Sunday, August 28, 2011

ပြဿနာကို ဘယ်လိုဖြေရှင်းမလဲ....


       တစ်နေ့တစ်နေ့ ကိုယ်လုပ်ရမယ့် အလုပ်တွေကို အစီအစဉ် ရေးဆွဲတဲ့အခါမှာ အဆင်မပြေတာတွေကို ဖြေရှင်းရမယ်ဆိုတဲ့ အစီအစဉ်ပါထည့်ဆွဲထားရမယ်။ အဆင်ပြေတာချည်းတွေချည်းပဲ တွေ့ရမှာ မဟုတ်ဘူး၊ မပြေတာလည်းပါမှာပဲ။ ဒါကို ထည့်ထားရပါမယ်။
       ပြဿနာတစ်ခုကို တည့်တည့် ရင်မဆိုင်ချင်တဲ့အခါ ကျန်းမာရေးမကောင်းတာနဲ့ စိတ်ကိုအာရုံပြောင်းစရာအဖြစ် အစားထိုးတာတွေ(မသိစိတ်က) လုပ်တတ်တယ်။ အဲဒီလိုဆိုရင်အကြောင်းရင်းကလည်း ပြေလည်မသွားဘူး။ နောက်ထပ်ပြဿနာလည်း တိုးလာတယ်။
      ပြဿနာကို ဥာဏ်ပါပါနဲ့ဖြေရှင်းဖို့ကို ဦးစားပေးပြီး အဖြေကိုရှာရတာက
စိတ်သက်သာမှူ ကိုပိုရတယ်။ ဥာဏ်ပညာလည်း ပိုကြီးလာတယ်။တကယ်လို့ ပြဿနာက
ကိုယ့်ဘက်က ဘာမှမတတ်နိုင်တဲ့ အခြေအနေမှာရှိနေရင် ဘယ်လိုလုပ်မလဲ။ အဖြေရှာ
လို့မရနိုင်ရင် ဘယ်လိုလုပ်မလဲ။ ဆက်ပြီးတော့ စိတ်ဆိုးနေမှာလား။ ကိုယ့်ဒေါသကြောင့်
ကိုယ့်မှာ ပူလောင်နေတာကို လက်ခံမှာလား။ ဒေါသပြေအောင် ကိုယ့်သဘောထားနဲ့
မျှော်လင့်ချက်ကြို့ပင်ရင်ကောင်းမလား။ အရင်စဉ်းစားပါ။ ပြီးတော့ ရင်ဆိုင်ဖြေရှင်းနိုင်တဲ့
နည်းလမ်းတော့ ရှာတွေ့နိုင်မှာပဲ။
      ဘာအခက်အခဲကိုမှ ရင်မဆိုင်ရဲတဲ့သူဟာ ဘယ်လိုနည်းနဲ့မှ စိတ်ဓာတ်ရင့်ကျက်တဲ့
သူ၊ အသိဥာဏ် ရင့်ကျက်တဲ့သူ၊ ပညာတတ်တဲ့သူ၊ အစွမ်းအစရှိတဲ့သူ မဖြစ်နိုင်ဘူး။
       The person who risks nothing does nothing, has nothing and becomes
nothing. He may avoid suffering and sorrow, but he simply cannot learn and
feel and change and grow and love and live.
    

No comments:

Post a Comment