Monday, October 1, 2012

" စိတ်မနိုင်နင်းလျှင် အမှုမတွင်ကျယ် "

" လောက၌ ခြေကိုမနိုင်နင်းသော သူသည်
ခြေဖြင့်ပြု ရသော အမှုကို တွင်ကျယ်အောင် မပြုနိုင်။


လက်ကို မနိုင်နင်းသောသူသည် လက်ဖြင့်ပြုရသော
အမှုကိုတွင်ကျယ်အောင် မပြုနိုင်။

နှုတ်လျှာကို မနိုင်နင်းသောသူသည်
နှုတ်လျှာဖြင့် ပြုရသောအမှုကို တွင်ကျယ်အောင် မပြုနိုင်။

စိတ်ကို မနိုင်နင်းသောသူသည်
စိတ်ဖြင့်ပြုရသော အမှုကို တွင်ကျယ်အောင် မပြုနိုင်။

ဘာဝနာ မနသိကာရမှုမည်သည်
စိတ်ဖြင့်ပြုအပ်သော အမှုသက်သက်ဖြစ်၏။
ထို့ကြောင့် မိမိစိတ်ကို မနိုင်နင်းကြ၊ အစိုးမရကြကုန်သော
ပကတိလူရှင် ပုထုဇဉ်တို့သည်
ဘာဝနာမနသိကာရမှုကို တွင်ကျယ်အောင် မပြုနိုင်ကြ။
အတုအပမျှသာ ပြုနိုင်ကြသည်။ "

                       ကျေးဇူးတော်ရှင် လယ်တီဆရာတော်ဘုရားကြီး

No comments:

Post a Comment