Monday, October 1, 2012

ရန်သူစစ်...

" ဓားနှင့်လာသော ရန်သူထက် စကားနှင့်လာသော
ရန်သူက ပိုကြောက်စရာကောင်းကြောင်း သတိမူသင့်၏။


- စကားနှင့်လာသော ရန်သူထက် အကြွားနှင့်လာသော
ရန်သူက ပိုကြောက်စရာကောင်း၏။

- အကြွားနှင့်လာသောရန်သူထက် အမှားနှင့်ဝင်လာသော
ရန်သူက ပို၍ပို၍ကြောက်စရာကောင်း၏။

- ပြင်ပမှလာသောရန်သူထက် ကိုယ်တွင်းမှဖြစ်သော
ရန်သူကသာ၍ ကြောက်စရာကောင်းတော့၏။

- ကိုယ်မှဖြစ်သောရန်သူထက် စိတ်တွင်းမှဖြစ်ပေါ်လာသော
ရန်သူကား ကြောက်စရာအကောင်းဆုံး ဖြစ်ပေသည်။

စိတ်တွင်းဖြစ်ရန်သူသည် မိမိသွားရာ အမြဲပါပြီး မမြင်သာ
လွန်း၍ ရှောင်တိမ်းရကောင်းမှန်းပင် မသိသောကြောင့်တည်း။ "

- မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး

No comments:

Post a Comment