Monday, October 1, 2012

သင်္ခါရဟူသည်....

" ရုပ်နာမ်ဓမ္မ၊ သင်္ခါရတို့၊
ကိုယ်ကဤပုံ၊ ဖြစ်လိုတုံလည်း၊
တဖုံဆင်ကွဲ၊ သူတနဲဖြင့်၊
ဖောက်လွဲတတ်စွာ၊ ဓမ္မတာကို၊
ပညာစက္ခု၊ မျှော်ထောက်ရှု၍၊

ယခုပင်လျှင်၊ မအိုခင်က၊ ကြိုတင်ကောင်းမှု၊ ကြိုးစားပြုလော့။
ယခုပင်လျှင်၊ မနာခင်က၊ ကြိုတင်ကောင်းမှု၊ ကြိုးစားပြုလော့။
ယခုပင်လျှင်၊ မသေခင်က၊ ကြိုတင်ကောင်းမှု၊ ကြိုးစားပြုလော့။
ရတုချိန်ထောက်၊ ဤခါရောက်မှ၊
ချုပ်ပျောက်ခန္ဓာ၊ သေပိမ့်ငါဟု၊
သတ္တ၀ါခပင်း၊ ရှင်သေမင်းနှင့်၊
မိတ်သင်းဖွဲ့လျက်၊ ချိန်းအချက်လျှင်၊
တစက်ကမှ မရှိကြဘူး။
အပ္ပမာဒေန ဘိက္ခဝေ သမ္ပာဒေထ၊
ဘုရားစကား၊ လိုက်နာပွားသည်၊
တရားလက်မလွတ်ကြစေနဲ့။ "

- ကျေးဇူးတော်ရှင် မင်းကွန်းတိပိဋကဓရ ဆရာတော်ကြီး

No comments:

Post a Comment