Monday, October 1, 2012

ကိုယ်ကျင့်သီလဟူသည်...

" ဘုရား သာသနာတော်ကြီးက လူသားတွေ
အတွက် အင်မတန် ကျေးဇူးများပါတယ်။

ကြည်ညိုရုံနဲ့တောင် ပြောမပြနိုင်တဲ့ ဆုလာဘ်
တွေ ရတယ်။ ဓမ္မိက ဥပါသကာကို ကြည့်ပါလား၊
သီလကို လုံခြုံအောင် နေပြီးတော့ သေခါနီးမှာ..
ဘုရားကြည်ညိုစိတ်နဲ့ သေသွားတော့ တုသိသာ
နတ်ပြည်ကို ရောက်သွားတယ်။ ဘယ်လောက်
ကျေးဇူးများသလဲလို့။

- ဘုရားကိုယ်တော်မြတ်က " အိမ်ရာတည်ထောင်
လူ့ဘောင်မှာ မနေရဘူးလို့ မမိန့်ပါဘူး။ လူဖြစ်ရင်
လူ့သီလ လုံခြုံဖို့တော့ မိန့်တယ်။ ဇနီးမောင်နှံ
ဖြစ်ကြရင် တစ်ဦးအပေါ် တစ်ဦး ခင်ခင်မင်မင်
ကြင်ကြင်နာနာ ရှိကြဖို့၊ မေတ္တာ၊ ကရုဏာနဲ့နေကြဖို့၊
တရားမျှတဖို့ အမိန့်ရှိတယ်။ " အဲသလိုနေသွားကြရင်
ကောင်းရာသုဂတိ ရရှိနိုင်တယ်လို့ သာဓကကို
ပြလိုက်တာပဲ။

- ဒါကြောင့် တို့တစ်တွေ စဉ်းစားထားကြရမှာက
တစ်လောကလုံး ကိုယ်ကျင့်သီလ ပျက်စီးကြပေမယ့်
ငါ့ဘက်ကတော့ မပျက်စေရဘူး၊ မချွတ်ယွင်းစေရဘူး
လို့ဆိုပြီး ထိန်းထားလိုက်ကြစမ်းပါ။ သက်ရှိသက်မဲ့
လောကကြီးအားလုံးဟာ မမြဲကြပါဘူး။ လောကကြီး
တစ်ခုလုံး နောက်ထပ်သာ မမွေးဖွားခဲ့ရင် အနှစ်
(၁၀၀)အတွင်းမှာ အားလုံးဆိတ်သုဉ်းသွားနိုင်တယ်။ "

- ကျေးဇူးရှင် မဟာဂန္ဓာရုံဆရာတော်ကြီး
အရှင်ဇနကာဘိဝံသ

No comments:

Post a Comment