ပစ္စည်းကောင်းတွေ သုံးနိုင်ရုံနဲ့ အဆင့်အတန်းမြင့်တဲ့သူ မဖြစ်သေးဘူး။ စိတ်နေ
သဘောထား အဆင့်အတန်းမြင့်မှ အဆင့်အတန်း မြင့်တဲ့သူလို့ ဆိုနိုင်တယ်။ နေပုံထိုင်ပုံ
ပြောပုံဆိုပုံ အဆင့်အတန်းမြင့်မှ အဆင့်အတန်း မြင့်တဲ့သူလို့ ဆိုနိုင်တယ်။ နေပုံထိုင်ပုံ
ပြောပုံဆိုပုံ အဆင့်အတန်းမြင့်မှ အဆင့်အတန်း၊ မြင့်တဲ့သူဖြစ်တယ်။
Self-perfection is culture. ဆိုတာ"မိမိကိုယ်ကို ကောင်းသည်ထက်ကောင်းအောင် ချို့ယွင်းချက်ကင်းအောင် လုပ်တာဟာ ယဉ်ကျေးမှူပါ။" Self-perfectionဆိုတာ ရုပ်ရည်ကိုperfectဖြစ်အောင် လုပ်တာကိုပြောတာမဟုတ်ဘူး။ ခန္ဒွာကိုယ်ကြီးကို ချို့ယွင်း
ချက်ကင်းအောင်၊ perfectဖြစ်အောင် ဘယ်လိုမှ လုပ်လို့မရဘူး။ ဒါဖြင့်ရင် perfect ဖြစ်အောင်၊ ကြာလေ ပိုကောင်းလေဖြစ်အောင်ဘယ်ဟာလုပ်ရင် ရမှာလဲ ဆိုတော့
စိတ်ပဲရတယ်။ ဘုရားဟောတဲ့ ကိလေသာတွေ လုံးဝကင်းတဲ့ထိအောင် တရားအားထုတ်
ဖို့ဆိုတာဟာSelf-perfectionပဲ။ ဒါကြောင့် ရဟန္တာ ဖြစ်သွားရင် စိတ်က ချို့ယွင်းချက် ကင်းသွားတယ်။
ကိုယ့်ဘ၀ကို တကယ်ပိုကောင်းအောင် လုပ်တဲ့အခါမှာ သေချာတဲ့နေရာက စပါ။ စိတ်ထားကောင်းအောင် အရင်လုပ်ပါ။ တည်ငြိမ် အေးချမ်းအောင်၊ ရိုးသား
ဖြောင့်မတ်အောင်၊ ကိုယ်ချင်းစာတတ်အောင်၊ ကူညီတတ်အောင်၊ မနာလိုဝန်တိုစိတ် နဲအောင်၊ မုဒိတာများအောင်၊ တစ်ကိုယ်ကောင်း မဆန်အောင်၊ ခွင့်လွှတ်တတ်အောင်၊ အကောင်းမြင်တတ်အောင် နေ့စဉ် စိတ်ကို သတိနဲ့စောင့်ကြည့်ရင်း လေ့ကျင့်ယူပါ။
ဝမ်းနည်း ၀မ်းသာ များလွန်းတဲ့သူဟာ ဘ၀လမ်းကြောင်း မဖြောင့်ဘူး။ ၀မ်းနည်း ၀မ်းသာဖြစ်တိုင်း ဘ၀လမ်းကြောင်း ကွေ့ကောက်သွားတတ်တယ်။
ကိုယ့်စိတ်ကို ကိုယ်သိပြီးတော့ ၀မ်းနည်း၊ ၀မ်းသာဖြစ်တာတွေ၊ ကျေနပ်တာ
မကျေနပ်တာ ဖြစ်တာတွေ အဖြစ်နည်းအောင် နေနိုင်တဲ့သူရဲ့စိတ်ဟာ ကြည်လင်
