၁ - သူကို့သတ်ဖြတ်၊ သက်တိုတတ်၊ မသတ်အသက်ရှည်။
၂ - ညှဉ်းဆဲသူများ၊ အနာများ၊ သနားကျန်းမာမည်။
၃ - ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံလှပမည်။
၎ - မနာလိုပြန်၊ ခြွေရံကွာ၊ ကြည်သာခြွေရံစည်။
၅ - မပေးလှူက မွဲပြကျ၊ လှူမှ ပေါများမည်။
၆ - မရိုမသေ၊ မျိုးယုတ်ခြေ၊ ရိုသေမျိုးမြတ်မည်။
၇ - မမေးမမြန်း၊ ဥာဏ်မြင်ကန်း၊ စုံစမ်းဥာဏ်ကြီးမည်။
၈ - ဆိုးတာပြုက၊ ဆိုးတာရ၊ ကောင်းမှကောင်းစားမည်။
၉ - ဆိုးကောင်းနှစ်တန်၊ ကံစီမံ ၊ ခံစံကြရမည်။
မဟာစည်ဆရာတော်ကြီး
(စူဠကမ္မ၀ိဘင်္ဂသုတ်)

No comments:
Post a Comment