သာသနာမှာ နေအသွင်၊ လအသွင် ထင်ကြားကျော်ကြားခဲ့တဲ့ ကျေးဇူးရှင်
တောင်မြို့ မဟာဂန္ဒာရုံ ဆရာတော်ကြီးဟာ သူ၏ သာသနကြွေးကြော်သံ ကဗျာတစ်ပုဒ်ကို
ဤသို့ စပ်ဆိုခဲ့ပေသည်။
"ကိုယ်တည်း တစ်ယောက်၊ ချမ်းသာ ရောက်ဖို့..
ခုလောက် ကြိုးကုတ် အားမထုတ်ဘူး။
ဗုဒ္ဒမြတ်စွာ သာသနာ၏..
ရှေးခါ ဘိုးဘ၊ လက်ထက်ကပင်၊
ရသည် တန်းဖိုး၊ ထပ်မညိုးဖို့၊
အားကျိုးမာန်တက်၊ ငါ ဆောင်ရွက်သည်၊
ဆက်လက် တည်တံ့ပါစေသော်။" ဟူ၍ ဖြစ်ပေသည်။
ဆရာတော် ဘုရားကြီးကား သာသနာတော် တည်တံ့ခိုင်မြဲအောင် ဇွဲ၊ လုံ့လ၊ ၀ီရိယများစွာနှင့် တပည့်၊ ရဟန်း၊ ဒကာ၊ဒကာမ အပေါင်းများစွာတို့ အားဆုံးမ သြ၀ါဒများ မိန့်ကြားခဲ့လေသည်.
ဆရာတော်ဘုရားကြီးသည် ပညာရှိပီပီ ဗုဒ္ဒသာသနာတော်မြတ်ကြီးကို ၀င်ရောက်နှောင့်ယှက်ဖျက်ဆီးမယ့် အတွင်းပိုး၊ အပြင်ပိုးများကိုလည်း မြင်တော်မူပါသည်။ သို့ကြောင့် တပည့်သံဃာများကို ခုလို သြ၀ါဒလေး ပေးခဲ့ဖူးသည်ကို မှတ်သားဘူးပါသည်။
" ကိုယ်တော်တို့ သင်္ကန်းခေါင်းမြီးခြုံပြီး အိပ်ကောင်းတုန်း လုပ်မနေကြနဲ့။ ဗုဒ္ဒသာသနာတော်ကို ဖျက်ဆီးဖို့ အတွင်းပိုး၊ အပြင်ပိုး တွေရှိနေတယ်။ အသိဥာဏ်မကြွယ်ဝသေးတဲ့ အမျိုးသမီးလေးတွေနဲ့ တက်သစ်စ လူငယ် လူရွယ်တွေကို စည်းရုံးပြီး ခြေကုတ်ယူနေကြတယ်။ ဒါတွေကို ကိုယ်တော်တို့ ရိပ်မိကြမှာ မဟုတ်ဘူး။ တပည့်တော်ကတော့ ဒီအကြောင်းတွေ စဉ်းစားမိတိုင်း
သာသနာနောင်ရေးကို ရင်လေမိတယ်။ ကိုယ်တော်တို့လည်း အလကားမနေကြနဲ့။ နောက်ကြကျန်နေလိမ့်မယ်။ တက်သစ်စ လူငယ် လူရွယ်တွေကို ဘာသာရေးစိတ်ဓါတ်၊ အမျိုးသားရေး စိတ်ဓါတ် အသိအမြင်ကြွယ်ဝလာအောင် ဆုံးမသွန်သင်ကြ၊ ဒါလည်း သာသနာပြုတာပါပဲ " ဆိုပြီး မိန့်ကြားတော်မူခဲ့ပါသည်။
ဆရာတော် မိန့်ကြားတော်မူသည့်အထဲတွင် " အမျိုးသမီးများကို ဘာသာရေး အသိစိတ်ဓာတ်၊ အမျိုးသားရေး စိတ်ဓာတ်တွေ အသိအမြင်ကြွယ်ဝလာအောင် သွန်သင်ဆုံးမကြ " ဟူ၍ပါရှိပါသည်။ ဗုဒ္ဒဘာသာဝင် အမျိုးသမီးတွေဟာ သာသနာတော်ကို အရှည်တည်တံ့ခိုင်မြဲအောင် လုပ်တဲ့နေရာမှာ သူတို့လည်း အရေးအကြီးဆုံးနေရာမှ ပါဝင်နေပါတယ်။
ဘာလို့ အရေးအကြီးဆုံးက ပါဝင်နေသလဲဆိုရင်ဖြင့် သာသနာ့ သာဝန်ကို ဆက်လက်သယ်ပိုးကြမယ့် မျိုးဆက်သစ် ရင်သွေးငယ်များကို
