Saturday, August 27, 2011

နေရာတိုင်းတွက် ဥပေက္ခာတရား...

                                   

  မေတ္တာနဲ့ ကိုယ်ကောင်းကျိုးရစေချင်တိုင်းလည်း
သူရတာမဟုတ်၊ သူ့ကံရှိမှ သူရတာ။
   ကရုဏာနဲ့ ကိုယ်ဆင်းရဲလွတ်စေချင်တိုင်းလည်း
သူလွတ်တာမဟုတ် သူ့ကံရှိမှ သူလွတ်တာ။
  မုဒိတာနဲ့ ကိုယ်ချမ်းသာမြဲစေချင်တိုင်းလည်း
သူမြဲတာမဟုတ် သူ့ကံရှိမှ သူမြဲတာ။
  သူနဲ့ သူ့ကံတရား၊ ကံတရားနဲ့သူ
အကြောင်းအကျိုးဆက်စပ်ပြီးလည်ပတ်နေတာကို
  အမြဲဆင်ခြင်ဥာဏ်သက်ဝင်ပြီးထာဝစဉ်ကံသတိ၊
ကံအသိရှိနေမယ်ဆိုရင် ကိုယ်ဖြစ်စေချင်တိုင်း ဖြစ်မလာလို့
  မကျေမနပ်ဖြစ်ရတာတွေ၊ ဝမ်းနည်းပမ်းနည်း
စိတ်ဆင်းရဲရတာတွေ ရှိမှာမဟုတ်တော့ပါဘူး။

                 ****************

No comments:

Post a Comment