ဤပုံလေးများအားကြည့်ခြင်းအားဖြင့် ကျွန်တော့်စိတ်ထဲ အတတ်ပညာများစွာ၊
အသိပညာ၊ အဆိုးအကောင်း အကျိုးအကြောင်းဆင်ခြင်နိုင်စွမ်းရှိတဲ့ လူ ဆိုတဲ့ အရာကို တစ်မျိုးစဉ်းစားမိလာတယ်။တိရိစ္ဆာန်လေးတွေမှာတောင် အမျိုးခြင်း၊ သဘာဝခြင်းမတူညီ၊
လုံးဝခြားနားနေတဲ့ အကောင်လေးတွေကြားမှာတောင် ဒီလို မေတ္တာလေးတွေနဲ့
အမျိုးမတူပေမယ့် အတူနေနိုင်၊ တစ်ဦးကိုတစ်ဦး စေတနာရှေးထားပြီး
နေနိုင်သွားလာနေကြသေးတယ်။

ဒါပေမယ့် ကျွန်တော်တို့ လက်ရှိကမ္ဘာကြီးမှာ ဘာတွေဖြစ်နေသလဲဆိုတော့
တစ်ဦးကိုတစ်ဦး သတ်နေကြတယ်။ သူက ဘယ်ဘာသာကို ကိုးကွယ်တယ်။
ငါက ဘယ်ဘာသာကို ကိုးကွယ်တယ်။ သူနဲ့ငါနဲ့က လူမျိုး မတူဘူး။ ဒါကြောင့်
သူတို့တတွေကို ငါတို့ အနိုင်ယူမယ်၊ သတ်မယ်။ ဒီလိုတွေ ဖြစ်နေကြတယ်လေ။
ကမ္ဘာကြီးမှာ ငါ.. ငါ့လူမျိုး၊ ငါ့ဘာသာ၊ ငါ့နေရာ၊ ငါ.. ငါ..ငါ ဆိုတဲ့ အရာတွေ စိုးမိုးနေပြီး အတ္တတွေကို ရှေ့တန်းတင်နေကာတစ်ဦးကို တစ်ဦးရန်ပြု၊ ရန်ကို ရန်ခြင်း တုန့်ပြန်နေကြ
တယ်လေ။

တကယ်တော့ ခုလို လောကပါလတရား၊ အကောင်းအဆိုး၊ အမှန်တရားကိုမှပင်
မသိနားမလည်တဲ့တိရစ္ဆာန်လေးတွေတောင်မှ ခုလို မျိုးမတူ၊ သဘာဝခြင်းမတူညီတဲ့
တူတွေအချင်းချင်း အတူနေနိုင်သွားလာ၊ရင်းနဲ့ တစ်ဦးမေတ္တာ တစ်ဦးမှာရှိနေနိုင်ကြသေးလျှင်..
ကျွန်တော်တို့ " လူ "ဆိုတဲ့ အသိဥာဏ်ရှိ အကျိုးအကြောင်း၊ အဆိုးအကောင်းကို
ဆင်ခြင်တွေးတော ဆုံးဖြတ်နိုင်စွမ်းရှိတဲ့ သူတွေကြားမှာ လူအချင်းချင်း၊ ဘာသာမတူ၊

နိုင်ငံသားမတူသူတွေကြားမှာ မေတ္တာတရားတွေကင်းမဲ့နေပြီး ငါ ဆိုတဲ့ အတ္တတွေ
ရှေ့တန်းတင်ပြီးတော့ စစ်မက်တွေဖြစ်၊ သတ်ဖြတ်နေကြတာတွေတော့ မဖြင့်သင့်တော့ပါဘူးလို့

ကျွန်တော် ရိုးရှင်းစွာ ထင်မြင်မိပါတယ် ခင်ဗျား။
ဘယ်လို ဘာသာကို ကိုးကွယ်၊ ကိုးကွယ် ၊ ဘယ်လိုလူမျိုးတွေကွဲပါစေ၊
မတူတာတွေ ဘေးဖယ်၊ တူညီတာတွေစုပြီးတော့ အတူလက်တွဲကာ တစ်ဦးမေတ္တာ၊
တစ်ဦးမှာဆိုတဲ့ စကားလေးအတိုင်း လက်တဲ့နိုင်ကြလျှင်တော့ကျွန်တော်တို့
သတ္တလောကကြီးမှာ စစ်မက်တွေဖြစ်ပွားစရာအကြောင်း လုံးဝမရှိုနိုင်တော့ပါလေ....

လူသားတိုင်း တစ်ဦးမေတ္တာ တစ်ဦးရှေ့တန်းတင်နိုင်ကြကာ စေတနာရွှင်လန်း
သူ့အကျိုး ကိုယ်အကျိုးကို လိုလား ကူညီရိုင်းပင်းကြကာ ကိုယ်စိတ်နှစ်ပါး ကျန်းမာ
ချမ်းသာနိုင်ကြပါစေ ခင်ဗျား..

မေတ္တာဖြင့်...
ကိုမျိုး ( မိုးညှင်း )
ကိုမျိုး ( မိုးညှင်း )
No comments:
Post a Comment