လောကမှာ အမေဆိုတာ....
ဘယ်လိုမှအစားထိုးလို့မရနိုင်တဲ့ အနိုင်းမဲ့မေတ္တာတွေကိုပိုင်ဆိုင်သူပါ...ကျွန်တော့်ရဲ့ ဘလော့အမည်ကိုပင် မိဘမေတ္တာကို ရည်ညွန်းလျက်.."ရင်ခွင်အေးရိပ် " ဟူ`ရ်ျသာအမည်ပေးခဲ့ရခြင်းပါ..။
ဘယ်လိုမှအစားထိုးလို့မရနိုင်တဲ့ အနိုင်းမဲ့မေတ္တာတွေကိုပိုင်ဆိုင်သူပါ...ကျွန်တော့်ရဲ့ ဘလော့အမည်ကိုပင် မိဘမေတ္တာကို ရည်ညွန်းလျက်.."ရင်ခွင်အေးရိပ် " ဟူ`ရ်ျသာအမည်ပေးခဲ့ရခြင်းပါ..။
လောက၌ လူ့ဘ၀ လူလောကကို ရင်ဆိုင်ရာတွင် အရှုံးပေးမှူထက်၊ အနိုင်ယူလိုမှူသည်သာ လွန်စွာများပြားလှသည်။သို့ပေမယ့် တစ်ဦးတည်းသော မိခင်သည်သာ သားသမီးများသို့ အရာရာ လိုက်လျော၊ အပေးသာရှိပြီး တုန့်ပြန်မှူကိုမတောင့်တ၊ မမျှော်လင့်ပဲ အရာရာ သားသမီး အလိုကျအတိုင်းသာ ဦးစားပေးနေကြမြဲသာတည်း။ ဖ၀ါးလက်နှစ်လုံး၊ ပုခုံးလက်နှစ်သစ်မှသည် လူဖြစ်အောင် ကျွေးမွေးပြုစုလုပ်ကျွေးခဲ့ရပေသည်။
အို..အမေ..အမေသည် ကျွန်တော့်အတွက်သောက်သုံးရန် ရေချို ရေအေးတို့ တသွင်သွင်စီးဆင်းရာ ဖြစ်ပါ၏။
အမေ... အမေသည် ကျွန်တော့်အတွက် သော်သာလရောင် တပြောင်ပြောင် ထိန်လင်း
ရာလည်း ဖြစ်ပါသည်။
အမေ...အမေသည် အနန္တဂုဏ်ကျေးဇူးကိုချီးကျူးလိုကြသည့် အသိန်းအသောင်းမက ပေါများလှသော ထောပနာသြဘာသံတို့ တရံမစဲသောနေရာ ဖြစ်ပါသည်။အမေ..အမေသည် အသိန်းအသောင်းမကသော လက်ရုံးတို့ကို ဆန့်တန်းရာလည်း ဖြစ်ပါသည်။
အမေ့အား အဘယ်သူသည် အားငးယ်သူ၊ အားနွဲ့သူဟု ဆိုဝံ့အံ့နည်း။ ဘုန်းလက်ရုံးအား စွမ်းပကားသတ္တိနှင့်ပြည့်စုံသော အမေ့အား ကျွန်တော်သည် လက်ဆယ်ဖြာ ထိပ်ဝယ်မိုးရ်ျ ပူဇော်ကန်တော့
ပါ၏။
No comments:
Post a Comment