Tuesday, October 2, 2012

သူတော်ကောင်းလက္ခဏာ

သူတော်ကောင်းလက္ခဏာ
သူတော်လက္ခဏာ ၊ ဆယ့်နှစ်ဖြာကား…
စိတ်ထားရှည်စွာ ၊ မဝါကြွားခြင်း
မပြင်းဒေါသ ၊ မာနမထူး
ကျေးဇူးသိမြင်၊ ဂုဏ်လျှင်မပြိုင်
ပြည့်လှိုင်တင့်နိုး ၊ ကိုယ်ကျိုးကိုသာ
မရှာပေလစ်၊ သူ့အပြစ်ကို
မှတ်ဆစ်မထား ၊သူတစ်ပါးကို
စကားပြစ်တင် ၊ မဆိုချင်ရှောင်း
မကောင်းမှု၌ ၊ မကြိုက်မရွှင်
ကောင်းမှုမြင်သော်၊ ကြည်လင်ဝမ်းသာ
သည်းခံမှာလည်း ၊ များစွာရှိသော်
လူသူတော်ဟု ၊ အံ့သြော်သိမြင်
မှတ်တုံကျင့်လော။
(လောကနီတိပျို့)

No comments:

Post a Comment