အမျိုးသမီးများတွေကပဲ မွေးထုပ်ပေးနိုင်ကြလို့ပါပဲ။ တကယ်လို့များ ဗုဒ္ဒဘာသာဝင် အမျိုးသမီးငယ်တစ်ယောက်ဟာ အမျိုးသားရေး၊ ဘာသာရေး စိတ်ဓါတ် နည်းပါမယ်ဆိုရင် အမျိုးကို ချစ်တဲ့စိတ်၊ ဘာသာကို တန်ဖိုးထားရမယ့်စိတ်တွေ မရှိတော့ပါဘူး။
အဲဒီမှာ တစ်ခြားလူမျိုး တစ်ခြားဘာသာတွေရဲ့ စည်းရုံးသွေးဆောင်မှူနောက်ကို ပါသွားပြီး တစ်ခြား လူမျိုး ဘာသာခြားတစ်ယောက်ကို ယူလိုက်မယ်ဆိုရင် အဲဒီမိန်းကလေးက မွေးဖွားလာမယ့် ကလေးတွေဟာ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ ဖြစ်မလာပဲ တစ်ခြားလူမျိုး တစ်ခြား ဘာသာ ဖြစ်သွားနိုင်ပါတယ်။ ဒီလို အရေးကြီးလှတဲ့ ပျော့ကွက် ဟာကွက်တွေကို ကြည့်ပြီး ဆရာတော်ဘုရားကြီးက အမျိုးသမီးတွေကို အမျိုးသားရေး၊ ဘာသာရေးစိတ်ဓါတ် အသိအမြင်တွေကြွယ်ဝလာအောင် ဆုံးမကြလို့ မိန့်တော်မူခဲ့တာ ဖြစ်ပါတယ်။
ဆရာတော်ကြီး မိန့်ကြားခဲ့တဲ့ အတိုင်းပဲ အခုခေတ် မြန်မာမိန်းမပျိုလေးတွေဟာ နေရာတိုင်းမှာလိုလို လူမျိုးခြား၊ ဘာသာခြားတွေနဲ့ မရှက်မကြောက် မျက်နှာပြောင်တိုက်ပြီး တွဲသွားတွဲလာ လုပ်နေကြပါသည်။ တစ်ချို့မိဘတွေကလည်း မသိလိုက် မသိဖာသာ နေတတ်ကြသလို၊ အသိနောက်ကျတဲ့ မိဘတွေကျတော့ တားလို့မနိုင် ဆီးလို့မရ ဖြစ်ရပြန်တယ်။ ဒါဟာ ဘာလည်းလို့ဆိုရင် လူမျိုးအတွက် ဘာသာအတွက် ကြီးမားတဲ့ ဆုံးရှူံးမှူကြီးတစ်ခုတာ ဖြစ်ပါသည်။
ဒီနေရာမှာ မိဘတွေကို ပြောချင်တဲ့ စကားလေး တစ်ခုကတော့ လူမျိုးရေးကို စောင့်ရှောက်ဖို့၊ ဘာသာရေးကို ကာကွယ်ဖို့ဆိုတာ"ခလုတ်ထိမှ အမိတ" ပုံစံမျိုး။ "ကျောချမှ ဓမြမှန်း သိရ " ဆိုတဲ့ ပုံစံမျိုးတွေ ဖြစ်မနေရပါဘူး။ နောက်ပြီး ကိုယ့်ကို အန္တရာယ် ပေးလာမယ့် ရန်သူကိုလည်း အထင်မသေးရဘူး။ ရန်သူကို အထင်သေးရင် ကိုယ်ပဲ ရတက်မအေး ဖြစ်ရတတ်ပါတယ်။
အဲဒါကြောင့် မိဘတွေ အနေနဲ့ မိမိတို့ရဲ့ ရင်သွေး သမီးငယ်၊ သားငယ်တွေကို အမျိုး၊ ဘာသာ၊ သာသနာ့မာန်တွေကို သိနားလည် အောင်လေ့ကျင့်ပြုစု ပျိုးထောင်ပေးထားသင့်လှပေသည်။ မိမိတို့ မြန်မာမိန်းကလေး များအနေနှင့်လည်း ခေတ်ပညာကို တစ်ဘက်ကမ်းခတ် အောင် တတ်နေပါစေ။ ဘာသာရေး အသိ၊ အမျိုးသားရေး အသိများရှိကြဖို့ များစွာလိုအပ်လှပေသည်။ သည်ခေတ်ဒီအခါ စားဝတ်နေရေး