အေးချမ်းမှူ ပိုမိုရှိတယ်။ ကြည်လင်အေးချမ်းတဲ့စိတ်နဲ့ ကိုယ့်ရည်မှန်းချက်ပန်းတိုင်ကို
ဖြောင့်ဖြောင့် သွားလို့ရတယ်။
သတိနဲ့နေတဲ့အလေ့အကျင့်ကို စွဲစွဲမြဲမြဲ နေ့စဉ် တစ်နေ့လုံး သတိရတိုင်း
လေ့ကျင့်လာတဲ့သူဟာ တဖြည်းဖြည်းနဲ့ မြင်ရတဲ့အခါမှာဖြစ်လာတဲ့ အတွေးအမျိုးမျိုး၊
စားသောက်ရတဲ့အခါ ဖြစ်လာတဲ့ အတွေးအမျိုးမျိုး၊ ခံစားမှူအမျိုးမျိုးနဲ့မြင်တာ ကြားတာ
အပေါ်မှာ သဘောထားအမျိုးမျိုး ဖြစ်နေတာကို ပိုပြီး အသေးစိတ် မြင်လာတယ်၊ သိလာ
တယ်။ လိုချင်နေတဲ့ စိတ်အမျိုးမျိုး၊ လိုချင်တာ မရမှာ စိုးရိမ်တဲ့ စိတ်အမျိုးမျိုး၊ လိုချင်တာ
ရတဲ့အခါ ဖြစ်တဲ့ပျော်ရွှင်မှူ၊ ကျေနပ်မှူ မာန စတဲ့ စိတ်ရဲ့သဘာဝတွေကိုလည်း ပိုသိလာ
တယ်။ အဲဒီအခါမှာ ဖြစ်သမျှကိုဘေးကနေ ပွဲကြည့်ပရိသတ်လို သဘောမျိုးနဲ့ အေးအေး
ဆေးဆေး ကြည့်နိုင်တယ်။
အဲဒီလို ပွဲကြည့်ပရိသတ်လို ဘာမှ ၀င်မစွက်ဘဲ အေးအေးဆေးဆေး ကြည်နိုင်တဲ့ အရည်အချင်းဟာ အင်မတန် အရေးကြီးတဲ့ တန်ဖိုးရှိတဲ့ အရည်အချင်းဖြစ်
တယ်။ အဲဒီလို ကြည့်နိုင်လေလေ အမြင်ရှင်းလေလေပဲ။ အမြင်ရှင်းလေလေ အသိဥာဏ်
အဆင့်အတန်း မြင့်မားလေလေ စိတ်မှာလွတ်လပ်မှူ ပိုရှိလေလေ ဖြစ်မယ်။
ကိုယ့်စိတ်ထားတွေကို ပိုပြီးတော့ တည်ငြိမ်အောင်၊ အေးချမ်းအောင်၊
ချမ်းသာအောင်၊ တကယ် အဆင့်အတန်းမြင့်တဲ့ အသိဥာဏ်တွေ၊ စိတ်ထားတွေရအောင်
လုပ်ချင်တယ်ဆိုရင် သတိနဲ့နေတဲ့အကျင့်ကို လုပ်မှဖြစ်မယ်။ အဲဒီလို သတိနဲ့နေတဲ့
အကျင့်ကို လုပ်လေလေ ကိုယ့်ရဲ့Philoaophy of life ဘ၀အမြင်၊ ကိုယ့်ရဲ့ခံယူချက်၊ ကိုယ့်ရဲ့သဘောထားတွေက ပိုပြီးတော့ပီပြင်လေ ဖြစ်လာတယ်။ ငါ ဘာအတွက် အသက်ရှင်နေတာလဲ ဆိုတာ ပိုပြီးတော့ ရှင်းရှင်းလင်းလင်း သိလာတယ်။ ငါ ဘာအတွက် အသက်ရှင်နေတာလဲဆိုတာကို သေသေချာချာသိအောင် လုပ်သင့်ပါတယ်။
*****************************
No comments:
Post a Comment