Monday, October 1, 2012

" ကိုယ်ကျင့်သီလစောင့်ထိန်းခြင်း အကျိုး ၅-ပါး "

၁ - အများ၏ ယုံကြည်မှုကိုရကာ စီးပွားလုပ်ကိုင်ရာ၌
အဆင်ပြေချောမွေ့သဖြင့် ကြီးပွားတိုးတက်ခြင်း၊


၂ - နာမည်ကောင်းသတင်း ကျော်ကြားထင်ရှားခြင်း၊

၃ - လူထု၊ ပရိသတ်ရှေ့၌ မကြောက်မရွံ့တင့်တယ်
ရဲရင့်စွာနေနိုင်ခြင်း၊

၎ - တွေဝေမေ့လျော့မှုမရှိ မြဲမြံသောသတိတရားဖြင့် ဘ၀ကိုအဆုံးသတ်နိုင်ခြင်း၊

၅ - တမလွန်၌ ကောင်းမြတ်သော ဘ၀အဆင့်အတန်း
(လူ့ဘ၀၊ နတ်ဘ၀)ကို ပိုင်ဆိုင်ရရှိခြင်း။

" ဗုဒ္ဓ၏ အဆုံးအမကို နာယူလိုက်နာကြသော ဗုဒ္ဓဘာသာဝင်
စစ်စစ် ဥပါသကာ၊ ဥပါသိကာမတို့သည် ကိုယ်ကျင့်တရား
(သီလ )ကို ဖောက်ပြန်ပျက်စီးမှုမရှိအောင် အထူးလေးစား
တန်ဖိုးထားကာ စောင့်ရှောက်ထိန်းသိမ်းကြသည်။ "

No comments:

Post a Comment