေကောင်းဆိုတာ "သဒ္ဒွါတရားနှင့်
ပြည့်စုံကုန်၏။ စင်ကြယ်သော သီလရှိကုန်၏။ ၀န်မတိုပဲ စွန့်ကြဲခြင်းရှိကုန်၏။ ပညာနှင့်
ပြည့်စုံကုန်၏" ဖော်ပြထားပါသည်။

                    ************************************



No comments:

Post a Comment