Monday, October 1, 2012

" အမှုမဲ့ မနေသင့် "


" စိတ်ရှုပ်လွယ်သူများသည်
သူဖြစ်ချင်သလို ဖြစ်နေပါစေဟု
အမှုမဲ့ မနေသင့်ပေ။

စိတ်ရှင်းရှင်း ထား နေနည်းကို
လေ့ကျင့် ယူထားရမည်။ စိတ်ထား
ကင်းရှင်းစွာ နေတတ်သူ၌
အလုပ်ကိစ္စတွေ ရာ,ထောင်ချီ၍
ရှုပ်နေပါစေ၊ စကား ကြောင်းရာတွေ
ရာ,ထောင်ချီ၍ ကြားရပါစေ၊
စိတ်ရှုပ်လိမ့်မည် မဟုတ်ချေ။
ဘယ်အလုပ် တာဝန်ကို
ဘယ်လို လုပ်ရမှာပဲ၊
ဘယ်စကားအထာကို ဆိုလိုတာပါဟု
စိတ်တွင် သန့်ရှင်းစွာ မြင်နေပေလိမ့်မည်။ "

- တောင်တန်းသာသနာပြု ဆရာတော်ကြီး ဦးဥတ္တမသာရ

No comments:

Post a Comment