ခက်ခဲလှသည်မှာ အမှန်ပင်ဖြစ်သော်လည်းပဲ မိမိတင်မက အများသူငှာ လိုလိုပင် ကြုံတွေ့နေကြရသည်ပင်။ သို့ကြောင့် လမ်းလွဲသို့ လိုက်ပြီး စီးပွားရေး၊ လူမှူရေး သော်လည်းကောင်း ဆွဲဆောင်ရာနောက်သို့ ကောက်ကောက်ပါမသွားကြစေရန် မြန်မာလူမျိုးများ အထူးသဖြင့် မြန်မာ မိန်းမပျိုလေးများ အထူးပင် သတိပေးပန်ကြားလိုပါသည်။ မြေမျိုလို့ လူမျိုးမပြုတ်၊ လူကိုလူချင်းမျိုပါမှ လူမျိုးတွင်မက
ဘာသာ၊ သာသနာပါ ကွယ်ပျောက်ပျက်ရကိန်းဆိုက်ပေတော့မည်ပင်။
ဆရာတော်ကြီး မိန့်ကြားခဲ့သလိုပင် ခေတ်အဆက်ဆက်က မိမိတို့ ဘိုးဘွားဘီဘင် လက်ထက်မှ ထိန်းသိမ်း၊ ကာကွယ်၊ စောင့်ရှောက်လာခဲ့သော မိမိတို့ မြန်မာလူမျိုး၊ ဘာသာ၊ သာသနာ၊ ဓလေ့ ထုံးလမ်းအစဉ်အလာများမှာ ယနေ့ မိမိတို့ မျိုးဆက်သို့ ရောက်သောအခါမှသာ အုပ်ရောရော၊ ကျောက်ရောရော အဖြစ်သို့ ရောက်ရှိသွားရန်မသင့်သော်၊ မဖြစ်သင့်လှပါချေ။ မိမိတို့ အမျိုး၊ ဘာသာ၊ သာသနာကို အထူးသဖြင့် မြန်မာ အမျိုးသမီးလေးများ၏ နောင်မွေးဖွားလာကြမည့် ရင်သွေးငယ်များမှသည် အနာဂတ် သာသနာကို ငှင်းတို့ကသာလျှင် ဆက်လက်ထိန်းသိမ်းသွားကြရပေမည်။ သို့ကြောင့် မိမိတို့ ဘ၀၊ ဓလေ့၊ ဘာသာ သသနာကို တတ်နိုင်သမျှ ထိန်းသိမ်းစောင့်ရှောက်ကြစေလိုပါသည်။ မိမိတို့ မြန်မာ မိန်းမပျိုလေးများသည် မိမိတို့နှင့် လူမျိုး၊ ဘာသာတူ အမျိုးသားများ နှင့် လက်ထပ်ထိမ်မြားခြင်းအားဖြင့် ဘာသာ သသနာကို ထိန်းသိမ်းစောင့်ရှောက်ခြင်းမည်ပေသည်။ တစ်နည်းအားဖြင့် ( စာရေးသူအမြင်ကိုပြောရလျင်ဖြင့်) ဘာသာ သသနာကို စောင့်ရှောက်ခြင်းအပြင် သာသနာပြုရာပင်မြှောက်သည်ဟူ၍သာ ပြောလိုက်ချင်ပါတော့သည်။ မြန်မာ အမျိုးသမီးများနှင့် အမျိုးသားများသို့ အထူးပင်ပန်ကြားလိုပါသည်..။
အမြင်ရှိကြပါ။ ဗဟုသုတရှိကြစေလိုပါသည်။ ဘာသာရေး၊ အမျိုးသားရေး စိတ်ဓါတ်များ နိုးကြားကြစေလိုပါသည်။ ( အမျိုးသားရေးစိတ်ဓါတ်ဟု ဆိုရာ၌ သူတစ်ပါးကို တိုက်မှခိုက်မှ ..ဟူ၍ မဆိုလိုပါ)။ မိမိတို့ အမျိုး၊ ဘာသာ၊ သာသနာကို စောင့်ရှောက်ကြရန်သာ လုံ့ဆော်လိုက်ရခြင်းပင်။
မြန်မာပြည်တွင် မြန်မာလူမျိုး၊ ဘာသာ၊ သသနာ အရှည်တည်တံ့ပြီး ဘေးရန်အပေါင်းမှ ကာကွယ်နိုင်ကြပါစေ။

No comments:
Post a Comment